Rating အနေနဲ့ 5.6 သာ ရရှိထားပေမယ့် အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းနောက်ခံ Biography ဇာတ်ကားလေးတစ်ကားညွှန်းချင်ပါတယ် သမိုင်းနောက်ခံကားတွေ အရိုက်များတဲ့ ဒါရိုက်တာ
Susanna White ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီး Sci-fi ကား Interstellar ထဲက မင်းသမီး Jessica Chastain အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့..
နယူးယော့ခ်မြို့ကနေပြီးတော့ ဒါကိုတာမြို့ဆီကိုရောက်ချလာတဲ့ပုံတူပန်းချီဆရာမလေးကတ်သရင်းဝယ်ဒန်
ဒီနယ်မြေမှာအင်ဒီးယန်းတွေရဲ့နယ်မြေကိုအပိုင်သိမ်းဖို့ကြိုးစားနေတဲ့မျက်နှာဖြုလူစုကြားထဲမှာ
ကတ်သရင်းတစ်ယောက်မိန်းမသားဖြစ်တာနဲ့အညီ
ဖိနှိပ်ခံပြောဆိုဆက်ဆံမှုတွေကိုရောက်ရောက်ချင်းမှာပဲ
ကြုံတွေ့ခံစားလိုက်ရပါတော့တယ်
သူ့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့အင်ဒီးယန်းတို့ရဲ့ခေါင်းဆောင်စစ်တင်းဘောလ်ရဲ့ပုံတူကို
ရေးဆွဲခွင့်မရနိုင်တော့တဲ့အပြင် မြို့ကနေပါနှင်ထုတ်နေတာကြောင့်ကြံရာမရဖြစ်နေပါတော့တယ်
ဒီအချိန်မှာ သူ့ရဲ့ရည်ရွယ်ချက်ကိုအောင်မြင်စေမဲ့အကြောင်းတရားတစ်ခုဖန်လာခဲ့ချိန်မှာတော့...
ကတ်သရင်းအတွက်တော့ အင်ဒီးယန်းမျိုးနွယ်စုတွေရဲ့အဖိအနှိပ်ခံ အနိုင်ကျင့်ခံရတဲ့အမှန်တရားတွေကိုသိလာရပြီးတဲ့နောက်မှာတော့ သူတို့နယ်မြေကိုမသိမ်းပိုက်ခံရဖို့ကြိုးစားပေးပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်
၁၉၀၀ပြည့်နှစ်တွေကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
အင်ဒီးယန်းလူမျိုးစုတွေရဲ့ဓလေ့စရိုက်တွေကိုပါ ထည့်သွင်းရိုက်ကူးထားပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
သတိပေးလိုတာကတော့ ဒီလိုကားမျိုးဟာ ကြည့်လေ့ကြည့်ထမရှိရင် မကြည့်တတ်ရင် အရမ်းပျင်းဖို့ကောင်းပါတယ်။ အဲ့ဒါကြောင့် မိမိဟာ စိတ်အပန်းပြေရုံသပ်သပ် အက်ရှင်ကားတွေ နည်းနည်းမြူးတဲ့ကားမျိုးကြိုက်သူတွေဆို ဒီကားကို မကြည့်ပါနဲ့ ဒီကားဟာ စိတ်အပန်းပြေဖို့ထက် စိတ်ကို ပိုမိုပင်ပန်း မွန်းကြပ်သွားစေမယ့်ကားမျိုး ဖြစ်နေလို့ပါ
Myo Khant
MSU-063
Photo Credit: https://www.imdb.com/title/tt5436228/mediaviewer/rm3842723584