အမှန်က လင်ရယ်မယားရယ်လို့ ဖြစ်လာရင် နှစ်ဖက်ဆွေမျိုးအသိုင်းအဝိုင်းနဲ့ လိုအပ်တာထက်ပိုပြီးမပတ်သက်သင့်ဘူး။သူလင်သူမယား အဆင်ပြေနေပေမယ့် ယောက်ျားဆွေမျိုးတွေကအလည်လာရင် ဟင် ငါ့တူ/ငါ့မောင်/ငါ့အကို က သူ့မိန်းမထမီတောင်လျှော်ပေးနေရတာ သနားလိုက်တာ ဒီကောင်မတော့ ငါတို့ပညာပေးရတော့မယ်ဘာညာဖြစ်ပြီး လင်မယားကြားစကားတွေနဲ့ ညှောင့်တော့တာပဲ။ နောက် မိန်းမဆွေမျိုးတွေအိမ်လာရင်လည်း ဟင် ငါ့တူမ/ငါ့ညီမကို ဒီကောင်က ခိုင်းလိုက်တာမှအရမ်း ။ ဘာမှမလုပ်ဘဲအခန့်သင့်ထိုင်စားနေတာ လူပါးဝလိုက်တာ ငါတို့တော့ငါ့တူမကို ဘယ်လိုလင်နိုင်နည်းတွေသင်ပေးအုံးမှဆိုပြီး လင်ကြား မယားကြား စကားတွေညှောင့်ကြတယ်။ အဲ့တော့ဘာဖြစ်လဲ နဂိုကသူ့ဘာသာသူသာယာနေတဲ့ အိမ်ထောင်ရေးဟာ ဆွေမျိုးတွေကြောင့်အဆင်မပြေ မကြည်မလင်နဲ့ ဒုက္ခရောက်ရရော။ နဂိုကတည်းက သိပ်အဆင်မပြေတဲ့အိမ်ထောင်ရေးတွေဆိုရင် အဲ့လိုဆွေမျိုးတွေရဲ့ မဆင်မခြင်စကားတွေကြောင့် ပြိုကွဲရရော။ ဘယ်သူနစ်နာပြီး ဘယ်သူအမြတ်ထွက်လဲ။ စဉ်းစားပေါ့။
တကယ်က လင်ရယ်မယားရယ်လို့ဖြစ်သွားပြီဆိုရင် မိဘသည်ပင်လျင်အပြင်လူဖြစ်သွားပြီ။ ဆွေမျိုးညီအကိုမောင်နှမဆို ဘာမှကိုမဆိုင်လောက်အောင်ပဲ။ ဆိုလိုတာက သူများလင်မယားကြား ဘာမှဝင်မစွက်ဖက်သင့်ဘူး။ တကယ်လို့ သိပ်ဆိုးဆိုးရွားရွား အိမ်ထောင်ရေးပြိုကွဲနိုင်လောက်တဲ့ပြဿနာဖြစ်နေတယ်ဆိုရင်တော့ ဝိုင်းဝန်းဖြေရှင်းပေးကြပေါ့။ ဘာမှဟုတ်တဲ့ အလှကြိုက်တာ ထမင်းချက်ရင်ကြာတာ အိပ်ယာမသိမ်းတာ မနက်စောစောမထတာ မုန့်ဟင်းခါးစားရင် ဘူးသီးကြော် ပဲကြော် အိုးဘဲဥ ငါးဖယ်အကုန်ထည့်စားတာ အကျီ င်္ဘယ်နှစ်ထည်ဝယ်တာ ချုပ်တာ ဘီယာသောက်တာ သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်တာ ဆေးလိပ်သောက်တာ ကွမ်းစားတာ အောကားတွေကြည့်တာ စသဖြင့် ဘာမှမဟုတ်တဲ့ပြဿနာလေးတွေကို သူလင်သူမယားအဆင်ပြေနေပေမယ့် ဘေးတီးတွေက ချဲ့ကြတာချဲ့ကြတာ လင်မယားကွဲမတတ်ကွာမတတ်။ ပြောလိုက်ရင်စေတနာပါ မေတ္တာပါနဲ့။ လင်မယားတွေကွဲရင် အဲ့ဆွေမျိုးတွေအိမ်ထမင်းဘယ်နှရက်တက်စားလို့ရမလဲ။ ဘာတာဝန်ယူမှုမှမပေးနိုင်ဘဲ သူများလင်မယားတွေပြဿနာတက်ရင် အလိုလိုပျော်နေတတ်တဲ့ စောင်ကျက်သတုံးတွေဆိုတာ အုပ်စာဖွဲ့ပြီးကိုရှိတတ်ကြတယ်။ ရွံစရာကောင်းတယ်။
သူများအကြောင်းရေးတာနော်။ ကိုယ်တွေကသာယာလိုက်သမှ တိန်တိန်မြည်ပဲ။ ကိုယ်တွေနှစ်ဖက်အသိုင်းအဝိုင်းက ကိုယ်တွေကိုဘယ်တော့မှဝင်မစွက်ဖက်ဘူး။ စွက်ဖက်စရာလည်းမလိုဘူး။ သိပ်ချစ်ကြလို့ မျက်လုံးတဖက်နဲ့တောင်ကြည့်မရဘူး : :D :D ဘေးမဲ့ပေးထားတာ :D
စုမွန်သွယ် msu 057