ဘယ်အရပ်ရောက်ရောက် တောသားဟာတောသားပဲ။ တောသားဆိုတာလေ သူများဒေသရောက်လည်း တောကျင့်တောကြံတွေကို မဖျောက်ပဲ လူလည်လိုလို ဂျင်လိုလိုလုပ်ပြီး ငါကွလို့အော်နေသူတွေကို ခေါ်တာ။ ဒီကတချို့ဈေးဆိုင်လေးတွေရဲ့အများသုံးအိမ်သာထဲမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းလေးတွေကို ပါကင်လိုက်ထည့်ထားပေးတယ်။ အရေးပေါ်အကြောင်းတိုက်ဆိုင်တဲ့ အမျိုးသမီးတွေအတွက် ချက်ချင်းဖြေရှင်းနိုင်အောင် ကူညီပေးတာထင်ပါရဲ့။ အဲ့ဒါကိုတောသူတွေကလေ အိမ်သာထဲဝင်ပြီး ပြန်ထွက်လာရင် အဲ့အထုပ်သုံးလေးထုပ်ကိုင်ပြီး ထွက်လာတာ။ ဟယ် ကိုယ့်မှာပါးစပ်အဟာင်းသား။ ဘယ့်နှယ့် အရေးပေါ်ဖြစ်ရင်အကူအညီပေးတဲ့ပစ္စည်းကို ပြန်ရောင်းဖို့များသယ်သလား မသိ။ ခပ်တည်တည်ပဲတော့။ သွေးဆုံးတော့မှာမို့ တနေ့တည်း သုံးလေးခုသုံးရလို့များလားပေါ့။ အဲ့လိုအဲ့လို ။
နောက်ရှိသေးတယ်။ မားကတ်တွေထဲမှာလေ တောသားတောသူတွေဈေးဝယ်ရင် လူလည်ကြီးသားသမီးသိပ်လုပ်တာ။ ဂျယ်လီသကြားလုံးတို့ ကွတ်ကီးတို့လို အထုပ်ကြီးတွေဆိုရင် မသိမသာဖောက်စားသွားကြတာ။ ထင်တာကတော့ တခုတလေမြည်းပြီး မကြိုက်လို့ပြန်ထားခဲ့ပုံပဲ။ ကြိုက်ရင်တော့ ပါကင်လိုက်ယူမယ်ထင်တယ်။ ဒါပေမယ့်လေ ဘာပဲဖြစ်ဖြစ်ပေါ့ ပါကင်လိုက်ရောင်းတာတွေကို တလုံးဖောက်စား တထုပ်ဖောက်စားနဲ့။ ဆိုင်မှာက cctv ရှိတယ်ဆိုပေမယ့် ငွေရှင်းကောင်တာမှာ လူကျနေချိန်ဆို ပိုင်ရှင်ကဘယ်ကြည့်နေနိုင်မလဲ။ အဲ့အချိန်ကိုပဲရွေးလုပ်တာ။ အံ့ရောအံ့ရော။ တခါတလေ သကြားလုံးလေးငါးလုံးမက နှိုက်သွားကြတာ။ အထုပ်လိုက်ကြီးဆို လူမြင်မှာစိုးလို့မယူတာဖြစ်မယ်။ ကိုယ့်မှာသာမျက်နှာတွေပူ။ ပူဆိုသူတို့ကမြန်မာစကားတွေပြောနေကြတာကိုး။ ဖမ်းမိလို့ကတော့ တကယ်မလွယ်။
အဲ့လိုတွေ အဲ့လိုတွေ မြင်ရတွေ့ရတာတွေပြောပါတယ်။
ဒီကြားထဲ တောအကျဆုံးမြန်မာစကားပြောတဲ့တောသားတယောက်က ကိုယ့်သမီးလေးကိုမြင်ပြီး ယောက္ခမတော်မလားဆိုပြီးပြောတယ်။ သူ့မှာသားချည်းပဲ ရှစ်ယောက်ဆိုလားမွေးထားတ
်တဲ့။ ကဲ ဒီအရွယ်ကလေးလေးကို မဦးမချွတ် ပြောတာကြည့်အုံး။ ဒီလိုနေရာ ဒီလိုအရပ်မှာနေပြီး အရိပ်သုံးပါးနားမလည်တဲ့လူရိုင်းတွေ။ ပြောလိုက်ရင် ငါတို့အမေလိကန်မှာက ငါတို့အမေလိကန်ကြီးကနဲ့။ လုပ်လိုက်ရင်စောင်တလွဲတောအထာနဲ့ ယဉ်ကျေးမှုမရှိတဲ့ ဟိမဝန္တာက မျောက်ရိုင်းတွေလိုပဲ။ မြင်ရတွေ့ရကြားရ ဒေါသတွေလည်းဖြစ်ရပါတယ်။ ဘယ်သူတွေလည်းမမေးနဲ့ ရွှေချည်းပဲ။
စုမွန်သွယ် msu 057