ချစ်ရတဲ့သူအကြောင်း
=×=×=×=×=×=×=×=×=×=
တခါတခါ ကလေးဆန်တယ်
တခါတခါ လူကြီးဆန်တယ်
တခါတခါ သဘောထားပြည့်ဝတယ်
တခါတခါ စိတ်ကောက်တက်တယ်
တခါတခါ ဒေါသအရမ်းကြီးတယ်
ထို့ထက်..
အေးဆေးတည်ငြိမ်စွာနေတဲ့
သူ့ဟန်ပန်လေးကို..
စွဲလန်းစွာ ကျနော်.. ယစ်မူးသည်
ကြည်လင်တဲ့ သူ့အသံလေးကို
အငန်းမရ တောင်းတ သည်
မိန်းကလေးများ အလှကိုယ်စီရှိသော်လည်း
သူ့ကိုမှ အလှဆုံးမိန်းကလေး..ဟုထင်သည်
သူ့ကို ကျနော် မခွဲနိုင်
ခွါလဲ မခွါရက်
ရင်ခွင်ထဲ တင်းကြပ်စွာ ပွေ့ဖက်ထားချင်သည်
ကြောက်သည်
သူ စိတ်ဆိုးလို့ ကျနော့ဖုန်းမကိုင်မှာကို တွေးကြောက်သည်
ကြောက်သည်
သူ ကျနော့အနားက
ထွက်သွားမှာကို တွေးကြောက်မိသည်
ချစ်သည်
သူ့ကို အရမ်းကိုချစ်သည်
မြတ်မြတ်နိုးနိုးကို ချစ်သည်
ချစ်သည်ဟု ကျနော်ပြောနိုင်တာထက်ကို ပိုချစ်သည်
ချစ်သည်ဟု ပြောရသည်ကိုပင် အားမရနိုင် ဖြစ်ရအောင်ကို
ကျနော် ချစ်သည်
ရည်ရွယ် သည်
သူ့အပေါ် သစ္စာရှိဖို့ ရည်ရွယ်သည်
ရည်ရွယ်သည်
သူ့ကိုဘဝတသက်လုံးပေါင်းဖက်ရဖို့ ရည်ရွယ်သည်
ရည်ရွယ်သည်
ဘဝဆက်တိုင်းဆက်တိုင်း ပေါင်းဖက်ရဖို့ ရည်ရွယ်သည်
author by
MSU No. 55