သံယောဇဉ်တွေ ရှိပါတယ်
ချစ်ခြင်းတရားတွေ ရှိပါတယ်
ဒါပေမယ့် တို့နှစ်ယောက်က
Virtual Life World တစ်ခုကို
တည်ဆောက်ထားတာလေ
ဘယ်လောက်ဘဲချစ်ပါတယ်ပြောပြော
Virtual Life ကိုကျော်လွန်ပြီး Real Life ကို
ဖောက်ထွက်လာလို့ မရဘူးဆိုတာ
တို့နှစ်ယောက်လုံး သိထားပါတယ်
တစ်ခါတစ်ခါ စဉ်စားကြည့်ရင်
Virtual Life မှာပြောရတဲ့ စကားလုံးတွေက
ပေါ့ပြတ်ပြတ်နိုင်လွန်း အားကြီးပါတယ်
တစ်ချို့စကားလုံးတွေက လုံးဝကို
Restrict လုပ်ထားခြင်းခံထားရပါတယ်
ပြောခွင့်ကိုမရှိပါဘူး
တကယ်တမ်းတော့ Life နှစ်ခုလုံးက
အားသာချက် အားနည်းချက်တွေနဲ့
တစ်ခါတစ်ခါ သပွတ်အူလို
အစရှာစရာမရှိတော့တဲ့
ဦးနှောက် နဲ့ နှလုံးသား
ပင်ပန်းလှပါတယ်