Infinity War
ဘယ်တော့မှ မပြီးဆုံးနိုင်သော
ဘဝတစ်ခုရဲ့ ရန်ဖြစ်ခြင်းတွေကို
(ဒီလိုဖြစ်လာမှန်းမထင်ထားဘူး)
တည်ဆောက်လိုက်မိတယ်
တစ်ခါတစ်ခါငြိမ်းချမ်းရေးယူပြီး
ဒီစစ်ကပီးမယ်လို့ထင်ထားတာ
တဖြည်းဖြည်း သိလာရတယ်
တိုက်ပွဲတွေက ရှိနေအုန်းမှာဘဲ
ဒီ ကိုယ်ခန္ဓာ နှင့် အသက်ရှိနေသမျှ
အမုန်းတရားတွေကို ပါးစပ်ကနေ
ဗုန်းကြဲသလိုပြော
သံယောဇဉ်နဲ့ အချစ်ဆိုတာ
လုံးပါးပါးပြီး ကျဆုံးသွားခဲ့ကြပါပြီ
ပေါက်ကွဲမှု့တွေနဲ့ မကျေနပ်မှု့
မာန်မာနတွေက အနိုင်ယူပြီး
နှုးညံ့သိမ်မွေ့သော နေ့ရက်
ကြည်နူးစရာ အိမ်မက်
နယ်မြေအားလုံး
သိမ်းပိုက်သွားခဲ့ကြပြီ
စစ်ပွဲတွေမဖြစ်ချင်ဘူး
ရှောင်ရှားနေခဲ့တာ
နောက်ပိုင်းတော့
စစ် မဖြစ်ဖြစ်အောင်
ဖန်တီးဖို့ whisky နဲ့
ရဲရဲကြီး တိုက်ပွဲတွေဝင်တတ်လာပီ
တိုက်နေရအုန်းမှာဘဲ
ရှိနေအုန်းမှာဘဲ
ဖြစ်နေအုန်းမှာဘဲ
အမုန်းတရားတွေ ရင်ထဲမှာ
ပြန့်ကျဲနေသမျှ
နာကြည်းမှု့တွေ ခေါင်းထဲမှာ
ပြန်တွေးနေသမျှ
ဖြစ်လာအုန်းမှာဘဲ
ဒီစစ်...