အသဲကွဲဖူးတဲ့သူတွေရရှိလား….
အသဲကွဲနေတဲ့ ဘော်ဒါကြီး တွေကို သီချင်းလေးတွေနဲ့ အားပေးချင်လို့ သီချင်းလေးအချို့ကို ပြောပြပေးလိုက်တယ်နော်…
၁။ အေးဆေးဘဲ
အေးဆေးပဲ သီချင်းကို Ve Ve ရဲ့ 20th Anniversary 2016 Album မှာ စန္ဒီမြင့်လွင်က သီဆိုထား တာဖြစ်ပါတယ်။
အေးဆေးပဲ အချစ်မရှိလဲ ငါအတွက်အေးရာအေးကြောင်း အဆင်ပြေနေတယ်ဆိုတဲ့ ပုံစံမျိုး သီဆိုထားတာ
ဖြစ်ပါတယ်။
၂။ I’m sorry
ဟိုတုန်းက အချိန်တွေတန်ဖိုး မထားခဲ့ဘဲ အချိန်နှောင်းသွားတော့မှာ ပြန်မလာနေပါနဲ့တော့ I’m sorry၊ အတိတ်
ဟောင်းတွေ ထပ်မလိုချင်ဘူးဆိုပြီး “I’m sorry” ဆိုတဲ့ အမွန်းရဲ့ သီချင်းလေးနဲ့သာ ချစ်ခဲ့ဖူးသူကို သေသေချာချာ စိတ်ထဲကနေ မောင်းထုတ်လိုက်ပါ။
၃။ နင်မှတ်ထား
“မင်းရောက်လေရာ Check in တင်ပါ၊ မင်းရဲ့ Facebook ပေါ်က ကြိုက်တဲ့ အချစ်ဆီသွားပါ၊ ရူးနေလို့ မင်းကို ကြွေခဲ့တာ မူးနေလို့ အဟုတ်ထင်နေခဲ့တာ အခု မဟုတ်ဘူး သိရဲ့လား မင်းရုပ်ကြီး မကြည့်ချင်ပါ” ဆိုပြီး ပြန်ချေထားတဲ့ “နင်မှတ်ထား”ဆိုတဲ့ သီချင်းမြူးမြူးလေးကို အမွန်းသီဆိုထားတာဖြစ်ပါတယ်။
၎။ Thank you, darling!
ရဲရင့်အောင် ရဲ့ Thank you, Darling! ကို နားထောင်ရင်း “မင်းထွက်သွားတဲ့နောက် ငါ တကယ် စိတ်ချမ်းသာတယ်
ဖုန်းတွေမပြောတော့ဘူးဆိုတော့ ငါ အကုန်အကျ သက်သာတယ် နင်မရှိလို့ အဆင်ပြေသွားပြီ နာကျင်စရာများမရှိ စားလို့ကောင်း အိပ်လို့ကောင်းလို့ အရင်ကထက်ထက် ၀လာတယ်” လို့ အကောင်းမြင်ပြီး ပြတ်သွားတဲ့ ချစ်သူ ကို ကျေးဇူးတင်နေလိုက်ပါ။
source photo www.google.com