ဝေလ - မိတ်ကပ်မကြိုက်သော သီချင်းများ
(ရေး/ဆို - ဝေလ)
ဝေလ - မိတ်ကပ်မကြိုက်သော သီချင်းများ (ရေး/ဆို - ဝေလ)
🎤ဖြစ်နေသောသူနဲ့ သစ်နေသောသူ
အားပေးခဲ့ပုံချင်းလည်း မတူ
အားလုံးကို ပြုံးပြကာ ငါနှုတ်ဆက်
အကုန်လုံးက အရူးကြီးတစ်ယောက်လို
လာသတ်မှတ်
ပရိတ်သတ်ကြီးရဲ့ လက်ခုပ်များက
ငါ့အတွက်မဟုတ်
စင်ပေါ်မှာ ကိုးရို့ကားယားနဲ့တက်ဆို
ငါ့ကိုသိနေတဲ့သူ ဘယ်လောက်တောင်ရှိခဲ့သလဲ
မျှော်လင့်ချက်များစွာနဲ့ ငါလိုက်မရှာခဲ့
🎤🎤ဘယ်သူမှ မကြိုက်ရင်လဲ
သီချင်းဆုံးတဲ့အထိ ဆက်ဆိုမယ်
ငါရှင်သန်ရာ နေထိုင်ရာ မြန်မာပြည်မှာ ရုပ်ချောမှ စီးရီးထုတ်တာ
ကောင်းသတဲ့🎤🎤
🎼တော်ပါပြီကွာငါ့သီချင်းလေးများဟာ
မိတ်ကပ်မကြိုက်ပါ အားမပေးလည်း
ငါအားပြည့်လို့ တော်ပါတော့
ဒီအသံတွေကို အောက်ကပြောချိန်မှာ
ဒီလူရင်မှာ ခဏတော့ကြွေတာပေါ့
ကျေးဇူးပြုပြီး လက်ခုပ်သံလေးတွေ
ကြားချင်ပါတယ် ဘယ်တော့မှမဆို
ကြိုက်ရင်တော့ တီးမှာပဲ
မကြိုက်တော့လည်း ဆဲမှာပဲ
ဟန်ပန်အမူအယာတွေကို
ိုငါရွံတယ်ဟေ့🎼
🎤🎤🎤ရုပ်ရှင်ထဲမှာ အမြဲပါတဲ့သူမှ
ပိုပြီးအားပေးတာ ကောင်းသလားဗျို့
ဟွန်း---ဒါလား အနုပညာ
လျှောက်ပြီးဖောနေတာ
ကန့်လန့်ကာကွယ်မှာဆိုရင်
လူလည်တွေပါ
ဖားတစ်ပိုင်းငါးတစ်ပိုင်းနဲ့ မင်းသားဒီဇိုင်း
ပရိတ်သတ်ရှေ့ရောက်မှ
အားလုံး ကလေးလေးအတိုင်း
အဆွေးရုပ်နဲ့ လက်ခုပ်မတောင်းနဲ့
ဇီးရွက်လောက်မျက်ခွက်နဲ့ မချွဲနဲ့
ဒီလိုပုံစံ မကြိုက်ဘူးဟေ့
ငါလိုလူမှာ ဒါတွေမရှိဘူးဟေ့
ဟင်း---ဟန်ပန်တွေ အကြံအဖန်တွေ
ဂျယ်ပုံစံတွေ မလုပ်တတ်ဘူး
မိတ်ကပ်မလိမ်းဘူး
မာယာတွေငါမလိုချင်ဘူး မလိုအပ်ဘူး
ဟန်မဆောင်ချင်ဘူးဟေ့🎤🎤🎤
🎼တော်ပါပြီကွာငါ့သီချင်းလေးများဟာ
-------. -------. -------. -------.
ဟန်ပန်အမူအယာတွေက
ိုငါရွံတယ်ဟေ့🎼
🎤🎤ဘယ်သူမှ မကြိုက်ရင်လဲ
-----. ------ . ------ .------ .-------
စီးရီးထုတ်တာ ကောင်းသတဲ့🎤🎤
(🎼တော်ပါပြီကွာငါ့သီချင်းလေးမျာဟာ
------- .-------. ------. -------.
ဟန်ပန်အမူအယာတွေကို
ိုငါရွံတယ်ဟေ့🎼)၂
🎼🎼မာယာတွေ ငါမလိုချင်ဘူး
မလိုအပ်ဘူး
ဟန်မဆောင်ချင်ဘူးဟေ့🎼🎼