ဝေလ - နင်မသိတဲ့အချစ်(ရေး/ဆို-ဝေလ)
ဝေလ - နင်မသိတဲ့အချစ်
(ရေး/ဆို - ဝေလ)
🎤ရှေ့ဆက်တိုးဖို့ တို့နှစ်ယောက်ဘ၀က
ဖြစ်မှမဖြစ်ပဲကွယ်
အခုလွမ်းရတဲ့ခံစားမှုတစ်ခုက
အောင့်သက်သက်ပါကွယ်
မဆုံနိုင်မှန်း ငါသိထားလည်း...
တားမြစ်ထားတဲ့ ပန်းသီးတစ်လုံးအား
ခူးစားလိုက်ချင်တယ်
မင်းနှုတ်ခမ်းဖျားက
တခြားတစ်ယောက် ပါးအတွက်
အမြဲတမ်းဖြစ်နေတယ်
နာကျင်စွာနဲ့ ကြွေတုန်းပဲ🎤
🎼နင်မသိခဲ့ဘူး စိတ်ကူးတွေနဲ့
ငါနေ့တိုင်းရူး
မြင်တွေနေသည့်တိုင် မပိုင်တော့ဘူး
နီးနီးလေးရှိလျက်နဲ့ အဝေးကြီးလို
မဆုံနိုင်တော့ဘူး
ရင်ဘတ်မှာ နင့်နာမည်လေးတစ်ခုနဲ့
အသဲပုံမြှားစိုက်ထားတဲ့ ပုံလေးတစ်ခု
အမှတ်တရအဖြစ်နဲ့ အမြဲတမ်းအတွက်
ရေးထားတာ နင်မသိဘူး🎼
🎤🎤မင်းနှလုံးသားနဲ့
အနီးအနားတ၀ိုက်တော့
ငါအမြဲတမ်းရှိတယ် ငါတောင်းခဲ့ဖူးသမျှ
ဆုတောင်းခြင်းများအနက်
ဒီတစ်ခုတော့ပြည့်ချင်တယ်
မြင်နေရုံနဲ့ ငါကျေနပ်တယ်
တားမြစ်ထားတဲ့ ကျင့်ဝတ်တချို့ကြောင့်
နီးလျက်နဲ့ ဝေးစေတယ်
ခိုးလွမ်းရတဲ့ ခံစားမှုတစ်ခုက
အောင့်သက်သက်ပါကွယ်
ဒါဘာကြောင့်လည်း
ဒါဘာကြောင့်လည်း...🎤🎤
(🎼နင်မသိခဲ့ဘူး စိတ်ကူးတွေနဲ့
ငါနေ့တိုင်းရူး
***** ----- ***** ----- *****
အမှတ်တရအဖြစ်နဲ့ အမြဲတမ်းအတွက်
ရေးထားတာ နင်မသိဘူး🎼)၃