မှတ်မှတ်ရရ ကျနော် ကိုးတန်းအောင်သောနေ့တွင် အဒေါ်က ကျနော့်ကို နာရီတစ်လုံးလက်ဆောင်ပေးခဲ့တယ်။ ကျနော်လည်း အရမ်းလိုချင်နေတာ သိလို့ဖြစ်မယ်။ အဲ့နေ့ကလက်ဆောင်ရတဲ့ နာရီလေးကိုကြည့်ပြီး ဝမ်းသပီတိဖြစ်ရတာနဲ့ သူငယ်ချင်းတွေကို လည်း"ဒီမှာတွေ့လား ငါ့နာရီလေ ငါ့အဒေါ်ဝယ်ပေးတာ"ဆိုပြီး သူငယ်ချင်းတွေကို လိုက်ကြွားရတဲ့အရသာကလည်း ကောင်းတာကိုး😝😝။
ဒီလိုနဲ့ရေချိုးခါနီးဆို နာရီလေးကို ဖြုတ်ပြီးချိုးလိုက်၊ ထမင်းစားခါနီးဆို နာရီလေးကိုဖြုတ်ပြီးစားလိုက်၊ အလွန်ဆုံး အိပ်ခါနီးမှာတောင် နာရီလေးကို ဖြုတ်ပြီး အိပ်ခဲ့တာလေ။ တကယ်တော့ နာရီလေးဟာ ကျနော်အတွက်တော့ အဖိုးတန်ပစ္စည်း တစ်ခုပါပဲ။
ကျနော် ဆယ်တန်းစတတ်တဲ့နှစ်မှာတော့ အဒေါ်ဝယ်ပေးတဲ့ နာရီလေးကတော့ တော်တော်လေးကို အရေးပါလာတာကို တွေ့လာရတယ်။ဆရာ၊ဆရာမ များလည်း အချိန်နဲ့တစ်ပြေးညီ စာသင်ရတာကြာင့် နာရီကိုလက်တွင်ပတ်ထားရပြီး ၊ကျနော့်သည်လည်း ကျောင်းသွားကျောင်းပြန်ရေမိုးချိုး၊ထမင်းစားချိန်၊စာကျက်ချိန်၊ကျူရှင်သွားချိန် စသည်အချိန်တွေကို ကျနော်ရဲ့နားရီလေးနဲ့ကန့်သက်ထားခဲ့တယ်။အဲ့လိုနဲ့ ဘယ်သွားသွား နာရီလေးကိုအမြဲဆောင်တတ်လာပြီး နာရီလေးနဲ့ ကျနော်က ညီအကိုအရင်းလိုတောင်ဖြစ်နေခဲ့တယ်။ သူကိုမပတ်တဲ့နေဆိုတာမရှိလာသလို သူကိုမပတ်ရရင် လက်မှာ တစ်ခုခုလိုနေတလို တောင်ခံစားရတယ်လေ။
ကျနော်ရဲ့ နေ့ရက်လေးတွေကို နာရီလေးနဲ့အတူဖြတ်တန်းတယ်။ဒီလိုနဲ့ သူလေးနဲ့နှစ်နှစ်ကျော်လောက်ဖြတ်တန်းလာပြီး စက်လေးဟာတစ်ဖြည်းဖြည်း ချို့ယွင်းလာတယ်။ ဆိုင်ကို ခနခန သွားပြင်ရတာလဲ များလာတယ်။အမေကတော့ ပြောတာပေါ့" နောက်တစ်လုံးဝယ်တော့ နင့်ဟာက ဆိုင်မှာခနခန သွားပြင်နေရတာနဲ့ အသစ်ပဲဝယ်လိုက်တော့သား"။ကျနော်နဲ့ နှစ်နှစ်ကျော်တွဲလာပြီးမှ ခုသူ့ကိုစွန့်လွန်ရတော့မှာဆိုတော့ စိတ်ထဲမှာ ဝမ်းနည်းသလိုလို ဖြစ်နေတယ်။အဲ့လိုနဲ့အသစ်မဝယ်ဖြစ်ခဲ့ပေ။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျနော့်ရဲ့နာရီလေးကတော့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို မခံနိုင်တော့ပဲ ရပ်တန့်သွားပြီး လက်တံလေးပါ ပျက်စီးသွားတယ်။ မနက်စော ထပြီးနာရီလေးကြည့်မိတော့မှ သိသွားတော့ ကျနော့်လည်း မအားတာနဲ့ ကျနော့်ရဲ့ ပထမဆုံးလက်ဆောင်ရရှိတဲ့ နာရီလေးကို သိမ်းထားလိုက်ပြီး အလုပ်သွားတော့တယ်။
ဒီလိုနဲ့အခြားနာရီလေးတစ်လုံးမဝယ်ဖြစ်သေးပဲနေတာပေါ့။အဲ့လိုနဲ့ နောက်နေ့အလုပ်သွားရင်း အမှတ်မထင် နာရီရောင်းတဲ့ ဆိုင်ကိုလမ်းကြည့်မိတယ်။အဲ့မှာ နာရီလေးတစ်လုံးက အမှတ်မထင် ဆွဲဆောင်နေတယ်။သေချာကြည့်မိတော့မှ အရင်ကကျနော့်နာရီလေးနဲ့ အရမ်းတူတယ်ဆိုပြီး ဝယ်ခဲ့လိုက်တယ်။ခုတော့ သူ့နေရာမှာနာရီသစ်လေး အစားထိုးနေပြီးလေ။ဘာပဲဖြစ်ဖြစ် နှစ်နှစ်ကျော်ဖြတ်တန်းခဲ့တဲ့ နာရီလေးကိုတော့ တတိရနေစဲပါ။ဒါကတော့ ကျနော်ဖြတ်တန်းခဲ့ရတဲ့ အမှတ်တစ်ရလေးတစ်ခုဖြစ်ပြီး အမြဲတန်းလဲအမှတ်ရမဲ့ဟာလေးတစ်ခုလဲဖြစ်ပါတယ်။
HFS- A 8