**Steemit အကြောင်းမေးတဲ့ သူတွေအတွက် **
Steemit အကြောင်းကို အနည်းငယ် ရှင်းပြချင်ပါတယ်
ကျွန်တော်လဲအများကြီးတော့ မသိပေမယ့် FAQ လေးတွေအနည်းငယ် ၀ါးတားတားဖတ်ထားလို့
အကြမ်းဖျင်းလောက်ပြောပြချင်ပါတယ်... မှားတာရှိလဲ သည်းခံပေးကြပါခင်ဗျာ
နားလည်သလောက် သဘောတရား ပြောပြခြင်းသာဖြစ်ပါတယ်.. မသိသေးသူများ အဖို့ အနည်းငယ် သိသွားလျှင်ပင်
တင်ရကျိုးနပ်ပါတယ် ခင်ဗျာ.. အားပေးကြပါဦး
အရင်ဆုံး Steemit Platform ကို မိတ်ဆွေတို့ နေ့စဉ်သုံးနေတဲ့ Facebook လိုမျိုး Social Network တစ်ခုလို့ပဲ စိတ်ထဲမှာသဘောထားကြည့်လိုက်ပါ.
အဲ့ဒီတော့ ကျွန်တော်တို့က Facebook လိုပဲ Steemit ပေါ်မှာ Postတွေ တင်မယ် သူငယချင်းတွေကကြိုက်ရင် Like ပေးမယ် ဝေဖန်ချင်ရင် အကြံပြုချင်သူတွေက Comment ပေးမယ်..Comment အောက်မှာပဲ နောက်ထပ် Reply ဆိုတာထပ်လာမယ် အဲ့ဒီ Comment နဲ့ Reply ကိုပဲ ထပ်ပြီးတော့ Like လို့ရသေးတယ်မဟုတ်လား အရမ်းကြိုက်ရင် သိမ်းထားချင်ရင် Share ကြမယ်ဗျာ... အဲ့ဒီတော့ရှင်းတယ် စကားလုံးက အများကြီးမရှိဘူးလေ
Post , Like , Comment , Reply , Share ဒါပဲမဟုတ်လား
အဲ့ဒီလိုပဲ Steemit မှာလဲ အဲ့လို Facebook မှာ သုံးနေတဲ့ နေ့စဉ်ကိစ္စတွေပဲ နေ့စဉ်လုပ်ရမှာ
Post တွေ တင်မယ်
Like တွေပေးမယ် Like ပေးတယ်ဆိုတာကို Steemit မှာ Vote တယ်လို့ သုံးပါတယ်
Comment နဲ့ Reply ကတော့ Comment Reply လို့ပဲသုံးပါတယ်
Share လုပ်တာဆိုတာကို Resteem လုပ်တယ်လို့သုံးတယ်
ဒါက Steemit မှာ ခေါ်တဲ့ အခေါ်အဝေါ်တွေ
ဟုတ်ပြီ အဲ့ဒီတော့ Facebook နဲ့ Steemit နဲ့ ကွာခြားချက်က ဘာလဲဆိုရင်
Facebook မှာ Post တင်ရင် ပိုက်ဆံမရဘူးဗျာ ဒါပေမယ့် Steemit မှာ ပိုက်ဆံရမယ် အဓိက ကွာခြားချက်တာက အဲ့ဒါပဲ
နောက်ထပ်ကွာတာက Facebook မှာလိုတင်သလို Feelတွေတို့ အားတိုင်းရိုက်တင်နေတဲ့ Selfieတို့ ကို အကြောင်းအရာတစ်ခု မဟုတ်ဘဲတင်လို့ အဆင်မပြေဘူးပေါ့ အဲ့တော့မဟုတ်က ဟုတ်က Sexy ပို့စ်တွေ သူ့များတွေအတွက်လဲ အကျိုးမရှိ ကိုယ့်အတွက်လဲ အကျိုးမရှိတာတွတော့ တင်လို့မရဘူး ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာ စာပေ ဗဟုသုတ ကဗျာ ကာတွန်း ဟာသ ၀တ္ထု ထားပါတော့ အမှန်အကန်တွေပေါ့ အဲ့လိုမျိုးတွေ သင့်လျော်သလို တင်ရတာပေါ့
နောက်တစ်ခု ပုံကလွဲလို့ Link တစ်ခုခုမှာ ရှိပြီးသား စာသားကို Copy ကူးရေးခွင့် Save ခွင့် မရှိဘူး Copy ကူးလား မကူးလား စစ်တဲ့
Program တစ်ခုရှိတယ် သူက အလိုအလျောက်လိုက်စစ်ဆေးနေပါတယ် အကယ်၍ မိတ်ဆွေ Post က အဲ့လို Copy ကူးထာတာမျိုးမိသွားခဲ့မယ်ဆိုရင် မိတ်ဆွေ အတွက်အများကြီး နစ်နာသွားမှာဖြစ်ပါတယ်
အဲ့ဒီတော့ အားလုံးဟာ ကိုယ်တိုင်ရေးထားတဲ့ ကိုယ်ပိုင်ဖန်တီးမှု Own Creation တွေပဲ ဖြစ်ရမယ်ပေါ့.. Facebook နဲ့ ကွာခြားမှာက ဒါပဲ
ကဲ အာ့ဆို ဘယ်လိုပိုက်ဆံရလဲ ပြောပြမယ်
Steemit မှာ Post တွေ တင်မယ်
ကိုယ်တင်လိုက်တဲ့ Post တွေကိုသူများတွေက လာပြီး Vote လုပ်ကြမယ် Facebook လိုဆို Like လုပ်တာပေါ့ အဲ့ဒီလို Vote ခံရတဲ့အတွက် အဲ့ Post အတွက် မိတ်ဆွေက ပိုက်ဆံရမယ် ကိုယ့်Post ကို သူများက Vote ပေးခံရမှ ကိုယ်က ပိုက်ဆံရမှာနော် ကိုယ်ကလိုက်ပြီး Vote နေလို့ ဘာပိုက်ဆံမှ မရဘူး
ပိုက်ဆံမရဘူးဆိုပြီး သူများ သွားမ Vote ရင် သူများကလဲ ကိုယ့်ကို ပြန်လာ Vote မှာ မဟုတ်ဘူး Facebook သုံးနေသလိုပဲ ခေါင်းထဲသာထည့်ထားလိုက် သူများက ကိုယ့်Post ကို ကြိုက်လွန်းလို့ Vote ရင်တော့ တစ်မျိုးပေါ့နော့ ကိုယ်Vote ရမယ့်သူများဆိုတာနဲ့ သူများတွေက ကိုယ့်လာVote ပေးမယ်ဆိုတဲ့ လူတွေက ဘယ်သူတွေလဲဆိုတော့ တစ်ကမ္ဘာလုံးက Steemit User တွေပဲ Facebook လိုတော့ Locationလိုက်ပြီး မြန်မာ Post တွေချည်းတက်နေမှာတော့မဟုတ်ဘူး အဲ့မှာ Follow လုပ်ထားမယ်ဆို ကိုယ် Follow လုပ်ထားသူရဲ့ Post တွေကို New Feed မှာမြင်ရမယ် ဒါပဲ... အဲ့တော့ ကိုယ့်သူငယ်ချင်း အချင်းချင်းတွေချည်းစည်းကမ်းရှိရှိ မှန်မှန်ကန်ကန် အပြန်အလှန် Vote မယ်ဆိုရင် ပိုတောင်ကောင်းသေးတယ်.. သူလဲပိုက်ဆံရ ကိုယ်လဲပိုက်ဆံရလေ
ကြားဖြတ်ပြောဦးမယ် Steemit ဆိုတဲ့ Platform က ဘာတွေမှန်းမသိဘူး အကြီးကြီးရှီသေးတယ် အခုပြောနေတာက အဲ့ Platform ထဲကမှာ Social Network လိုဖြစ်နေတဲ့ Post တင်ရင် ငွေရမယ့်Blog လို ဆိုက်တစ်ခုကိုပြောနေတာနော် တခြား You Tube လို ဗီဒီယိုကြည့်ရတဲ့ ဆိုက်တို့ဘာတို့ အစုံပလုံအများကြီးရှိသေးတယ်
သူ့ရဲ့ Target က Steem လို့ခေါ်တဲ့ Coin ပဲ
Steem မှာ ငွေကြေး
၂မျိုးရှိတယ် Steem နဲ့ Steem Dollar (SBD) ဆိုပြီး ၂မျိုးရှိတယ်
အခုရေးနေချိန် ပေါက်ဈေးတွေက
1 Steem = $3.78
1 SBD = $13.62 ဈေးရှိတယ် နောက်ဒီနေ့ အင်တာနက် ဒေါ်လာပေါက်ဈေးက BTC အတွက် 1ဒေါ်လာကို 1520ကျပ် ရောင်းဈေးရှိတယ် ၀ယ်ဈေးက အမြဲတမ်း ၅၀ကနေ၇၀ အတွင်းကွာတယ် အဲ့တော့ 1450 လောက်ပေါ့ဗျာ
အင်တာနက်ဒေါ်လာဆိုလို့ပြောရဦးမယ်
အခုKBZ တို့ CB ဘဏ်တွေကလို ဒေါ်လာဈေးနဲ့မတူဘူးနော် ဒါက အင်တာနက်ဒေါ်လာဗျ
အဲ့တော့ မြန်မာငွေနဲ့တွက်မယ်ဆိုရင်
1 Steem $3.78 x 1520 = 5745.6 ကျပ်ရှိတယ်
1 SBD $13.62 x 1520 = 20702.4 ကျပ်ရှိတယ်
ကဲဆက်ပြောမယ် Steemit မှာ ငွေ၂မျိုးရှိတယ်ဆိုတာသိပြီနော်
အဲ့တော့ Steem အကောင့်မှာလဲ အဲ့ငွေ၂မျိုးရှိတယ်
Steem Dollar ကို SBD လို့ပဲခေါ်ပြီး Steem ကိုကျတော့ Steem Power လို့ခေါ်တယ်..
အဲ့ Steem Power ဆိုတာ က ကိုယ့်အကောင့်ရဲ့ Vote ပေးတဲ့အချိန်မှာရမယ့် ပိုက်ဆံပေါ်မူတည်တယ်..
ဥပမာ အခုမှပြီး Steemit ကို သုံးတဲ့သူတစ်ယောက်အတွက် Steem Power ဆိုတာ 0.5 ကနေ အပိုင်စရပါမယ် အဲ့တော့ Power က မရှိသဘောက်နည်းတယ်ပေါ့ဗျာ အဲ့တော့သူက Power 27 ကို Auto ထပ်ငှားပေးထားတယ် ... အဲ့တော့ 0,5 + 27 အားနဲ့ ကိုယ်ကြိုက်တဲ့ Post ကို Vote နိုင်ပြီဗျာ.. အကောင့်အသစ်ဖြစ်တဲ့ Member တစ်ယောက်ရဲ့ Poser အားနဲ့ Voteခံလိုက်ရတဲ့ Post ပိုင်ရှင်ဟာ $0.01 ရသွားမှာဖြစ်တယ်... အဲ့လိုလူမျိုး အယောက်၁၀၀က လာပြီး Vote မယ်ဆိုရင် $1 ပြည့်ပြီပေါ့ဗျာ...ရလာမယ့် ပိုက်ဆံကို Post တင်ပြီး ၇ရက်အကြာမှာ ထုတ်ပေးလိမ့်မယ် အဲ့ကျရင် ပိုက်ဆံရပြီ..
သုံးတဲ့သူအနေနဲ့ Post တင်မှ ပိုက်ဆံရတာလား? မဟုတ်ပါဘူး
Comment, Reply တွေကနေလဲ ပိုက်ဆံရပါသေးတယ်
ဥပမာ ကိုယ့်Post က $100 ရထားတယ်ဆိုပါစို့
Comment, Reply ပေးသူတွေအတွက် ၂၅% ထားခဲ့ရတယ် အပြည့်မရဘူး အာ့တော့၂၅%ဆိုတာက $25 မလား အဲ့ $25 ကို Comment ပေးသူ ၁၀ ယောက်ရှိရင် ၁၀ယောက်ခွဲယူပေါ့ အဲ့တော့ ကိုယ်ကလဲ အားနေရင် သူများ Post တွေ လိုက်ပြီး Comment တွေ Reply တွေလိုက်လုပ်ပစ်ပေါ့ဗျာ
အဲ့တော့ Post ပိုင်ရှင်အတွက် $75 ကျန်မယ်အဲ့ကျန်တဲ့ ပိုက်ဆံက Steem Power တစ်ဝက်ရယ် Steem Dollar ရယ်ဖြစ်သွားမယ်
ဆိုလိုတာက $75 ကျန်တာမှာ $37.25 ဖိုးက Steem Power ဖြစ်သွားမယ် နောက်တစ်ဝက် $37.25 က Steem Dollar ဖြစ်သွားမယ်..
ဒါကို Post တင်တဲ့ အချိန်မျာ Option ၃ခုရှိတယ် ကြိုက်ရာရွေးခဲ့လို့ရတယ် ရမယ့် ပိုက်ဆံကို
Steem Power 100%
Steem Power 50% / Steem Dollar 50%
Decline Payout (ရတဲ့ပိုက်ဆံဘာမှမယူပါ)
၃မျိုးထဲက ကြိုက်တာရွေးခဲ့ပြီးတင်လို့ရတယ်
ကိုယ်ရွေးခဲ့တဲ့အတိုင်း ၇ရက်ပြည့်ရင်ပေးလိမ့်မယ်
အဲ့တော့ Post တင်တာကနေ ရလာတာနဲ့အမျှ
Power လဲကြီးလာမယ် Steem Dollar လဲရလာမယ်ပေါ့
ပြောချင်တာက Power တဖြည်းဖြည်းကြီးလာတဲ့အချိန်ကျရင်
ကိုယ့်ရဲ့ Vote တစ်ချက်က ကိုယ့် Power ပေါ်မူတည်ပြီးတော့
Post ပိုင်ရှင်ရနိုင်တဲ့ ပမာဏပိုကြီးလာမယ်..အရမ်း Power ကြီးသူတွေဆို
သူတို့ Vote တစ်ချက်က $300~$400 အတွင်းကိုရတယ် အခုနဈေးနဲ့တွက်ကြည့်ပေါ့ဗျာ
အဲ့လိုလူမျိုးကများ ကိုယ့် Post ကို ရောင်ရမ်းပေးလိုက်မှဖြင့် မြန်မာငွေ သိန်း၅၀လောက်
နေရင်းထိုင်ရင်းရသွားမယ်...
ရထားတဲ့ Power တွေကို Steem Dollar အဖြစ်ပြောင်းချင်ရင်လဲ
Power Down ပြီး ပြောင်းလို့ရတယ်.. သဘောတရားကတော့ ဒီလောက်ပဲဗျာ တကယ်သုံးတဲ့အချိန်ကျ နည်းနည်းထပ်သိဖို့လိုတာတွေရှိမယ်...
ဒီတိုင်းသုံးတာ ဘာပိုက်ဆံမှရင်းစရာမလိုဘဲကို ကိုယ့်ပါဝါနဲ့ကိုယ် တစ်လ ၁သိန်း ကနေ ၃သိန်းအတွင်းရနိုင်တာနော် Power ကြီးချင်ရင်တော့ Power ဝယ်ပြီး ကြီးလို့ရတယ်.. အဲ့ကျ ကိုယ့်လာVote မယ့်သူတွေကလဲ Power Level တူတွေက လာ Vote ကြလိမ့်မယ်...
အဲ့ဒါ Steemit မှာ အပြန်အလှန်သာ Vote ကြမယ်ဆို သူ့ Level နဲ့သူပဲ ဟဟ
ကိုယ့်အဆင့်နဲ့ ကိုယ်နေလို့ရတာပေါ့ဗျာ
သဘောမပေါက်ရင် ၂ခါပြန်ဖတ်ပေးကြပါ ဒီထက်တော့ မရှင်းတက်ဘူး
နောက်ထပ် သိသလောက်၂ မှာ ဆက်ဖတ်ကြပါ
အားပေးကြပါဦး မြန်မာSteemit မန်ဘာများ အောင်မြင်ကြပါစေ..
Author : Arkar Phyo
24.12.2017