အသစ်အဆန်းလေးဆို စိတ်ဝင်စားတတ်ပြီး English စာလည်းကောင်းကောင်းမကျွမ်းတဲ့ ကျွန်တော် မင်းစိုးနိုင်တစ်ယောက် Actifit Fitness Tracker apk လေးတွေ့ပြီး စိတ်ဝင်စားမိပါတယ်။ စိတ်ဝင်စားတော့ သူတို့ရေးထားတာတွေပြူးပြဲဖတ်တာပေါ့ဗျာ။ နားလည်တာလည်းရှိနားမလည်တာလည်းရှိ။ ကျွန်တော်မိတ် ဆက်ပေးခဲ့တဲ့ Steemhunt တို့၊ Kryptonia တို့၊ Partiko တို့မှာ Steemhunt သာ English နဲ့တင်ရမှာမို့ Friend တွေစိတ်မဝင်စားပေမယ့် ၊ Kryptonia နဲ့ Partiko ကတော့ အထိုက်အလျှောက်အကျိုးခဲ့ကြမယ်ထင်ပါတယ်။ ခုလည်း Actifit Fitness Tracker apk လေးကို ဒီလိုမျိုးထင်ပြီး မတတ်တတတ်နဲ့ စမ်းကြည့်မိပါတယ်။ Browser မှာ အကောင့်ဖွင်တာကတော့ Steemconnect နဲ့ပါ။ Apk မှာတော့ Private Posting Key သုံးပြီးဝင်ရပါတယ်။
ဝင်ကြည့်တော့ ဒီလိုလေးစတွေ့တယ်ဗျ။
ဒါနဲ့ Post to Steem ကိုနှိပ်လိုက်တော့ ဒီမြင်းကွင်းကိုတွေ့ရတယ်။
အပေါ်ဆုံးမှာ Steemit Username၊ အောက်က အကြောင်းမှာ Steemit Private Posting key၊ Post title ကတော့ ကိုယ်မရေးရဘူးဗျ။သူဘာသူ ရက်စွဲအလိုက်ရေးပေးထားတဲ့ My Actifit Report Card: October 10 2018 စသည်ဖြင့်ပါပါတယ်။
သူ့အောက်ကတော့ Activity Count ဗျ အဲတာလည်းကိုဖြည့်ပေးလို့မရဘူး။ သူ့ဟာသူဂဏန်း လေးတွေ တက်လာနေတာ။ကျွန်တော်ရွာလည်တာလည်း အဲဒီနေရာပဲ။နောက် acitvity type ဆိုတဲ့ နေရာမှာ ၂၄ မျိုးလောက်ရှိတယ်။ရွေးပေးရတာ တစ်ခုတည်းရွေးလည်းရတယ်။ သုံးလေးငါးခုရွေးလည်းရတယ်။ရွေးရမှာတွေက..
၁။ Aerobic
၂။ Basketball
၃။ Boxing
၎။ Cycling
၅။ Daily Activity
၆။ Dancing
၇။ Elliptical
၈။ Football
၉။ Gardening
၁၀။ Hiking
စသည်ဖြင့် စုစုပေါင်း ၂၄ မျိုး၊ အားကစားနည်းတွေရေးထားတာ။ ဒီထဲက ကိုယ်ရေးမယ့်၊ကိုယ်လေ့ကျင့် မယ့် အားကစားကိုရွေးပေးရုံပဲ။အောက်ကကျတော့ ကိုယ့်ရဲ့အရပ်(Hight)၊ ကိုယ်အလေးချိန်(Weight)၊ အဆီ ပါဝင်မှုရာခိုင်နှုန်း( Body Fat)။ ခါး(Waist)၊ပေါင်(Thighs)၊ရင်(Chest) တို့ရဲ့အတိုင်းအတာတွေထည့် ပေးရတယ်။ ဘာလည်းဟရှုပ်ရှုပ်ရှက်ရှက်ပေါ့။ပြီးတော့ အဲဒီမှာ cm နဲ့ပြထားရင် Stetting ထဲသွားပြီး Metric ကို US ပြောင်းပေးလိုက်ပါ။ ft တို့ in တို့ဖြစ်သွားပါတယ်။
ပြီးတော့မှ ကိုယ်အားကစားလုပ်တဲ့အကြောင်းလေး English လိုလေးရေး။ သူကမခက်ပါဘူး။ စာလုံး ၁၀၀ ဆိုရပြီ။ပြီးတော့ Post to Steem ကိုနှိပ်ချလိုက် ....
You need to describe your activity in at least 1000 activity Dismiss
ဆိုတဲ့စာကြောင်းလေးပေါ်လာလိမ့်မယ်။ အော်ဒီလိုကိုး... 1000 activity မပြည့်လို့တဲ့ ကိုယ်ကစောင့် နေလိုက်တော့ ည ၈ နာရီလောက်မှာ 1000 activity ပြည့်သွားပါတယ်။ ပို့တင်လို့ ရသွားပါပြီ။ နောက်တစ် နေ့အထိစောင့်ကြည့်နေသော်လည်း ကိုယ့်ကို Upvote လာပေးသူမရှိပါ။ဘယ်သူမှဘာမှလာပြောသူမရှိလို့ မေးမြန်းကြည့်တော့ activity 5000 ကျော်မှဆိုပဲ။ ဒုက္ခတော့များပြီဗျ။ activity 1000 တောင်ည ၈ နာရှီကျော်မှရတာဆိုတော့ activity 5000 ကိုဘယ်သွားရှာရမှာလည်းပေါ့ မေးရမြန်းရပြန်တယ်။ နောက်ဆုံးတော့ သဘောပေါက်လာတယ်။ သူက activity ဆိုတာကျန်းမာရေး လှုပ်ရှားမှုကိုပြောနေတာကိုး။ အပြင်ထွက်ဖုန်းကိုင် ပြီးလမ်းလျှောက်တော့မှ activity တွေတက်လာတာလေ။ မသိဘူးဗျာ။ ကိုယ့်မှာက ည ၉ နာရီထိုးနေပြီ activity က 2000 ကျော်ပဲရှိသေးတာ၊ ဘာရမလဲ အပြင်ထွက်လမ်းလျှောက်တော့ 4000 ကျော်အထိတက်လာတယ်။ လူကလည်းမောနေပြီ။ 1000 လောက်ကလည်းလိုသေးတယ်။ မတတ်နိုင်တော့ဘူး။ အခန်းပြန်ပြီးဖုန်းကိုလှုပ်ပေး နေလိုက်တယ်။ ဟား activity တွေဆက်တက်လာတာ 5050 ကျော်သွားတယ်။ သူက ဖုန်း Internet မဖွင်လည်း တက်လတာတွေ့ရသေးတယ်။ အဓိက ကတော့ လှုပ်နေဖို့ပေါ့ဗျာ။ ဒီတော့မှ သဘောပေါက်လာတယ်။ သူများတွေ activity 12000 ကျော်တွေတောင်ရှိတယ်။ကိုယ်က 5000 ကျော် နောက်နေ့တော့သိပြီပေါ့။ မနက်နိုးတက်တာနဲ့ ဖုန်းလှုပ်တော့မယ်။
မရှင်းမလင်းတာတွေရှိရင်တော့ အောက်ကလင့်တွေမှာသာဝင်ကြည့်ပါတော့နော်
မင်းစိုးနိုင်
MSC-010
Photo – Google