ကုန်ဆုံးသွားတော့မှာလားဟု ခေါင်းစဉ်တပ်ကာ ယခင်တွင် ပိုစ့်တစ်ခုရေးသားပေးခဲ့ပြီးပါပြီ။ထိုအထဲတွင် သာမာန်ဝန်ထမ်းဘဝအကြောင်းနဲ့ရှေ့ရေးအတွက်ပဲ ရေးထားပေးခဲ့ပြီးပါပြီ။
ယခင်ပို့စ်တွင် ဆင်းရဲသားဘဝ အကြောင်းရေးသားထားခြင်းမရှိပဲ ချန်လှပ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုဆောင်းပါးတွင်မှု ဆင်းရဲသားဘဝ ဖြတ်သန်းပုံနဲ့ ရှေ့ဆက်သွားမယ့် အချိန်တို့ နေရာယူထားပုံကို အနည်းအငယ် စာဖွဲ့၍ရေးသားပေးချင်ပါတယ်။
ဆင်းရဲသားဘဝဟူရာတွင် သာမာန်ဝန်ထမ်းဘဝ ထက်အလွန်ပင် နှိမ့်ကျသလို ဖြစ်နေတတ်၏။ အလုပ်ဟူသမျှလဲ မညည်းမငြူလုပ်ကိုင်တတ်လေသည်။ ထိုသည်မှာ ဆင်းရဲသည်ဟု ခေါင်းစဉ်ဝယ် ထိပ်မှာတပ်၍ ကြိုက်သလိုလုပ် ကြိုက်သလိုစားဟူကာ မရှက်မကြောက် အလုပ်ကို ကြိုးစားလိမ့်မည်။
ထိုသူတွင် အာ့လိုကြိုးစားနေသည်မှာ ရှေ့ဆက်သွားမည့် ပန်းတိုင်ရှိသည်ဟု ယူဆမိသည်။ တစ်နည်းအားဖြင့် တစ်ခြားသူမဟုတ် ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်သည်။
ဘဝသည် ဆိုးလှသည်ဟု ခံယူကာ ရသမျှ အလုပ်ကို ကြိုးစားလုပ်ယူသည်။
ဘဝမမေ့ ဘဝင်မမြင်တတ်သောကြောင့်အလုပ်လုပ်ရာတွင် အဆင်ပြေလေရှိသည်။
အမှန်ပင်ဟု ကျွန်တော်ထောက်ခံသည်။
အဘယ်သို့ဆိုသော် အလုပ်ဟူသမှ ဂုဏ်ရှိစွ ဟူ၍လဲ ရှေးရိုးရှိလေသည်။
ကျွန်တော်လုပ်ကိုင်နေသော အလုပ်မှာ အဲယားကွန်း အပြင်အတပ်ပင်ဖြစ်သည်။လစာတော့ မကောင်းခြေ။ လည်လည်ပတ်ပတ်သွားရ၍ ဗဟုသုတများလဲ များစွာရသည်။ ပညာလဲရသည်။
ယခုအခါတွင်မှု ဆင်းရဲသားဘဝနဲ့ လစာနည်းောတ့ အတတ်ပညာကို သင်ယူလေသည်။အဘယ်ကြောင့်ဆိုသော် တစ်ချိန်တွင် ထိုပညာဖြင့် ဆိုင်ပိုင်ရှင်ဟူ၍လည်ကောင်းဖြစ်ရန် ကြိုးစားလိုချင်ကြောင့်ဖြစ်သည်။
သာမာန်ဝန်ထမ်းဘဝလိုတော့ လစာမကောင်း၊မသက်သာပေမယ့် ရှေးရေးအတွက် တော့ ပန်းတိုင်ရှိလေသည်။
မည်သို့ပင်ရှိစေကာမှု လစာထက် ရှေးဆက်သွားမယ့် ဘဝပုံကို ပုံဖော်နိုင်ရန်ကြိုးစားပေးဖို့သာလိုသည်။
အဓိက messageမှာ လစာကောင်းဘဝနဲ့ပုံသေကြီးနေမသွားပဲ ကိုယ်ပိုင်စီးပွားရေးပိုင်ရှင်ဖြစ်စေရန်သာဖြစ်သည်။
အားလုံးကျေးဇူးအထူးပါခင်ဗျာ။ဆောင်းပါးရေးရာတွင် အမှားများပါရှိသွားပါ ထောက်ပြပေးစေလိုပါတယ်။ ဒီထက် ဆက်လက်ကြိုးစားသွားပါအုံးမယ်ခင်ဗျာ။