ပေးကမ်းခြင်းသည် အောင်မြင်စေသော နည်းတစ်နည်းဖြစ်ပါသည်။ချီးမြှောက်ခြင်းသည် လူတစ်ဦးတစ်ယောက်အကျင့်စရိတ္တတွင်လည်းကောင်း အသိပညာတွင်လည်းကောင်းပရဟိတတို့တွင် လုပ်ဆောင်သူများကိုလည်းကောင်း ချီးမြှောက်ကြလေသည်။တစ်ဦးနဲ့တစ်ဦး မရှိသူကို ကူညီ ပေးကမ်းခြင်းသည် မင်္ဂလာရှိသော အလုပ်တစ်ခုဖြစ်သည်။
မရှိသောသူ ဆင်းရဲသောသူ အသက်ကြီး ဘိုးဘွားတို့ကို တွေ့တဲ့နေရာတွေကို ပေးကမ်းကြပါ။မိမိထက်အသက်ကြီးသူ အကျင့်ကောင်းသူများကို ချီးမြှောက်ကြပါ။လူသားအချင်းချင်းစာနာ နားလည်စိတ်လေမွေးကြပါ။ဒါဆိုရင် လူတိုင်း လူသားချင်းစာနာနလည်တတ်လာလိမ့်မယ်။
မိမိပေးကမ်းလိုက်လို့လည်း မိမိပိုပြီး မဆင်းရဲသွားသလို့ မိမိအတွက်လည်း နစ်နာထိခိုက်မှု ရှိမယ်မထင်။ဒါဆို ဘာဖြစ်လို့ ပေးကမ်းချီးမြှောက်ခြင်းအလုပ်ကို မလုပ်နိင်ကြရတာလဲ။မိမိပေးကမ်းလို့ မိမိအတွက်အကျိုးရှိလာပြီး တစ်ပါးသူအတွက်လည်း အဆင်ပြေသွားပါလိမ့်မည်။ဒါကို သိထားသင့်ပါသည်။
လူတော်ကို ချီးမြှောက်သင့်တာ ကောင်းသောအလုပ်တစ်ခုပါ။လူတော်တွေကို မချီးမြောက်လို့ ဘယ်သူကို ချီးမြှောက်ကြမှာလဲ။တော်သူကိုချီးမြောက်ပြီး ဆင်းရဲအားနည်းသူတွေကို ကူညီဖေမ ပေးကမ်းကာ စာနာမှုလေးတွေထားကြပါ။ခုချိန်မှာ မိမိအတွက် သိပ်မသိသေပင်မဲ့ အသင်အရွယ်ရလာရင် အသိတရားတွေ အများကြီးရကြပါလိမ်မယ်။
လောကမှာ ပေးကမ်းချီးမြှောက်သင့်သောသူများ အများကြီးရှိပါသည်။ဒါတွေကို ပေးကမ်းချီးမြှောက်မယ်ဆို ဘယ်လောက်ကောင်းကြမလဲ။ဒါဆို လက်ဘေး တောင်းစားတဲ့အလုပ်တွေ နေထိုင်တဲ့ကျူကျော်မှုတွေ အရမ်းလျော့ရသွားလိမ့်မယ်။မိမိတတ်နိင်တဲ့ဘက်ကနေ ပေးကမ်းကြ ချီးမြှောက်ကြပါ။ဒါဆို မိမိလည် လူသားချင်စာနာစိတ်တွေ တဖြည်းဖြည်း ကိန်းအောင်းလာပါလိမ့်မယ်။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
အစဉ်ကြိုးစားဘျက်
Author tunnaingwin
13.13/21.1.2018