မိုက်ကယ်တစ်ယောက် အလုပ်အားလပ်ရက် ၂ရက် ၃ ရက်လောက် အရေးကြီးလိုအပ်နေတယ်။ ကုမ္မဏီကနေလည်း ရုံးပိတ်ရက်ရဖို့ ခက်ခဲနေသောကြောင့် နားရက်လေးရဖို့ ဂွင်တစ်ခုဖန်ဖို့ အကောင်အထည် ဖော်တော့ပါတယ်။
credit-google image
အလုပ်စားပွဲခုံပေါ်တက်ပြီး မက်တပ်ရပ်နေပါတယ်။ ဒါကိုမြင်တဲ့ စာရင်းကိုင် အမျိုးသမီးက “ရှင်ဘာလုပ်နေတာ လဲ” လို့မေးတော့ ပြန်ဖြေပါတယ်။ “သူဌေးလာပြီး င့ါကိုမေးတဲ့အခါ ငါက မီးသီးတစ်လုံးဖြစ်တယ်လို့ပြော လိုက်မယ်။ ဒါဆိုရင် စိတ်ပင်ပန်းပြီး ရူးကြောင်ကြောင်ဖြစ်နေလို့ဆိုပြီး င့ါကို နားရက် ပေးလိမ့်မယ်”
ဒါနဲ့ပဲ သူဌေးက ရုံးထဲ ရောက်လာပါတယ်။ စားပွဲခုံပေါ် မက်တပ်ရပ်ပြီး ငြိမ်ငြိမ်း သက်သက်ရှိနေတဲ့ မိုက်ကယ်ကို ကြည့်ပြီး သူဌေးက ဘာလုပ်နေတာလဲလို့မေးပါတယ်။ ဒီတော့ မိုက်ကယ်က စီစဉ်ထားတဲ့အတိုင်းပဲ “ကျနော်ဟာ အလင်းရောင်ပေးနေတဲ့ မီးလုံးတစ်လုံးပါ။ တစ်ရုံးလုံးမီးရအောင် ထွန်းလင်းနေပါတယ်”လို့ ပြန်ဖြေ ပါတယ်။
ဒါနဲ့ စိတ်မကောင်းဖြစ်တဲ့ သူဌေးက “အေး။ မိုက်ကယ် မင်းအလုပ်ကြောင့်မို့ စိတ်ဖိစီးတာ အတော်များနေပြီ ထင်ပါတယ်။ အိမ်ပြန်နားတော့။ ၄ ရက်လောက် နားပြီးမှ ရုံးပြန်တက်” လို့မှာလိုက်ပါတယ်။ ဒါနဲ့ပဲ မိုက်ကယ် တစ်ယောက် ပျော်ရွှင်စွာပဲ အိမ်ပြန်သွားပါတယ်။ သူအိမ်ပြန်တာကို မြင်တဲ့ စာရင်းကိုင်မကလည်း အိတ်ထဲ ပစ္စည်း ထည့်လို့ ရုံးဆင်းဖို့ ပြင်ပါတယ်။ ပြင်ဆင်နေတဲ့ အမျိုးသမီးကိုကြည့်ပြီး သူဌေးက မေးတော့ ယခုလို ပြန်ဖြေပါတယ်။
“မီးသီး မရှိပဲ ကျမဘယ်လို အလုပ်လုပ်ရမလဲ၊ အဲဒါကြောင့်ပြန်တာပါ”😆😆
credit -https://ayechanmonmyanmar