wifiကိုအများစုကတော့ သုံးလေ့မရှိကြပါဘူး။ဒါပေမဲ့လူတစ်ချို့ကတော့ အနီးအနားမှာwifi လိုင်းတွေရှိရင် ဝယ်သုံးတတ်ကြပါတယ်။တစ်ချို့ကျတော့ wifi free ရတဲ့နေရာတွေရောက်မှပဲ wifi ဖွင့်သုံးတတ်ကြပါတယ်။ကျွန်မကလည်း အဲ့ဒီ့လို freeရတဲ့နေရာတွေမှာ သုံးတတ်တဲ့လူတွေထဲကတစ်ယောက်ပါပဲ။အရင်တုန်းက wifiသုံးတာနဲ့gameဆော့တာပဲ သုံးလို့ရတဲ့ tabletလေးပဲရှိတုန်းက မြို့ထဲက စာကြည့်တိုက်(wifi freeပေးထားတဲ့နေရာ)မှာတစ်ပတ်ကိုနှစ်ရက် သုံးရက်လောက်တော့ သွားသုံးဖြစ်ပါတယ်။လိုင်းကတော့သိပ်အကောင်းကြီးမဟုတ်ပါဘူး။ဒါပေမဲ့web page လေးတွေအနည်းငယ်ပေါပြီးစာလောက်တော့ဖတ်လို့ ရပါတယ်။ခုတော့မြို့ထဲသိပ်မရောက်ဖြစ်တော့ မသုံးဖြစ်တော့ပါဘူး။
ဒီလိုနဲ့ wifiနဲ့သံဃောဇဉ်ပြတ်တောက်ပြီးsim card က internet နဲ့ပဲပေါင်းဖက်နေချိန်မှာ 'Myanmar Net ' ဆိုတဲ့နာမည်နဲ့အချစ်ဟောင်းကလေး ကိုwifiက တစ်စခန်းထလာပြန်ပါတယ်။သူကလေးက ရပ်ကွက်ထဲကအိမ်ဆိုင်တွေမှာ 'Myanmar Net အတန်ဆုံးအင်တာနက် သုံးရာဖိုးသုံးတစ်နေ့လုံး' ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ လူတကာကို မြူဆွယ်နေပါတယ်။ကျွန်မအိမ်ဘေးက ဦးလေးကြီးကတောင် "Myanmar Net ၁၀၀၀ဖိုးနဲ့ ၃ရက်လောက် ကောင်းကောင်းသုံးလို့ရတယ်" "ဗီဒီယိုတွေလည်းကြည့်လို့ရတယ် "ဆိုပြီးပြောပါတယ်။ဒီလိုနဲ့ Myanmar Net လို့အမည်တပ်ထားတဲ့ ကိုwifi ကို ကျွန်မ ပြန်လည် စိတ်ဝင်စားခဲ့ရပါတယ်။
နောက်ရက်အနည်းငယ်အတွင်းမှာMyanmar Net ကို ဝယ်ယူသုံးစွဲခဲ့ပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားတဲ့ကံကြမ္မာဆိုးကတော့ wifi လွှင့်ထားတဲ့နေရာနဲ့ကိုယ့်အိမ်နဲ့အနည်း ငယ်အလှမ်းဝေးနေတာပါပဲ။အဲ့ဒီ့မှာပြဿနာက စတာပါပဲ။wifiဆိုတာ သူလွှင့်တဲ့နေရာနဲ့ ကိုယ်သုံးတဲ့နေရာနီးကပ်မှသာ လိုင်းကောင်းတာပါ။ခုတော့ကိုယ်သုံးတဲ့နေရာက အနည်းငယ်လှမ်းနေတော့ သုံးလို့အဆင်မပြေတော့ပါဘူး။အိမ်ထဲမှာဆို ဘာမှမပေါသလောက်ပါပဲ။တစ်ခါတစ်လေမှသာစာများ,ပုံများ အနည်းငယ်ပေါပါတယ်။အဲ့ဒီ့တော့ဘာလုပ်ရသလဲဆိုတော့ ဖုန်းကြီးကိုင်ပြီးအိမ်ရှေ့ထွက်(မှတ်ချက်။ ။အိမ်ရှေ့ထွက်မှသာ လိုင်းကောင်းပြီးသုံးလို့ရပါတယ်။) မတ်တတ်ရပ်လိုက် ထိုင်လိုက်လုပ်ပြီး ဖုန်းသုံးနေရတာပါပဲ။လမ်းက ဖြတ်သွားဖြတ်လာတွေကတော့ အိမ်ရှေ့မှာဖုန်းကြီးတစ်ကိုင်ကိုင်နဲ့ အချိန် အကြာကြီး မတ်တတ်ရပ်လိုက် ထိုင်လိုက် လုပ်နေတဲ့ကျွန်မကို ဘယ်လိုထင်မလဲမသိပါဘူး။မတတ်နိုင်ဘူးလေ။ထင်ချင်ရာထင်။ဝယ်ထားပြီးမှတော့ တန်အောင်ဒီလိုပဲသုံးရတော့မှာပေါ့။
ပိုက်ဆံကလည်း အိတ်ထဲမှာသိပ်မရှိတော့ဘူးလေ။အဲဒီ့ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးကို တောင်မှ ကြွက်ကလာကိုက်သွားသေး။ငါ့အဖြစ်ကလည်း "ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ"ဆို သလိုပါပဲလား။wifi သုံးရတာအဆင်မပြေတဲ့အပြင် ပိုက်ဆံကလည်းကြွက်ကိုက်ခံရလို့ပေါက်ပြဲ။မတတ်နိုင်ဘူး,နောက်နှစ်ရက်သုံးရက်လောက်တော့ဒီလိုပဲသုံးရတော့မယ်လို့တွေးနေတုန်း လက်ရှိချစ်သူ ကိုooredooက ဒီလိုစာပို့လာပါတယ်။စာထဲမှာ "အင်တာနက်800mbကို ၉၉၉ကျပ်ဖြင့်သာဝယ်ယူပြီး အပိုလက်ဆောင်၅၀၀ကျပ်ကိုရယူဖို့ *234#ကို အခုပဲခေါဆိုပြီး အတည်ပြုကြောင်း ၁ ကိုနှိပ်၍အစီစဉ်ကိုရယူလိုက်ပါ"တဲ့။ အဲဒီ့စာရတော့ကျွန်မ ကို ooredoo ကိုစိတ်ဆိုးပါတယ်။ ကျွန်မ ငွေဖြည့်တိုင်း အမြဲမျှော်လင့်နေတဲ့ ဒီလို message (မှတ်ချက်။ ။၉၉၉ကျပ်နဲ့ပုံမှန်ဆိုရင် Paung kuu data 650mbပဲဝယ်လို့ရပါသည်။အထက်ဖော်ပြပါmessage မျိုးရတဲ့အချိန်မှသာ ၉၉၉ကျပ်နဲ့800mb ဝယ်လို့ရ, ၅၀၀ကျပ်လည်းအပိုရပါသည်။)မျိုးကို အခြားရက်ငွေဖြည့်နိုင်တဲ့အချိန်မျိုးမှာတော့မလာဘဲ,ငွေမရှိငွေမဖြည့်နိုင်တဲ့အချိန်မျိုးမှ ဒင်း(ooredoo)က လာပါတယ်။ကျွန်မ စိတ် ထဲမှာ ပိုက်ဆံမရှိမှဒင်းကဒီလိုစာမျိုးလာပို့တယ်,အရင်နေ့တွေတုန်းကဒီလိုစာမျိုးရချင်လို့စောင့်နေတုန်းကတော့ဒင်းကမသိချင်ယောင်ဆောင်,ခုမှဒီလိုစာမျိုးလာပို့ပြီးငါ့စိတ်ကို မခံချိမခံသာဖြစ်အောင် လုပ်နေတာပဲ ဟုတွေးပြီးကိုooredoo ကို စိတ်ကောက်နေတုန်းမှာ သူကဒီလိုစာမျိုးလာပို့ပါတယ်။ သူ့စာထဲမှာက "ooredoo is giving you 100mb free data,valid for 3 days because we see you using data actively" ဆိုပြီးရေးထားပါတယ်။သူ့စာအဓိပ္ပါယ်က ကျွန်မ internet ကို အမြဲသုံးနေတဲ့အတွက်100mb အလကားပေးပါတယ်ဟုဆိုပါတယ်။ဒီmessageလေးရလိုက်တာဟာ ကျွန်မရဲ့စိတ်ဆိုးစိတ်ကောက်နေတဲ့ စိတ်လေးကို စိတ် ဆိုးပြေအောင်ချော့လိုက်သလိုပါပဲ။ကျွန်မ ကို ooredoo ကို ချက်ချင်း စိတ်ဆိုးပြေသွားပါတယ်။သူ့စာလေးကိုလက်ခံပြီးသူပေးတဲ့internet data လေးကို အိမ်ထဲမှာသုံးတဲ့အခါချွေတာသုံးစွဲခဲ့ပါတယ်။တစ်ဖက်မှာလည်းကိုwifi ကို အိမ်ရှေ့ထွက်ခြေထောက်ညောင်းခံ ဒုက္ခခံပြီးသုံးနေခဲ့ရပါတယ်။နောက်နှစ်ရက်,သုံးရက်အကြာ ငွေဖြည့်ကဒ်ထပ်ဝယ်နိုင်တော့မှပဲ ကို ooredoo,ကို wifi တို့နဲ့ တစ်လှည့်စီ နှစ်ပါးသွားရတဲ့ဒုက္ခ အဆုံးသတ် နိဂုံးချုပ်ခဲ့ပါတော့တယ်။
မှတ်ချက်။ ။ကျွန်မသည် Myanmar Net က ဝန်ထမ်းမဟုတ်ပါ။သို့သော် Myanmar Net(wifi)ကို စိတ်ဝင်စားလျှင် Myanmar Net facebook,Myanmar Net website တို့မှာဝင်ရောက်လေ့လာနိုင်ပါတယ်။wifiကနီးလျှင်လိုင်းကောင်းပါသည်။Myanmar Net ကအိမ်ထဲမှာသုံးလို့ကောင်းအောင်စက်ဌားတဲ့အစီအစဉ်တွေနဲ့အခြား data plan တွေလည်းရှိသဖြင့် စိတ်ဝင်စားလျှင် သူ့မူရင်း facebook page,website တွေမှာသွားရောက်လေ့လာနိုင်ပါသည်။
link-https://mobile.facebook.com/myanmarnetinternet/?_rdc=1&_rdr -http://www.myanmarnet.com/product/
credit- google image
Author -Myothuzar