Image - google
မင်္ဂလာရာသီအကူး
အထူးမိတ်ဆုံစားပွဲတွေမှာ
သူဟာအဝေးရောက်နေတဲ့
ငှက်ကလေးပေါ့ ...။
တမ်းချင်းလည်း မသီဆိုနိုင်
လွမ်းခြင်းတွေလည်းမဖွဲ့ နိုင်ခဲ့  ...။
အလုပ်ဟူသမျှဂုဏ်ရှိစွ
ကျောတစ်ခင်းစာ
ဝမ်းတထွာအတွက်
အလုပ်နဲ့အိမ် ၊ အိမ်နဲ့အလုပ်
ဘဝနိမ့်ပါးခြင်းတွေဖြေရှင်းရင်း
ကြမ်းတမ်းတဲ့အချိန်တွေထဲမျောပါနေခဲ့  ...။
ပျော်ရွှင်မှုမသိ
ခံစားမှုမရှိ စက်ရုပ်လူသားပမာ
ဘဝဟာ မာကြောနေခဲ့  ...။
အားလပ်ချိန်အလွမ်းဆိုတာ
သက်ပြင်းတွေ ရှိုက်ကာ ရှိုက်ကာ
မီးခိုးငွေ့ ပမာ လေထဲတွင်သာ
ပျောက်ကွယ်ခဲ့ ရ ။
နိမ့်ပါးတဲ့အလွမ်း နိမ့်ပါးတဲ့ဘဝမှာ
ရေစက်ဆိုတာ ကြားဖူးရုံသာ ။
ဘဝကြောင့် အချစ်ကို
စာစီမကုံးနိုင်ပေမယ့်
အချစ်ကြောင့်တော့ဘဝဟာ
နောင်တတွေ အလီလီ ။
ခုချိန်များအတိတ်ကို
ပြန်သွားခွင့်ရခဲ့ရင်
သူဟာ ရိုးသားအေးဆေးတဲ့
ငှက်တစ်ကောင်အဖြစ်
ရှင်သန်နေထိုင်ချင်မိကြောင်း
ကျွန်ုပ်ထံပါးသို့  စာလွှာပါးခဲ့လေသည်။
တကယ်တော့သူဟာ ရာဇဝင်ထဲက
ငှက်ကလေးတစ်ကောင်ပေါ့ ။ ။
By minkhantnyar