ဗန်းမော်မှာ မိုးတွေရွာနေတာ ဆက်တိုက်ဆိုသလိုပါဘဲ။ တိတ်လိုက်ရွာလိုက်နဲ့ မနားတမ်းရွာနေတဲ့မိုးဟာ ဒီနေ့လည်း ဆက်ပြီးရွာနေပါတယ်။ ရွာတာမှ ထူးထူးခြားခြား တနေကုန် မတိတ်ဘဲနဲ့ကို ရွာနေတာပါ။ နည်းနည်းစဲသွားလိုက် ထပ်ရွာလိုက်နဲ့ တိတ်မဲ့လမ်းလည်း မမြင်ပါဘူး။ တော်သေးတာက ကိုယ်တွေ ရုံးပိတ် ကျောင်းပိတ်ရက်ဆိုတော့ အပြင်မထွက်ရလို့ တော်သေးတယ်။ ဈေးသည်တွေ တစ်နေ့လုပ်တစ်နေ့စားသမားတွေအတွက်တော့ စိတ်မကောင်းဖြစ်မိပါရဲ့။ မိုးရေထဲမှာ လက်တွေ ခြေတောက်တွေ ပဲရေခွံ့လိုက်အောင် အလုပ်လုပ်ကျရရှာပါတယ်။
တိုးတိတ်စွာနဲ့ ငြိမ့်ငြိမ့်လေးစီးဆင်းတက်တဲ့ တာပိန်မြစ်ကြီးတောင် ဒေါသတွေထလို့ ဝဲဂရက်တွေ ဖန်ဆင်းပြီး ဆူဆူညံညံနဲ့ စီးဆင်းလို့။ ဒီလောက်မိုးရွာနေတာတောင် ထူးခြားတာက မီးမပျက်တာပါဘဲ။ မီးမပျက်တော့ Tvလေးဖွင့် တက်လာတဲ့သတင်းက ဂျပန်မှာ ရေကြီးတဲ့အကြောင်း။ လူတွေ ဒုက္ခရောက်လိုက်ကျတာ။ ဘေးကင်းပါစေလို့ဆုတောင်းရင်းနဲ့ ကိုယ်တွေဒေသ သဘာဝဘေးအန္တရာယ်ကင်းလို့ တော်ပါသေးတယ်။ ရေကြောင်းနဲ့ သွားလာနေကျတဲ့ သတ္တဝါတွေအားလုံးလည်း ဘေးကင်းပါစေလို့ ဆုတောင်းရင်း ရွှေမိုးရယ် တိတ်ပါတော့လို့...