တစ်လ တော့ ကုန်သွားပြန်ပါပြီ။ လျာထားတဲ့ sp လေး ထုံးစံ အတိုင်းပဲ မပြည့်လို့ ထပ်ဖြည့်ရပြန်ပါတယ်။ ကြိုးစားမှုတွေ မလုံလောက်သေးဘဲ လိုအပ်ချက်တွေ ရှိနေသေးတဲ့ သဘော ဖြစ်ပါတယ်။ နေ့စဉ် နဲ့ အမျှ အကောင့်လေးက ကြီးထွားမလာဘဲ ပုံမှန် အတိုင်း ရှိနေသလို ဖြစ်နေပါတယ်။ လူသား အနေနဲ့ သာဆို ကျွန်တော့ စတီးမစ် အကောင့်လေးဟာ သက်ကြီးပုလေးများ ဖြစ်နေမလား မသိပါဘူးဗျာ။
အခုဆို နောက်ငါးလ အတွင်းမှာ 500 SP ရအောင် စုရဦးမည်။ ဒါကြောင့် ရပေါက်ရလမ်း တစ်ခု အနေနဲ့ နားထားတဲ့ sm လမ်းကြောင်းကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေရသည်။ လွယ်တော့ မလွယ်ပါ။ ကိုယ့်လက် အနေအထားနဲ့ ကောင်းကောင်း ကစားနိုင်တဲ့ အခြေအနေ ရောက်ဖို့ စတင်းတွေ ရာဂဏန်းမျှ ပြန်လည် စိုက်ထုတ် ရင်းနှီး ရပေမည်။
စတင်းဈေးက မတက်လာတော့ စတင်းတွေ ပိုမို ကုန်ကျရပေသည်။ စတင်းသာ ရှိသင့်သော ဈေးနှုန်းတစ်ခု တွင်သာ ရပ်တည်နေပါက sm အတွက် ဒီမျှလောက် ကုန်ကျမည် မထင်ပါ။ အခုတလော လည်း အားလုံးလိုလိုက ကျနေတာ ဆိုတော့လည်း မပြောသာဘူးပေါ့လေ။
နှစ်ကုန် ပိုင်းမှာတော့ စတင်းခြေလှမ်းတွေ ခပ်စိတ်စိတ် လေး မြင်ရဖို့ ရှိနေပါတယ်။ ထုံးစံ အတိုင်း ကြေငြာတော့ တစ်မျိုး ဖြစ်လာတာက တစ်မျိုး လားဆိုတာကတော့ ပိတ်ကားပေါ်ကသာ စောင့်ကြည့်ရမှာပါ။ တကယ် ပြောင်းလဲခဲ့ရင် ကိုယ့်ဘက်က အသင့်အနေအထား ဖြစ်အောင်တော့ ပြင်ဆင် ထားရမယ်ဗျ။ ဒါမှ အလိုက်သင့်လေး ဖြစ်မှာ။ ဖြစ်တာ မဖြစ်တာကတော့ နောက်တစ်ပိုင်း ပေါ့လေ။
Written by 
Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=89