အတိတ်မှာ အရာအားလုံးကိုခပ်ပေါ့ပေါ့
သဘောထားပြီး ကျင်လည်ခဲ့ပေမယ့်
အောင်မြင်လာသည့် အလျောက် ..
အသိဉာဏ်တွေ အတွေးအခေါ်တွေ
စရိုက်တွေက ပြောင်းလဲခဲ့လေပြီ။
မည်မျှပင်ဆိုးပေတေနေခဲ့သော်လည်း
အချိန်ကျလာတော့ ပြောင်းလဲတတ်ကြသည်မှာ ကြမ္မာတခုလို ပါပဲ။
အဆိုးရှိရင်အကောင်းရှိသလို အကောင်း
ရှိရင်အဆိုးရှိတတ်ကြစမြဲ ။ အကောင်း
အဆိုး ဒွန်တွဲနေတဲ့လောကကြီးထဲမှာ
နေထိုင်နေသော ကိုကျော်ဇင်တယောက်အပြောင်းလဲကြီးပြောင်းလဲခဲ့သည်မှာတော့ ကောင်းသောပြောင်းလဲခြင်းဖြစ်ခဲ့ ပါပြီ ။
လောကတွင်ဘယ်အရာမှမတည်မြဲသော
သဘောတရား ၊ ကြိုးစားရင် ဘာမဆို
ဖြစ်နိုင်ခြင်း၊ ဇွဲလုံ့ လ ဝီရိယ နဲ့ အခွင့်ရေးကိုဖမ်းဆုပ်နိုင်ခြင်း စသည်သဘောတရားများနဲ့ အတူ စီးပွားရေးအကြောင်းကို ယခု ကိုကျော်ဇင်တယောက်
အလွန်ပင် သဘောကျခဲ့လေတော့သည်။
..
စာသောက်ဆိုင် လုပ်ငန်းမှ တဆင့်အဆက်သွယ်ကောင်းများရှာခဲ့သောကိုကျော်ဇင်
တယောက် ယခုချိန်တွင် motel ပိုင်ရှင် ၊မြေဝယ်ရောင်း ငွေရှင်ကြေးရှင် ဘဝသို့  ကူးပြောင်းခဲ့လေပြီ။
...
တချိန်က ကေတီဗွီ ၊ မာဆတ်တွင်သာ
ပျော်မွေ့ ခဲ့သော ဇိုးသမားတဖြစ်လဲ
ကိုကျော်ဇင် ။ ဆွေမျိုးများကခေါ်အပြော အလွန်နည်းခဲ့ သော အကူညီလက်ရှောင်ကြသော ထို ရွှေရှိမှ မျိုးတော်တတ်ကြသော အမျိုးများသည် ယခု ကိုကျော်ဇင် အား အရှင်သခင် သဖွယ် လေးစားအား ကျဆက်ဆံနေကြလေတော့သည်။
...
ကို ကျော်ဇင့် စီးပွားရေးကံက ကြောက်ခမန်းလိလိ ၊ မြေကွက်တွေ အကျိုးအမြတ်
ထင်သည်ထက် နေ့ချင်းညချင်းအမြတ်ပိုခြင်း ၊ ဝယ်ယူစုဆောင်းခဲ့သောလယ်မြေများမှာ သီးနှံများအောင်မြင်ဖြစ်ထွန်း
ခြင်း အဆက်သွယ်ကောင်းများတခုပြီး
တခု ဝင်လာခြင်း ။ စသည်အကျိုးကျေး
ဇူးများကြောင့် ကိုကျော်ဇင်တယောက် ထင်ထားသည်ထက်များစွာပင် အချိန်တိုတို
တွင်းတိုးတက်ခဲ့ခြင်းပင်ဖြစ်ပါသည် ။
တနယ်လုံး ကိုကျော်ဇင်အားမသိသူ
မရှိသလောက် ငွေကြေးသြဇာကျယ်ပြန့်ခဲ့လေသည်။
သို့ သော် ယခင် ကျန်းမာရေးမကောင်း သည့် အခံရှိခဲ့သောကိုကျော်ဇင် ယခုတွင်
လည်း ကျန်းမာရေးက ခနခန ဖောက်ပြန်လာခဲ့ သည်။
မိမိအခြေနေကို မိမိပြန်လည်သုံးသပ်
ရင်း လောကရဲ့ မတည်မြဲခြင်းသဘော တရားများကို နားလည်လာသည့်
အလျောက် ကိုကျော်ဇင်သည် အလှူအတန်းများပြုလုပ်သည်။ ဘုရားကျောင်းကန် ဇရပ်များ မတည်လှူတန်း သည်။ကျေးရွာထဲရှိ ဆေးမကုနိုင်သော လူနာများကို ဆေးကုသပေးသည်။
ငွေကြေးချို့ တဲ့သူများကို မိမတတ်နိုင်
သလောက်အလုပ်အကိုင်ရှာပေးခြင်း
ထောက်ပံခြင်းများပြုလုပ်ပေးသည်။
ပညာရေးအတွက် စာသင်ကျောင်းများ
အားပြုပြင်မွန်းမံ အလှူဒါနပြုပေးသည်။
မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသည့်အတိုင်း ဇနီးဖြစ်သူမှလည်း ပါရမီဖြည့်
ဘက်ကောင်းပီသသည်ငြူစူမြည်တွန်တောက်တီးမှုမရှိ ။ အရာအားလုံး
ယောကျာ်းသဘောအတိုင်းသာ။
သားထောက်သမီးခံ ရင်သွေးရတနာမရှိခဲ့လေတော့ မိမိတို့အတွက်ပူပန်စရာမရှိ
တာလည်း ပါမည်ထင်ပါသည်။
..
ထိုသို့ လည်ပတ်နေရင်း ကျန်းမာရေး
ကြောင့် ဆေးရုံတက်ရပြီးဆေးရုံက ဆင်း လာသည့် တချိန်တွင်တော့ ကိုကျော်ဇင်သည် မည်သို့  အတွေး ရှိလေသည်မသိ ..
ပိုင်ဆိုင်မှုများအားလုံး
ဇနီးဖြစ်သူထံ လွှဲပြောင်းပေးအပ်ခဲ့လေသည်။
လောကီမှမိမိကိုယ်တိုင်အနားယူလောကုတ္တာသို့ ကူးပြောင်းပြီး ရာသက်
ပန်ရဟန်းဘဝနှင့် ပင်အခြေချကာတရား
ဘာဝနာအားထုတ်လေတော့သည်။
ယ္ခုချိန်တွင် ကိုကျော်ဇင်တစ်ဖြစ်လဲ ဦးဇင်းကျော်ဇင် (ဘွဲ့ တော်အမည် မသိရှိ)သည်ရွှေသောင်ယံကမ်းခြေ စက်တော်ရာ ဘုရားတွင် ကျောင်းသင်္ခန်းဆောက်လုပ်ကာတပါးတည်း တရားအားထုတ် သီတင်းသုံးနေထိုင်လျှက်ရှိပေတော့သည်။
ဘဝတွင် သမန်ကာလျှံကာမက ဆိုးပေ
ခဲ့သော ၊အောင်မြင်ခဲ့သော ကိုကျော်ဇင်
တယောက် နောက်ဆုံးတွင် အေးချမ်းမှု၊
ဆိတ်ငြိမ်မှု ၊ တည်ငြိမ်မှုနှင့်အတူ ဘဝသစ်
တခုကိုရှာဖွေ တွေ့ ရှိသွားလေတော့သည်။ထိုအချိန်မှစ၍၎င်း၏ကျန်းမာရေးသည်လည်း အလွန်ပင်တိုးတက်ကာကောင်းမွန်ခဲ့လေသည်။
....
ကိုကျော်ဇင် ဇတ်လမ်းအားဤတွင်အဆုံးသတ်ပါသည်။
....
ထိုနယ်ရှိ လူတိုင်းပါးစပ်ဖျားတွင်ပြောစမတ်တွင်ခဲ့သော ဇတ်လမ်းတစ်ပုဒ်အား မိမိအတွေးဖြင့် အကျဉ်းချုပ်ကာ
ရေးသားခဲ့ခြင်းဖြစ်ပါသည်။ အဆင်မပြေသော မကျွမ်းကျင်သောအရေးအသားအတွက် တောင်းပန်ပါသည်။
...
(ဖတ်ရှု့ အားပေးကြသော steemit မှညီအစ်ကိုမောင်နှမများအားလုံး ကိုယ်
စိတ်နှလုံးရွှင်လန်းချမ်းမြေ့ ကြပါစေလို့ 
ဆုမွန်ကောင်းပေးပါသည်။)
....
Author by
(ကိုယ်တိုင်ဖန်တီးရေးဖွဲ့သည်။)
Photo by google .