ဘာဖြစ်ဖြစ် စာရေးသူတယောက်အနေနဲ့
(အရေးအသားအပထား)
စိတ်တွေက လွတ်လပ်နေရမယ် ။
မလွတ်လပ်ရင် ရေးရတာ ထောက်တယ်
ပွင့်လင်းမြင်သာမှုရှိတဲ့ခေတ်မှာ
အရေးအသား တခုက အဆိုးအကောင်း
တော့ ဒွန်တွဲနေမှာပါပဲ။
နှလုံးသားမှာခံစားချက်ရှိပြီး ဦးနှောက်မှာ အတွေးတွေရှိတယ် ။
အတွေးအတိုင်းပဲအရေးတွေဖြစ်ကြတယ် ။
...
steemit ကို ကြိုက်တာ အဲ့တာတွေပါတယ်။ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်
အရေး စိတ်ကြိုက်တွေးနိုင် ရေးနိုင်တယ်။
Very fine နေပြီပေါ့ ..
ဒါပေမယ့် တခုက ကျုပ်တို့မှာ
Promotion မရှိ ရင် ပိုစ့်တခုကို 0.04 လောက်နဲ့  ရှင်သန်မှာလား ။ ဘာဆက်လုပ်ကြမလဲ ။ ကိုယ်လည်း စိတ်ပါနေပြီလေ ။ အခွင့်ရေးကောင်းတခု ရနေပြီလေ ။
ကဲပြော ..ဘာလုပ်ကြမလဲ ?
တနေ့က ကျုပ်တွေ့ တယ်
Don't send စာတကြောင်းရေးတယ် ဒေါ်လာ 19.12$ ရတယ်။
update finish 20$ ကျော်တယ် ။
(ပုံတော့မပြတော့ဘူး။)
အဲ့တာပဲရေးတာနော်။ ကျန်တာဘာမှ မပါဘူး။ သူတို့လူမျိုးတွေ ဘယ်လောက်လူညီကြလည်း။
ကျနော်တို့ မြန်မာ steemit မန်ဘာတွေ ဘာလုပ်နေမှာလည်း ။ ခင်ဗျားတို့ ဒေါ်လာတွေ ထုတ်ပြီး ဆရာဖေမြင့်ရေးတဲ့ ဘေဘီလုံစာအုပ်ကလို ပြန်မရင်းနှီးချင်ကြဘူးလား ။ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံလောက်ပေါ့ ။
မန်ဘာတွေ ဂရုမှာလည်း ရာကျော်တယ် ။ ဘယ်သူမှ active မဖြစ်ကြဘူး။ တိုင်တိုင်ပင်ပင် မရှိကြဘူး leader team ပဲရှိ
တယ်။ ကျန်တာ active နည်း တယ်။
..
Promote မရှိရင် steemit ကထွက်ကြမှာလား။ where is the future including the steemit?
အဲ့တာပေါချောင်ကောင်းလုပ်နေကြတာ။
အားနာစရာကြီး .. သူများတွေက sbd ဝယ်ထည့် ခင်ဗျားတို့ကို vote ပေး
ခင်ဗျားတို့က မှိန်းခံ။
( ပြောသာပြောရတယ် ကျနော်လည်း
မဝယ်ထည့်ရသေးဘူး 😁😁)
ကဲ .. ကိုယ့်ကိုပရိုမုတ်ပေးနေသူတွေကို အားနာစရာမကောင်းဘူးလား?? Pro မရရင် ပြသနာကရှာချင်သေးတယ်။
အပိုမပြောဘူး ကျနော်လည်းလုပ်ဖူးတယ်။
...
အဲ့တော့ အဓိကပြောချင်တာ ညီညွတ်ကြဖို့ ကျုပ်တို့ မြန်မာ steemit ကိုအသက်သွင်း ဖို့  တိုးတက်ချင်တဲ့ မန်ဘာအားလုံး တစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်။
...
ပရိုပိုစ့် မန့် 20 vote 20 မပေးချင်လည်းပဲ
ပေးနေကြရတယ်။ လိုင်းအရမ်းစားတယ်ဆိုတာရှိသေးတယ်။ ဘယ်သူမှ အတင်းရေး၊ အတင်းမတင်ခိုင်းဘူးလေ ။ ရေးတင်
မယ်၊ ပရိုမုတ်ပါချင်တယ်ဆိုရင်တော့ စည်း
ကမ်းချက်ကိုတော့ လိုက်နာရမှာပါပဲ ။
တကယ်လို့  အဲ့ ..စည်းကမ်းသာမရှိရင် ကျုပ်တို့မြန်မာတွေတင်တဲ့ ပိုစ့် ကွကိုယ် ပြန် vote ပြန်မန့် ရုံ ပဲရမယ် ။
...
စိတ်ပါဝင်စားမှုအားနည်းရင် ဘယ်အလုပ်မှ မလုပ်တာအကောင်းဆုံးပါပဲ။ ရေရှည် လက်တွဲပြီး တန်းတူညီတူ အခွင့်ရေးတွေကိုင်ပြီးလူညီညီနဲ့  နှစ်ပတ်တခါ နိုင်သလောက်စုဝယ်ပြီး SBD အင်အားဖြည့်ကြရင်မကောင်းဘူးလားလို့ steemit ဘဝတူ ညီအစ်ကိုမောင်နှစ်မများသို့ အကြံပြု တင်ပြအပ်ပါတယ် ။
...
လောလောဆယ်တော့ ကျနော်တို့ myr steemit Member ဝင်တွေ 5$ တော့
အောင်မြင်မှုရနေပါပြီ ။ ဆက်လက်ကြိုး
စားကြပါစို့  ..