မင်္ဂလာပါ Steemit အဖွဲ့ သူအဖွဲ့ သား
ညီအစ်ကိုမောင်နှစ်မများ ခင်ဗျာ။
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်။
ဒီနေ့တော့ အတွေးတစ်စကိုဖမ်းဆုပ်ရင်းပိုစ့်လေးတစ်ခုနဲ့ အတူ တိုက်ဆိုင်ဆိုင်တဲ့ 
အရေးအသားတခုကိုအခြေပြုပြီး Question Post တခု ရေးတင်လိုက်ပါတယ် ။
..
သူ့ ကို ..
ကမ္ဘာကခေါ်တာက Weed / Ganja / Marijuana / Cannabis
မြန်မာအခေါ်ကတော့ ဆေးခြောက်ပေါ့။
ကျနော့်ကို လာမေးရင် ...
ဆေးခြောက်ကြိုက်လားဆိုတော့ကြိုက်တာပေါ့ ၊ ဆေးခြောက်သုံးလို့ အစားအသောက်လည်းမပျက်၊မှိန်းလို့လည်းကောင်း ၊ တွေးလို့လည်းကောင်း feel ရှိလိုက်သမ တွေးလိုက်ရင် အတွေးတွေက အထာကိုကျလို့  အိုနာသေမှု ဘာမှမရှိ အတွေးက နတ်ပြည်ပဲ ။ အရက်ကတောင် ရေချိန်လွန်လာရင် စကားများချင်ရမ်းချင် လာတတ်သေးတယ် ။ သွေးဆိုးတဲ့သူဆို ပြောမနေနဲ့ တော့ ။ဆေးခြောက် က ကိုယ့်စကားလာပြောမှာ ကိုယ်ကပြန်ပြောရမှာတောင်ဖီးငုပ်မှာစိုးလို့ ကြောက်နေတာ။
Gabriella Pann ရေးထားတာက
Q : အဲ့ဒါကြီးက မူးယစ်ဆေးဝါး မလား။ စွဲမှာပေါ့... ရုပ်ရှင်တွေထဲမှာလေ ဆေးစွဲပြီး အိမ်ကပစ္စည်းတွေရောင်းသုံး ဆေးချ ပြီးရင် လမ်းဘေးမှာ ပိုးစိုးပက်စက်သေတာလေ .. blah blah
A: (၁) အဲဒါက မူးယစ်ဆေးမဟုတ်ဘူး။
(၂) မစွဲဘူး။ မသောက်ရလည်း ဘာမှမဖြစ်ဘူး။
(၃) ဗမာကားသိပ်မကြည့်နဲ့။ ကျပ်မပြည့်ဦးဏှောက်တွေနဲ့ ပြည်သူတွေ ကိုမှိုင်းတိုက်တာ ဒီကောင်တွေလည်း တဖက်တလမ်းကပါဝင်နေတာ။ 😃😃
....
ဟုတ်တယ်လေ ။ကျနော်ထောက်ခံတယ်။ မသောက်ရ မရှူရလည်း။ ယင်းထခြင်း ဘာညာမရှိဘူး ။ အကြမ်းဖျဉ်းအားဖြင့် ဆေးလိပ်သောက်သလိုပဲ ။ ဆေးလိပ်သောက်ချိန် မသောက်ရရင် ပါးစပ်ချဉ်သလိုလို၊ထမင်း ပဲဆာသလိုလို ၊တခုခုလိုသလိုလို ပဲ ဖြစ်တတ်တာ။ အရက်လိုလည်း ဆိုးကျိုးမရှိဘူး။
အဖြူတို့ ဘာတို့ က အကြောအချဉ်တွေ ထဲကကို မခံနိုင်တာမျက်ရိုးကိုက်၊အဆစ်အမြစ်တွေကိုက် ခါးသက်သက်အရသာကို ချဉ်ခြင်းတပ်လာတာကတမျိုး ၊ တကိုယ်လုံး အားမရှိသလို ဖြစ်ပြီးမလှုပ်ချင် မကိုင်ချင်ဖြစ်ပြီးနွမ်းနယ်နေတတ်တာအကြမ်း ဖျဉ်းပေါ့ ။
....
ဆေးခြောက်နဲ့ပတ်သက်လို့ 
ထပ်ပေါင်းထည့်ပြီးပြောထားတာက
ခါးကိုက် ခါးနာ အကြောအချဉ်ပြေ
စေတယ်။ကိုယ်ရော စိတ်ရော နူးညံ့ပျော့ပြောင်းစေတယ်။
စိတ်တည်ငြိမ်တယ်။
စကားနည်းတယ်။
ဦးဏှောက်မှတ်ဥာဏ်မြင့်မားစေတယ်။
Streess တွေ ပြေပျောက်စေတယ်။
(Stressful ဖြစ်ပြီး suicide လုပ်သွားတဲ့သူတွေ မသောက်ဖူးလို့ပဲနေမှာ)ကင်ဆာရောဂါကိုတောင် ကာကွယ်နိုင်တယ်။
ကြမ်းတမ်း ရမ်း ဆိုးသွမ်းတဲ့လူတွေကိုကြောက်တယ် (ကိုယ်တိုင်လုပ်ဖို့ဆိုတာ အဝေးကြီး)
အစားအသောက် စားလို့ပိုကောင်းတယ် အရသာပိုရှိတယ် အရသာပိုသိတယ်။ (နလန်ထ နာတာရှည်သမားတွေဆို ငေါက်ခနဲ ထထိုင်ပြီး ထမင်းစားနိုင်တယ်)
Sexual ပိုင်းမှာဆိုရင် အရင်ကအကောင်းဆုံးလို့ သိခဲ့တဲ့အရာတွေထက် အဆမတန်ပိုကောင်းတဲ့အရသာကို ရရှိတယ်။ (အိမ်ထောင်ကွဲခါနီး လင်မယားတွေ စုံတွဲတွေသောက်သင့်တာပေါ့)
...
ကဲ .. ဘယ်လောက် ၊ဆေးဘက်ဝင်လိုက်သလဲ ။ တချို့ ဆို ကျန်းမာရေးအရ ကိုယ်တိုင်စိုက်ပျိုးပြီးသောက်ကြတယ်။ အရာရာကို အဆင်ပြေလို့  ဒါကို
မူးယစ်ဆေးဝါးလို့  စွပ်စွဲပြီး အောက်ခြေ လူတန်းစားတွေ နဲ့ဝေးအောင်ဈေးမတန်တဆ တင်နေတာ ဟာ ဈေးကွက် ကိုကစားနေတာလား ဒါမှမဟုတ်လူတွေကို
အကောင်း ဆုံးအရာနဲ့ ကင်းဝေးအောင်ဖန်တီးနေကြတာလား။တွေးစရာပါ။
...
ကိုယ်သိတာ ဒီလောက်ပဲရှိတာ ဒိထက်ကောင်းတဲ့  အကြောင်းအရာတွေရှိဦးမယ်
..
ဆေးခြောက်သောက်လို့ သေတဲ့  အရေအတွက်ကို ကမ္ဘာ့စစ်တမ်းအရ
ကောက်ယူကြည့်တဲ့အခါမှာ Zero ပဲ ပြပါတယ်။
အောက်ပါစစ်တမ်းအချက်များကို ဝင်ရောက်ဖတ်ရှူ့ ပါ -
1.စီးကရက်သောက်လို့သေတဲ့အရေ
အတွက် - 435,000
diet လုပ်ပြီးသေတဲ့အရေအတွက် - 365,000
အရက်သောက်ပြီးသေတဲ့အရေအတွက် - 85,000
ကားဆိုင်ကယ်တိုက်ပြီးသေတဲ့ အရေအတွက် - 26,347
လူသတ်မှုဖြစ်ပြီးသေတဲ့အရေအတွက် - 20,308
Aspirin ကြောင့်သေတဲ့အရေအတွက် - 7600
မြေပဲကြောင့် သေတဲ့အရေအတွက် - 100
ဆေးခြောက် (Marijuana) ကြောင့် သေတဲ့အရေအတွက် - 0
လို့  ပြထားပါတယ် ။
အရက်သောက်ခြင်း ၊မြေပဲ စားခြင်း လောက်တောင် side effect မရှိတဲ့အရာကို မူးယစ်ဆေးဝါးလို့  စွတ်စွဲနေခြင်းဟာ ဆေးခြောက်ဆိုတဲ့ စိတ်ရောကိုယ်ပါ ခံစားမှုတွေ ၊ သက်သာမှုတွေ ပေးစွမ်းနိုင်တဲ့ အပင်စိမ်းလေးတစ်ပင်ကရလာတဲ့ သဘာဝအရွက်လေးအပေါ် မတရား ရာကျမနေဘူးလားလို့ ??
ပြန်လည်သုံးသပ်ရင်း မေးခွန်းထုတ်ချင်ပါတယ်။
.....
ရွှင်လန်းချမ်းမြေ့ ကြပါစေ။
မှီငြမ်း ... Gabriella Pann post အား မှီငြမ်းရေးသားသည်။
Photo by facebook.