အတိတ်ဆိုတာတခါတလေ ပြန်တွေးရင်
ကြည်နူးရသလို နာကျင်ရတာတွေလည်း
ရှိတယ်။ အနိမ့်မြင့်အတက်ကျများလွန်း
တဲ့ဘဝမှာရင်နာစရာတွေကများပါဘိနဲ့ ။
ကိုယ့်ဘဝကိုယ် ကျေနပ်ခဲ့ရတာရှိသလို
မကျေမနပ်နဲ့ ဘဝကိုခရီးဆက်နေရတာတွေလည်း ရှိတယ်။
အောင့်မေ့တမ်းတခြင်းကင်းသောအတိတ်ဆိုတာတော့မရှိသလောက်ပါပဲ ။ တွေးတတ်၊ ယူတတ် မယ်ဆိုရင်တော့ အတိတ်ဟာ အတုယူစရာတွေ ကြိုးစားစရာတွေသင်ခန်းစာ တွေတပုံ တပင် ကြီးပါ။ ချရေးတိုင်းစာမဖြစ်သလိုတွေးတိုင်းလည်း အတိတ်မဖြစ်ပါဘူး။
လွမ်းစရာဆွေးစရာ ၊ အတူနေခွဲခွာ ချစ်ကြိုက် ပြီးအကြောင်းတစုံတရာကြောင့်ခွဲခွာခဲ့ရတာတွေက ဝမ်းနည်းစရာပိုများ
သလိုပဲ ။
ကျနော့်အတွက် တချိန်ကအမှတ်ရစရာ ၊ မှတ်မှတ်ရရ အတိတ်လေးတခုကတော့
ဆယ်တန်းကျောင်းသားဘဝက အချိန်
လေးပါပဲ ။ ဆယ်တန်းပထမတစ်နှစ်ကျတော့ မိဘတွေက ငါ့သား ဒီမှာနေရင်
အပေါင်းသင်းစုံတယ် ဒီနှစ်တော့
မြို့ မှာဘော်ဒါဆောင်ပြောင်းတက်တော့ဆိုပြီး မြို့ ကိုပို့ တယ် ။
လွမ်းပြီလေ ...
ရွာနဲ့တခါမှမခွဲဖူး၊မိဘနဲ့ဆိုပိုဆိုး
ဘယ်လိုမှမပျော် ။ ဘော်ဒါဆောင်ဆိုတော့ သိတဲ့အတိုင်း အပြင်ထွက်ချင်တိုင်း
မထွက်ရ ရောက်ရောက်ခြင်း ပညာကစမ်းသေးတာဒီကျောင်းသား ပညာအရည်အချင်းဘယ်လောက်ရှိလဲ၊ ဉာဏ်ရည် ဘယ်လောက်ကောင်းလည်း၊ စည်းကမ်း ဘယ်လောက်သေဝပ်လည်း သူတို့ ဘာတွေ ထိန်းသိမ်းဖို့ လိုလည်း စသဖြင့်ပေါ့ ပြီးရင် ဘာသာစုံ အမေးအမြန်း အဖတ်အရှူ့ မပေး တခါတည်းတန်းပြီးစာမေးပွဲစစ်တာ
..
ကျနော်ကလည်း ကံကောင်းတဲ့ ဘမောင်ပဲလေ ချက်ဆို နားခွက်ကမီးတောက်ပြီးသားအစောကြီးထဲက အဲ့သတင်းကြားပြီး အိမ်က ထွက်ပြေးမိလို့ စာမေးပွဲမဖြေဖြစ်လိုက်တဲ့စာတွေ ပြန်နွေးပြီးမှသွားတာ။(ရွာတော့သိက္ခာကျမခံဘူး။ ဒီရွာကကျောင်း သားတော်တယ်ဆိုတာပဲ
ဖြစ်ချင်တာ။) စာမေးပွဲ စစ်တော့ ဘာသာ
စုံအထိအခိုက်မရှိ လွတ်လွတ်ကျွတ်ကျွတ်အောင်ပွဲဆင်နိုင်ခဲ့တယ်။ ဘာသာစုံအမှတ်ကောင်းနဲ့အောင်မြင်အောင်ဖြေနိုင်တော့ ကိုယ်တွေးတာက ငါတော့ဖြင့် အဆင်ပြေပြီပေါ့ ။အခွင့်ရေးလေးဘာလေးရပြီပေါ့ ။
အတွေး နဲ့လက်တွေ့ တက်တက်စင်အောင်လွဲမှန်းနောက်ပိုင်းမှ သိလာရတယ်။ဘော်ဒါအောင်ချက်ကောင်းပြီး ဂုဏ်ထူးရှင် များများထွက်အောင် train ပေးချင်လို့ တမင်တကာ ဉာဏ်ရည်စစ်တဲ့ စာမေးပွဲ
တဲ့  ။
သေရောလေ .. အဲ့မှာစတွေ့ တာ ကိုယ်ကပညာအရည်ချင်းဆို ဘွဲ့ ရတော်ပြီပဲမှန်း တာ။ ဆရာဝန်လည်း မဖြစ်ချင် ၊ အင်ဂျင်နီ
ယာ ဆိုဝေး ဝါသနာပါတာ ဘာမှကိုမရှိတာ။ အိမ်ကတက်ခိုင်း လို့သာ တက်နေရတာ ရွာမှလည်း ဆယ်တန်းအောင်အရေအတွက်က လက်ဆယ်ချောင်းတောင် မပြည့်သေးတော့ ရွာကလူတွေက လည်း အောင်စေချင်တယ် ။ အားပေး ကြ တယ် ။
ကိုယ်ကလည်းသွားသာတက်နေရတာ
တောင်ပေါ်တက် ရွှံ့ ခွာ၊လောက်စာလုံးလုံး၊ငှက်ပစ် ။ ပင်လယ်ထဲဆင်းငါးဖမ်း၊ရေငုပ် တရွာနဲ့တရွာ ချိန်းပြီးဘောကန် ၊ခြင်းခတ် ၊ ပွဲ လန်းသဘင်တွေရှိရင် အဖွဲ့ လိုက်သွားမယ် မိန်းမပိုးမယ် ၊ အရက်ခိုးသောက်၊ဆေးလိပ်ခိုးသောက် နဲ့ပဲ ပျော်မွေ့ နေချင်ခဲ့တာလေ ။
ဒါပေမယ့် ငယ်ငယ်ထဲက အဲ့အတွေးတွေ စိတ်ကူး ထဲပဲရှင်သန်နေခဲ့ရတယ် ။
ကလေးဘဝရယ်လို့ လွတ်လပ်ခွင့်အပြည့်အဝ မရခဲ့ ။ အမေ၊ အဖေ တွေထက်အဒေါ်တွေ အဖိုးအဖွားတွေကပိုဆိုး ဟိုမသွားရဒီမသွားရ နဲ့လှောင်ချိုင့်ထဲကငှက်တစ်ကောင်လိုပဲ စိတ်ညစ်စရာအပြည့် ။
ကိုယ်နေချင်သလိုမနေရ သွားချင်၊ သလိုမသွားရ စားချင်သလိုမစားရအရာရာချုပ်ချယ်နေကြတော့ ကလေးသဘာဝ စိတ်ညစ်ရသည်ပေါ့ ။
မြို့ ရောက်ပြန်တော့ အပီကဲမဟဲ့ ဆိုပြီး
ကျိတ်ပျော်လာတာ မြို့ ရောက်ပြန်တော့
မှန်းချက်နဲ့ နှမ်းထွက်မကိုက် အစားအစာက စကေးနဲ့  လေတာပေါ့ အိမ်ကိုအလွမ်း ဆုံးအချိန်ကိုပြောပါဆိုရင်အဲ့အချိန်ပဲ ။
အစားအစာစကေးနဲ့  အိပ်ရာထချိန်ကအစောကြီး ညအိပ်ရာဝင်ချိန်က နောက်ကျ
စိတ်ညစ်တာဗျာ ..ပြန်ပြေးချင်စိတ်ကို
ပေါက်တယ် ။
အိမ်မှာနေတာထိုင်တာမလွတ်လပ်တာက
တမျိုး ဘော်ဒါရောက်တော့ နေရတာပိုဆိုး
ပြီလေ ။ '' ကျားက ရှင်ထက်ဆိုးတယ်'' ဆိုတာ လက်တွေ့ ယုံလိုက်မိတယ်။
ဘော်ဒါတက်နေရင်း သူငယ်ချင်းသုံးယောက်နဲ့ စိတ်တူကိုယ်တူပေါင်းမိတယ်။
သူတို့ကတော့ကျနော့်ထက် ဘော်ဒါရောက်တာတစ်ပတ်လောက်စောတယ်။ ကျနော်အပါအဝင်ဆိုတော့ လေးယောက် ..
လေးယောက်ပေါင်းတော့ လောင်းကျော်ပြီလေ ။ နေသေားမကျခင်ညဉ်းညူနေကြပေမယ့် နေသားကျလာကြတော့ ...
ဆက်လက်ရေးသားပါဦးမည် ..။
...
Steemit member ဝင် ညီအစ်ကိုမောင်နှစ်မများအားလုံး ကိုယ်ချမ်းသာစိတ်
ကျန်းမာလိုရာဆန္ဒပြည့်ဝကြပါစေ ။
...