Steemit အဖွဲ့ သူအဖွဲ့ သား ညီအစ်ကိုမောင်နှစ်မများအားလုံး မင်္ဂလာပါလို့
နှုတ်ခွန်းဆက်သပါတယ်။
သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ
ပျော်ရွှင်ကြည်နူးစရာများပိုင်ဆိုင်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာ ။
...
ကျနော့်ရဲ့ မဆုံးသေးသော " ပြန်တွေးဖြစ်ခဲ့ သောနေရက်များ " ခေါင်းစဉ်ရဲ့ အပိုင်း ဆက်လေးကို ဆက်လက် ရေးသားလိုက်ပါတယ်။ဖတ်ရအဆင်မပြေတာ ၊
ထောက်နေတာ တွေများရှိရင် ခွင့်လွှတ်ပေးဖို့ ကြိုတင် မေတ္တာရပ်ခံပါတယ်။
အရေးအသားကတော့ ကလေးစာစီစာကုံး
အဆင့်ပဲရှိလို့  သီးခံဖတ်ပေးကြပါလို့  ...
ပြန်တွေဖြစ်ခဲ့တာက အမှတ်ရစရာလေးတွေရှိခဲ့တာမို့ ပါ။ ပြီးတော့ ပျော်ရွှင်ခဲ့ရ
တဲ့နေ့ ရက်လေးတွေလည်း ပြန်တွေးမိရင် စိတ်ချမ်းသာစရာတခုလို ခံစားမိတာ
မို့ မရေးတတ်ရေးတတ်နဲ့ ရေးဖြစ်ခဲ့တာပါ။စာရေးဆရာမဟုတ်တော့လည်း အရေး အသားက မညက်ညောဘူးပေါ့ ။ ဘာပဲဖြစ်ဖြစ်ပါ ဖတ်ရူ့ ပေးတယ်ဆိုရင်တော့ ဝမ်းမြောက်မိမှာပါ။ 😃😃
ဋီကာချဲ့နေတာနဲ့ လိုရင်း
မရောက် ဖြစ်နေပြီ။ ပြန်တွေးမိတဲ့နေ့ရက်လေးတွေ ဆက်ရအောင် 😃
...
.....
.......
လေးယောက်ပေါင်းတော့ လောင်းကျော်။နေသားမကျခင်တော့ အရာရာကိုစိတ်အလိုမကျ နေသားကျလာကြတော့ ညီရင်း
အစ်ကိုပမာတစ်ယောက်ကိုတစ်ယောက်ဖေးမပြီး ဆိုးတူ၊ ကောင်းဖက်ကျောင်း တက်ခဲ့ကြတယ်။
မသိခင် ၊ မရင်းနှီးခင်တုန်းကတော့
တယောက်နဲ့တယောက် အထစ်အငေါ့လေးတွေရှိခဲ့ တာပေါ့ ။ လေးယောက်မှာ အကျဉ်းချုပ်အဖြစ်တစ်ယောက်ချင်းစီ
အရင်မိတ်ဆက်ပေးပါရစေ။
သူငယ်ချင်းထဲမှာတစ်ယောက်က ဝတုတ်ကြီး ဉာဏ်အရမ်းကောင်းပြီး သီချင်းဆို
အရမ်းတော်တယ် ။ ဝတုတ်ကြီးပေမယ့်
ကျနော်တို့ ထဲမှာအလည်ဆုံးကသူ ။
နာမည်က zin min min oo သူက ပုသိမ်
သင်္ကန်းကုန်းသား။အစအနောက် အရမ်း သန်သလို ချစ်စရာလည်းကောင်းတယ် ။ အစားကြီးတာတခုကတော့အမြင်ကပ်စရာ အရမ်းကောင်း တဲ့အချက်ပဲ 😃😃 ။
ကျနော်တို့ သူ့ ကိုပေးထား တဲ့နာမည်က
" ဝ " ကြီး ။
တယောက်က တော့ Zin Myo ပန်းတနော်သား။ ဆယ်တန်းလေးခါကျ လေးယောက်ထဲမှာ အသက်ကြီးဆုံး။ ဉာဏ်ကောင်း ပြီးစာရေးစာဖတ်ရမှာ အရမ်းပျင်းပေမယ့် ကျောင်းတက်နေရတာ အရမ်းပျော်နေတဲ့သူ။ အရက်ငှဲ့ မှာတော့ စပါယ်ရှယ်တော်တယ် ။ 😃😃
သူ့ ကို ကျနော်တို့ နာမည်ပေးထားတာက
"ဘဲလေး" ။
နောက်တစ်ယောက် က တော့ Zay Yar Tun ဟိုင်းကြီး၊ပျဉ်ခရိုင်သား ။ ကျနော့်လို့ ပဲ ဘာမှာ မယ်မယ်ရရမတတ်။ ဒါပေမယ့်တစ်ယောက်ယောက်ကို ကြပ်ရမယ် ဆိုအမြဲတမ်းအသင့်ရှိနေသူ ။ သူက ကျနော်တို့ လေးယောက်ထဲမှာ လူချောပေါ့ ။
သူ့ ကိုတော့ လမ်းလျှောက်ရင် ကန်တန်
ကန်တန်နဲ့ မို့  ဘဲခြေထောက်လို့  ခေါ်တယ်ဒါပေမယ့် သူ့ နာမည်ပြောင်က သိပ်မတွင်ကျယ်ဘူး ။ နာမည်ရင်း ပဲ ခေါ်တာတာများတယ် ။
ကျနော် ဘော်ဒါကို စရောက်စ ဆံပင်က အရှည်ကြီး။တခေါင်းလုံးရွှေအိုရောင် ။လူကလည်း ဆတ်ဆတ်ထိမခံ ။
ဆရာကြီးက ဆံပင်တိုတို ဘေးခွဲ ညှပ်ခိုင်း လို့  စိတ်တိုပြီး ဆံပင်ကို ရှေ့ တစ်လက်မနောက်ပြောင် ဗန်ဒိန်းကေ ညှပ်ပစ်လိုက်တာ သူ့ ကိုရွဲ့ ရမလားဆိုပြီး ကြိမ်ငါးချက်နဲ့  လုပ်ချင်ဦး ဗန်ဒိန်း ဆိုပြီးခြံဝမှာတင်အပီကျွေး တာ။ အဲ့တာနဲ့  နာမည် က ဇူလိုင်စိုး ကနေ ဗန်ဒိန်းဖြစ်သွားရော ။
...
နောက်ပိုင်းဆရာကြီးက "ဇ" လေးလုံးဆို
ပြီးခေါင်းစဉ်တပ်ခေါ်ဝေါ်ခံရတဲ့အထိ အတွဲညီခဲ့ကြတယ်။
...
ဘာပြောပြောရောက်စတည်းက ကျနော်တို့ အတွဲက ညီတယ်ဗျ ။ စားအတူ၊သွားအတူစာကျက်အတူ။ စရိုက်တွေကတော့ တယောက်နဲ့တစ်ယောက်မတူကြဘူး ။ ဝကြီးက ဆိုးချင်တယ်။ ဘဲလေးက အပျော်မက်တယ် ။ အပေါင်းသင့်ဆန့်တယ်။ ကျနော်နဲ့ ဇေယျာထွန်းကတော့ ဒါဆိုဒါသမားတွေ တစ်ဇွတ်ထိုးသမားတွေငယ်တာလည်း ပါမယ်ထင်တယ် ။ လေးယောက်ထဲမှာ
သူနဲ့ကျနော်က လပိုင်းပဲကွာတာလေ ။
...
ဇေယျာထွန်းနဲ့ကျနော်နဲ့ စရင်းနှီးတာက ဘော်ဒါရောက်ရောက်ချင်းစာမေးပွဲ စစ်မယ့်နေ့  ကျနော်က ကျနော့်အင်္ဂလိပ် မှတ်စု စာအုပ်ထုတ်ပြီး ကြည့်နေချိန်သူကရောက်လာပြီး စာအုပ်တောင်းကြည့်တာကစတာ။ သူ့ စာအုပ်နဲ့ကျနော့်မှတ်စု စာအုပ် က အချက်လက်တွေက အတူတူပဲဖြစ်နေတာ။ ပုသိမ်မှာအဲ့တုန်းက အင်္ဂလိပ်စာဆရာ ဆရာဦးမျိုးတင့်သန်းဆို မသိသူ
မရှိ အင်္ဂလိပ်စာအသင်အပြ အရမ်းကောင်း
တာ။ အင်္ဂလိပ်စာ day ဖွင့်တာပေါ့ ။
ဆရာသင်တဲ့နည်းက ကျက်စရာမလို ပုံသေနည်း ကိုအားပြုပြီးသင်တာဆိုတော့ စာကျက်ပျင်းတဲ့ ကျနော်တို့ အနေနဲ့ အကြိုက်ပဲ ။ ကြိုက်တဲ့အချိန်ဖြေ ငါး
ဆယ်ကျော်ရတယ်။အဲ့လောက်ပိုင်နိုင်အောင်ကြည့်ထားတာ။ ကျနော်ကနွေတုန်း က ဆရာ့ဆီ တက်ဖူးတယ်။ ပြီးတော့ ဆရာ့တပည့် ကျနော်အကိုဆီမှာလည်း
ပြန်သင်တယ်။ အဲ့တော့အဲ့နည်းတွေက
ကျနော့်အတွက် အရမ်းရင်းနှီးနေတော့တာ။ ဇေယျာထွန်းကလည်း ကျနော်လို ဆရာ့ဆီတက်ခဲ့ဖူးတာဆိုတော့နှစ်ယောက်သားတိုင်ပင်ဖော် တိုင်ပင်ဖက်ရ
တော့ ပိုအဆင်ပြေသွားတာပေါ့။ အဲ့နောက်ပိုင်း သူနဲ့ အရင်ဆုံးတွဲဖက်ဖြစ်လာတယ်။
နောက်တယောက်က ဘဲလေး
ဘဲလေးနဲ့ကျတော့ သူက စာမသိရင် လာလာ မေးရင်းကနေ ရင်းနှီးတာ။သူကစာ
ကိုဘယ်တော့မှ မကျက်၊ မဖတ် ။ သိချင်ရင်သူများမေးတယ်။ အဲ့တာကိုမှတ်ထားတယ်။ ဘယ်တော့မှ စာကောင်းကောင်းမကျက် ။
ဝကြီးကျတော့ စာကျက်ရင် သူ့ အသံသြသြကြီးနဲ့ အသားကုန်အော်ကျက်တတ်တာ။ seleceted myanmar tale တအုပ်လုံးကိုအလွတ်ကျက်တယ်။တကယ်လည်းရတယ်။ မှတ်ဉာဏ်က ဂွတ်ရှယ်ကြီး။ အဲ့မှာ
နားမခံနိုင်လို့ တိုးတိုးသက်သာကျက်ဖို့ ပြောရင်းကနေ စိတ်တိုပြီး ပြေးကန်မိတာက စတာ။ ကန်တုန်းကတော့ ဘောကန်သလို အသားကုန် ပစ်ကန်လိုက်
တာ သူ့ ခမျာ ကုတင်ပေါ်ကပြုတ်ကျပြီး
နာသွားတာသိတော့မှ နောက်နေ့ မှ သနားသွားတာနဲ့ပြန်တောင်းပန်ရင်းက
ရင်း နှီးသွားတာ ။
အဲ့နေ့ ကုတင်ပေါ်က ပြုတ်မကျပဲ ပြန်သာထိုးမယ်ဆိုရင် အဲ့ကောင် ဆေးရုံရောက်မှာကျိန်းသေတယ်။ ကျနော်လည်း ဘော်ဒါကလည်းထွက်ရမှာ ။ အဲ့ တုန်းက ခပ်စွာစွာ ထစ်ခနဲ့ဆို တော့ လက်ကအရင် ရောက်နေတတ်တာ။ လူရိုင်းလိုဖြစ်ပြီး ဘာကိုမှထီမထင် ။ ဈေးကြီးပေးနေရပြီးစားရသောက်ရတာကလည်းအလိုမကျ။
ကျနော်က ကန့်သတ်ချက်တွေ ၊ တားမြစ်ချက်တွေ ၊ ချုပ်ချယ်မှုတွေကို ဘယ်လိုမှ သဘောမတွေ့ တာ။ အဆောင်မှာ ဘဲလေးကလွဲလို့  ဘယ်သူမှကျနော့်ကိုမထိန်း ချုပ်ရဲဘူး။ လူကောင်ကသေးသေးကျစ်ကျစ် လက်ရဲဇက်ရဲတာ ဘယ်ကအကျင့်မှန်းမသိ။ တယောက်မှ ကိုယ့်မထိရဲ ။
ဇေယျာထွန်း နဲ့ကျနော်နဲ့မတူတာ
အဲ့တချက်ပဲ ဟိုကောင်က မိန်းမဉာဏ်သမား
စိတ်ထဲက အငြိုးအတေးထားတတ်တာ။
ကျနော်ကပေါ်တင်သမား။ သူကကျိတ်ကြံသမား။
အဲ့တုန်းက ဘိုကလေးက လာတက်နေတဲ့တယောက်လည်းရှိတယ်။သူက
Fresher စာအရမ်းတော်တယ် ဆိုပြီး
မြောက်ကြွကြွ နှာဘူးကလည်း အရမ်း
ကျတာ။ (သူ့ကို နာမည်ပေးထားတာက တက်ပု ) အဲ့တာကို ကျနော်တို့ကြည့်မရ
အမြှောက်ကြိုက်တဲ့နေရာမှာလည်း နှစ်ယောက်မရှိ။ ဘော်ဒါကလည်းဖွင့်ကာစဆိုတော့ သိပ်မရင်းနှီးကြသေးဘူးပေါ့။
..
တက်ပုကိုချောက်ချဖို့  အကြံထုတ်သူက ဇေယျာထွန်း နဲ့ ဝကြီး ကျနော်နဲ့  ဘဲလေးက နောက်လိုက် ... တခါတလေ
ယုတ်မာတဲ့အပြုမူလေးတွေလည်း လုပ်
ဖူးခဲ့ကြတယ်။ 😃😃
..
ဆက်လက်ရေးသားပါဦးမည်။
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။
😃😃😃😃