ချေဂွေဗားရားပုံ တီရှပ်အောက်က
လူငယ်တစ်ယောက်ရင်ထဲ
ဘယ်သူတွေများ ဝင်ကြည့်ဖူးပါသလဲ
လောကအပေါ် အစာမကြေသမျှ
ဦးထုပ် နောက်ပြန် ဆောင်းတယ်
ဂျင်းဘောင်းဘီဝတ်တယ်
ကဗျာရေးတယ်
သတ္တိဆိုတဲ့ စာတန်းတက်တူးထိုးထားတယ်
သွေးစုနာတစ်လုံးလို စူထွက်နေတဲ့
ခေတ်ရဲ့ ခံစားချက်တွေကိုတော့
ဂစ်တာတစ်လက်ထဲထည့်
ရိုက်ခွဲပစ်လိုက်တယ်
ဒီလိုပါပဲ
လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်
သံသယာကိုလည်ပတ်
လမ်းထိပ် ကွမ်းယာဆိုင်က
ကောင်လေးလည်း အဆင်မပြေဘူး
ငါလည်း အဆင်မပြေဘူး
ကမ္ဘာလဲ အဆင်မပြေဘူး
ဆိုတော့
အဆင်မပြေဘူးပေါ့
ဆိုတော့
ဒါအရသာပေါ့
သေခြင်းတရားကလွဲလို့
အရာရာ
အဆင်မပြေခြင်း မီးခိုးများသာ
တို့ဘဝ တို့ကမ္ဘာ
နိုင်ရာစား ဥပဒေသတွေနဲသာ
ဤကို ကျွဲလုပ်စီးကြတဲ့ခေတ်မှာ
ကျီးပေါင်းတက်နေတဲ့
ငါ့လက်ထဲက အမှန်တရား
ဘယ်သူမှ ဈေးစစ်လို မရဘူး...