အုံ့နေတဲ့မိုးသားတွေ
ငါ့ကိုတစ်ခုခုပြောနေသလို
စိတ်ကလေးက
ကျရာအာရုံမှာအလွမ်းသင့်လို့
ဓာတ်ခဲကုန်ခါနီးလေ
ဘဝကလွမ်းစရာကောင်းလေလေပေါ့...
သစ်ရွက်တွေကြွေနေတာ
သံဝေဂယူဖို့သက်သက်လား
တတောလုံးကြွေတောင်
ကျွတ်မယ့်ကောင်မဟုတ်တာခွင့်လွတ်ပါ...
ညထဲပုစဉ်းရင်ကွဲသံတွေသာ
ဆူညံနေတဲ့ကျောရိုးမဲ့ဒီဇာတ်လမ်းမှာ
ကျွန်တော်ကရပ်နေတဲ့နာရီပျက်နဲ့
ဟန်လုပ်နေရတဲ့အဖြစ်လေ....