ကလေးပျိုးထောင်နည်း
ကလေးတွေဟာ ပန်းပွင့်လေးတွေနဲ့တူပါတယ်….။ စိတ်ပျော်ရွှင် ကြည်နူးနေရင် အမြဲလန်းဆန်းပြီး ငွါးငွါး စွင့်စွင့် ပွင့်နေတဲ့ပန်းလေးတွေလိုပါပဲ….။
Images Credit - Original Source
အဲ့ဒါကြောင့်ကလေးတွေကို အမြဲပျော်ရွှင်အောင် တတ်နိုင်သမျှ ဖြည့်စွမ်း ပေးသင့်ပါတယ်….။ သူတို့လေးတွေအတွက် ကာယအား ညဏအား ပြည့်စုံအောင်ရယ် ကျန်းမာဖွံဖြို့းအောင် မျှတချင့်ချိန် ကျွေးမွေးရပါမယ်။ ဒါမှလည်းခန္တာကိုယ် အားအင်ပြည့်ဖြိုးပြီး ညဏ်ရည် ထက်မြက်လာမှာပေါ့။
Images Credit - Original Source
သူတို့လေးတွေကို ပန်းခြံတို့ ကစားကွင်းတို့ကို များများ ပို့်ပေးတာလည်း အရမ်းကိုကောင်းပါတယ်။ ပန်းခြံထဲမှာဆိုရင်ပန်းပွင့်လေးတွေကို တစ်ပွင့်ချင်းစီ ရေတွက်ပြမယ်ဆိုရင်လည်း ကျောင်းမှာသင်တဲ့ သင်္ချာဘာသာ အလေ့အကျင့်လေး ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာ အခြေခံလိုမျိုးဆိုရင်လည်း flower လို့ အသံထွက်ပြရင် သူတို့ပန်းကို အင်္ဂလိပ်လို ပြောတတ်ပြီပေါ့။
ဒါအပြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ရင်တော့ ကလေးတွေရဲ့ရှေ့မှာ မိဘတွေစကားများ ရန်ဖြစ်တာမျိုး မပြုလုပ်သင့်ပါဘူး။ ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကြီးမားစွာဖြစ်သွားနိုင်လို့ပါ။ ကလေးတွေ အမှားလုပ်မိတဲ့အခါကြရင်လည်း တတ်နိုင်သလောက် နားလည်အောင် ဆုံးမပေးရမှာပါ။ ဆူပူရိုက်နှက်တာမျိုးကို ခဏခဏ မလုပ်
သင့်ပါဘူး။ အမြဲတမ်း ဆူပူရိုက်နှက်ခံရပြီး အပြစ်ပြောခံရတဲ့ ကလေးဟာ ဘဝမှာ ထင်သလောက် မတိုးတက်တာ တွေ့ရပါတယ်။ အဲ့ဒါကြောင့် အတတ်နိုင်ဆုံးတော့ ချိုချိုသာသာနဲ့ ပြောဆိုဆက်ဆံပေးဖို့ လိုအပ်ပါတယ်။ ဘယ်သူမဆို ချိုချိုသာသာ ပြောဆိုတာသဘောကျတဲ့ သူချည်းပါပဲ…။ အသိနည်းသေးတဲ့ကလေးတွေအတွက်ဆို ပိုပြီးတော့တောင် လိုအပ်ပါသေးတယ်။
Images Credit - Original Source
အဲ့ဒါကြောင့် မိမိရဲ့ကလေးကို ပန်းကလေးတွေ ငွါးငွါးစွင့်စွင့် ပွင့်သလိုမျိုး ပျိုးထောင်နိုင်ကြပါစေ……။