လူတိုင်း လူတိုင်း က
တကြိမ်တခါတော့ အမှားတွေ ပြုလုပ်ဖူးကြပါလိမ့်မယ် ထိုအမှားကို အဖြူရောင်ဘဝရဲ့ အမည်းစက် တခု အဖြစ် ပတ်ဝန်ကျင်ဆိုတဲ့ လူအများက သတ်မှတ်ကာ ရှုံ့ချ ပြောဆို ဆက်ဆံကြတယ်
အဲ့ဒီလို ကြုံရတဲ့ အခါ အမှားရှိခဲ့ဖူးသူ အနေနဲ့ လူ့ပတ်ဝန်းကျင် မှာ အနေကျုံ့ ပြီး စိတ်ကျရောဂါတွေ ဖြစ်လာနိုင်သလို လူတွေကို အရွဲ့တိုက်တဲ့ လူဆိုးလူရမ်းကားတွေလဲ ပေါ်လာကြတယ် တချို့ကတော့ ဘဝရဲ့အမည်းစက်လေး ပျောက်လိုပျောက်ငှါး လူတွေနဲ့ လိုက်လျောညီထွေနေဖို့ ကြိုးစားကြတယ်
လူတိုင်းကတော့ အမှားနဲ့မကင်းကြပါဘူး အာ့မို့ ကျွန်မဘဝမှာလဲ အမှားတွေ ရှိခဲ့ပါတယ် ကျွန်မကတော့ တခြားသူတွေလို စိတ်ကျရောဂါတွေ အရွဲ့တိုက် ရမ်းကားတာတွေ ရော အမည်းစက်အပြစ်တွေ ပျောက်အောင်ရော လုပ်နေမှာမဟုတ်ပါဘူး အမည်းစက်တစ်ခုကြောင့် အဖြူရောင်ဘဝလေးမှာ အလှပျက်နေပြီဆိုရင် အဖြူရောင် ဘဝ လေးမှာ အမည်းစက်ဆိုတဲ့အမှား အစက်လေးတွေ ကို ညီညီညာညာ လိုက်ထည့်ပြီး လှပအောင်ပဲ နေထိုင်လိုက်တော့မယ် အမှားတွေကို ချစ်မြတ်နိုးမိပြီလေ
Photo by me