စောမြ စောမြ နဲ့ လူပြောများလို့ ဘာမှန်းမသိပေမယ့် 5 plus. လိုင်းကနေ စောင့်ကြည့် နေမိတယ် 😍😍😍
ကိုယ်စကြည့်မိတော့ စောမြ မင်္ဝလာဆောင်ပွဲမှာ အတော်လှလှပဲ နော် ပျော်နေတဲ့ မျက်နှာလေး ရှက်ကြောက်နေတဲ့မျက်နှာလေး ဖခင်ဆီကတခါမှ လက်ဆောင်မရဖူးလို့ ပီတိဖစ်နေတဲ့ မျက်နှာလေး
အဲ့လက်ဆောင်လေးကို တသသနဲ့ လိုက်ရှာနေတဲ့ သူ 😍😍😍
သနားစရာကောင်းတာက ဖခင်က အဆိပ်ပြင်းတဲ့ မြွေ တစ်ကောင်ကို အလှသေတ္တာလေးထဲထည့်ပီး လက်ဆောင်အဖြစ်ပေးတယ်ဆိုတာ သူမသိရှာဘူး 😟😟😟
သူ့အဖေက ဘာလို့ အဲ့လိုလုပ်ရတာလဲလို့ မေးကြည့်မိတော့မှ အံသြမိတယ်
စောမြက ဒွိလိင် ဖစ်နေလို့ မိသားစုအရှက်ကွဲရလို့တဲ့ ဖြစ်ရလေနော် တို့မြန်မာပြည်မှာ ဆို အခြောက်တွေ နာမည်ကြီးမှကြီး ဝင်ငွေရမှရပဲ သူတို့ကျမှ ခွေးသာသာဆက်ဆံနေကြတယ်
ဇာတ်လမ်းကို ကြည့်ရင်း အတွေးတွေများစွာပါပဲ နှစ်ခုပါတော့ဘာဖစ်လဲနော် 34သိန်းလဲ ခေတ်စားနေတာပဲ 😁😁 စတာပါ 😁😁
စောမြ ဇာတ်ကလဲ နာချက်က အား လို့တောင်မအော်နိုင်ပါဘူး
မင်္ဂလာဆောင်ပီး မင်္ဂလာဦးည မဖြတ်သန်းရဘဲ ပြသနာလေးတွေ ကြုံနေတော့ ယောက်ျားလုပ်သူက ဒွိလိင်မှန်းမသိခဲ့ စောမြနေမကောင်းလို့ မအေလုပ်သူက အိမ်ထောင်ကျပီ မို့ ဖွင့်ပြောပြမှ စောမြ တစ်ယောက် ငိုပွဲ ဆင်နွှဲ နေလေတော့တယ်လေ
ဒါမယ့် ရိုးသားတဲ့စောမြက ယောက်ျားကို အမှန်တိုင်းဖွင့်ပြောပြ ခဲ့တယ် ချောပေ့လှပေ့ ချစ်စရာဇနီးကိုလက်ဆက်ခဲ့တဲ့ ယောက်ျားတစ်ယောက်ရဲ့ အတူနေဖို့ အကြီးအကျယ် ရင်ခုန်မှုတွေ ပျောက်ဆုံးပြီး သိသိချင်းမှာပဲ ပေါက်ကွဲ နေတာပေါ့ လင်မယားရန်ဖစ်တယ်ဆိုပီး ယောက္ခမ တွေက တော့ အဆင်ပြေစေဖို့ ပဲ တိုက်တွန်းကြတယ်
အကျဉ်းချုပ် ပြောရရင် တော့
ကီနာလို့ခေါ်တဲ့ ဒွိလိင် အဖွဲ့ကရှိသေးတယ်လေ အဲ့အဖွဲ့က လူတွေကစောမြကိုလာခေါ်နေကြပီ ယောက္ခမကလဲ သိပီး အိမ်ပေါ်ကနှင်ချ လေပြီ မင်းသားခဗျာ ကီနာလို့သိပေမယ့် စောမြကို သိပ်ချစ်ရှာတယ် ကီနာအဖွဲ့ လက်ကနေ ကယ်တင်ခဲ့တယ် ခက်ခဲတွေ မျိုးစုံ ရင်ဆိုင်ခဲ့တယ် သိပ်ကို ရိုမတ်တစ်ဆန်တဲ့ အချစ်ဇာတ်အိမ်လေးနဲ့ပေါ့ ဗျာ အပြင်ကအခြောက်တွေအတွက် အရမ်း ရင်ခုန်ကြတဲ့ ဇာတ်လမ်းလေးပါပဲ
စောမြကို ကီနာအဖွဲ့ ကဖမ်းသွားလို့ မိခင်ဖြစ်သူကအရူးတပိုင်း ခံစားရ ပီး နောက်ဆုံး သေတဲ့အထိ ဖစ်ခဲ့တယ် မိခင်မရှိတော့လို့ ကီနာဖစ်တဲ့ သမီးကို ဖခင်က ပိုလို့တောင် လက်မခံပါဘူးမွေးစတည်းကသတ်ဖို့မျိုးစုံ ကြိုးစားခဲ့တဲ့ ဒီအဖေက နှင်ချတာမဆန်းပါဘူး စောမြရဲ့ညီမအရင်းလေး ဆူရ်ဘီက စောမြရဲ့ ဟီးရိုးတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်
မိခင်သေလို့ယောက်ျားဖစ်သူက သူ့အိမ်ပြန်ခေါ်သွားဖို့ မိသားစုနဲ့ ရင်ဆိုင်ရပုံတွေကလဲ တကယ့်ကို ရင်ဖိုလှုပ်ရှားရတဲ့အခန်းတွေပါ မင်းသားက သူရဲ့မိဘတွေနဲ့အတိုက်အခံလုပ်ပီး ချစ်ပြပုံကတော့ အမွေပါခွဲခိုင်းတဲ့အထိ ပါပဲ ရှေ့ဆက် ဘယ်လိုတွေ ဖြစ်မယ်ဆိုတာ ကိုတော့ ကျွန်မ လဲ 5 plus channalကနေ စောင့်မျှော် ကြည့်ရှုနေပါတယ် ကျွန်မရေးတာလိုအပ်တာများလဲ ရှိပါတယ် အတိုချုပ်ရေးတာမို့ပါ 😍😍😘😘
Photo credit to facebook