Condenser (or) Capacitor (လျပ်သို)
Condenser ၏ အဓိက လုပ်ငန်းမှာ လျပ်စစ်စွမ်းအားများကို သံလိုက်စက်ကွင်းအသွင်ဖြင့် သိုလှောင်သိမ်းဆည်းပြီး ညင်သာချောမွေ့စွာ ပြန်လည်ထုတ်ပေးခြင်းဖြစ်သည်။ လျပ်စစ်များများသိုလှောင်နိုင်လေ Capacitance တန်ဖိုးမြင့်လေလေဖြစ်သည်။ ထို့ပြင် AC လျပ်စစ်နှင့် AC ပုံစံ Wave Form များကို ဖြတ်သန်းခွင့်ပေးပြီး DC လျပ်စစ်ကို ဖြတ်သန်းခွင့်မပေးနိုင်ပါ။
AC = Pass, DC = Stop
သိုလှောင်နိုင်မှု စွမ်းရည်အမျိုးမျိုးနှင့် Volt အားခံနိုင်ရည် အမျိုးမျိုးဖြင့် ထုတ်လုပ်ထားပါသည်။ Condenser (or) Capicator ကို သင်္ကေတအနေဖြင့် C ဖြင့် ဖော်ပြပြီး ၄င်းကိုတိုင်းတာသော ယူနစ်မှာ Farad (F) ဖြစ်သည်။ တန်ဖိုးအနည်းအများကို µF = Micro Farad, nF= Nano Farad, pF = Pico Farad ဟူပြီးခွဲခြားထားသည်။
Anaglog Capacitor များ
Phone Circuit တွင်ပါဝင်သော Surface Mount Capacitor များ
Condenser များကို Filter Condenser များနှင့် Coupling Condenser များဟူ၍ ခွဲပါသည်။ အနီရောင်ကဲ့သို့သော Condenser များကို Filter Condenser ဟုခေါ်ကြပြီး အပြာရောင်ကဲ့သို့သော Condenser များကို Coupling Condenser ဟုခေါ်ကြသည်။ Filter နှင့် Coupling သည် ပုံစံတူတူဖြစ်ပြီး အစွန်းတစ်ဖက် Ground (GND) ကျနေသော Condenser များသည် Filter Condenser များဖြစ်သည်။
Coupling Condenser အမျိုးအစားများသည် ဖုန်း Circuit အတွင်းပါရှိပါသည်။ အဓိကအားဖြင့် ပတ်လမ်းတစ်ခုနှင့် တစ်ခု ဆက်သွယ်ရာတွင်လည်းကောင်း၊ AC Wave Form များ ဖြတ်သန်းစေပြီး DC Voltage မဖြတ်စေချင်သော ပတ်လမ်းများတွင် အသုံးပြုတက်သည်။ ပုံစံမှာ ဘက်မရှိသော Non Ploar အညိုရောင်များနှင့် အတူတူဖြစ်ပြီး မီတာကို အသံမြည်သည့် စကေးတွင် ထားတိုင်းပါက နစ်ဘက်လုံး Connection ပြမည်ဖြစ်သည်။ Filter Condenser များကဲ့သို့ တစ်ဖက် GND မကျပါ။
Phone Circuit တွင်အသုံးပြုသော Condenser များကို အကြမ်းအားဖြင့် ၂မျိုးတွေ့နိုင်သည်။
1-Polarized Condenser
Polar Condernser များကို တစ်ချို့သော ဖုန်း Circuit များတွင်သာ တွေ့ရတက်ပြီး Farad တန်ဖိုး ကြီးမားတက်သည်။ Volt အားမြင့်သော ပတ်လမ်းများတွင်သာ သုံးလေ့ရှိသည်။ Polar Condenser များတွင် အပေါင်းအနုတ်သတ်မှတ်ထားပြီး အရစ်ရှိသောဘက်သည် အပေါင်းဖြစ်ပြီး အခြားဘက်မှာ အနှုတ်ဖြစ်သည်။ အဝါရောင် (သို့) အနက်ရောင် အသွင်ရှိတက်ပြီး Diode နှင့် မှားယွင်းတက်သည်။
2-Non Polar Condenser
Non Polar Condenser များကို ဖုန်း Circuit ပေါ်တွင် အညိုရောင်အတုံးလေများဖြင့် တွေ့ရှိရတက်ပြီး အပေါင်ူအနှုတ် ဘက်သတ်မှတ်ချက်မရှိဘဲ ဖင်ပြန်ခေါင်းပြန် တပ်ဆင်နိုင်သည်။ အရွယ်အစားတူလျင် တန်ဖိုး မတိမ်းမယိမ်းတူသည်ဟု အကြမ်းဖျင်းမှတ်ယူနိုင်သည်။
Condenser များတွင် ပျက်စီးတက်ပုံ ၂မျိုးရှိသည်။
Short Circuit (ပတ်လမ်းတို ဖြစ်ပေါ်ခြင်း)
Condenser ၏ Anode + ဘက်အခြမ်းနှင့် Cathode - ဘက်အခြမ်းအား ပိုင်းခြားထားသော လျပ်ကာပွင့်ပြတ်သွားခြင်း ၊ အနေအထားကို အရပ်ခေါ် Shock ဖြစ်သည်ခေါ်ဆိုကြပြီး အမြဲဖြစ်လေ့ရှိသည်။ Meter အား အသံမြည်သည့် စကေးတွင် Condenser ကို ညှပ်တိုင်းပါက အသံမြည်မည်ဖြစ်သည်။ အရွယ်အစားတူရာ Condener တစ်လုံးဖြင့် အစားထိုး လဲလှယ်ပေးနိုင်သည်။
Leakage (ယိုစိမ့်ခြင်း)
Condenser ၏ လျပ်ကာနေရာမှ ရေပုံရေယိုသကဲ့သို့ ယိုစီးမှုဖြစ်ခြင်း ၊ ထိုသို့ဖြစ်ပေါ်လျင် သက်ဆိုင်ရာ ပတ်လမ်းပေါ်တွင် Data Signal , Voltage များဆုံးရှုံးစေသဖြင့် ပတ်လမ်း အလုပ်မလုပ်ခြင်းများ ဖြစ်ပေါ်စေသည်။ ရေဝင်ဖုန်းများတွင် ထိပ်တစ်ဖက်မဲနေသော Condenser များ Leakage ဖြစ်တက်သည်။ အရွယ်အစားတူလဲလှယ်ပေးနိုင်သည်။
ဆက်ပါဦးမည်။