Resistor (လျှပ်ခံ)
Resistor သည် ပတ်လမ်းအတွင်း စီးဆင်းနေသော လျပ်စီးကြောင်း (Ampere)၊ လျပ်စစ်တွန်းအား (Voltage) နှင့် အချက်ပြလှိုင်း (Signal) များ စီးဆင်းနေမှုကို လိုအပ်သလို လျော့ချပေးသော အလုပ်ကို လုပ်ဆောင်သည်။ ခုခံမှုတန်ဖိုး အမျိုးမျိုးနှင့် ပါဝါခံနိုင်မှုအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည်။ Phone Circuit ပေါ်တွင် အမဲရောင်း အတုံးသေးလေးများဖြင့်တွေ့မြင်နိင်သည်။ မီတာကို အသံမြည်သည့် စကေးတွင်ထားပြီး Resistor ကို ညှပ်တိုင်းပါက ခုခံအားနည်းသော Resistor သည် အသံမြည်ပြီး ခုခံအားမြင့်သော Resistor သည် အသံမမြည်ပါ။ တန်ဖိုးသိလိုလျင် မီတာကို Ohm စကေးတွင်ထားပြီး Resistor ကို ညှပ်တိုင်းရမည်။ မီတာလက်တံကို 200 တွင်ထားတိုင်းလျင် 200 Ohm အောက် Resistent ကိုပြပေးနိင်သည်။ 2k နေရာတွင်ထားတိုင်းလျင် 2 Kilo Ohm အောက် Resiatent ကိုပြပေးမည်။ ထိုနေရာတွင် Resistor ကု Circuit Board ပေါ်မှ ဖြုတ်တိုင်းမှသာ တန်ဖိုး အမှန်ကိုပြပေးနိင်မည်။ On Circuit တိုင်းလျင် အမှန်မပြပေးနိုင်ပါ။ ပတ်လမ်းပေါ်တွင် ခုခံမှုလျော့ချပေးသော Resistor များကို Dropper Resistor ဟုခေါ်ပြီး အပေါင်းအနှုတ်လမ်းကြောင်းပေါ်တွင် ခွထားလေ့ မရှိပါ။ တစ်ဖက် GND ချထားသော Resistor များမှာ Variable Resistor တန်ဖိုးပြောင်း Resistor များဖြစ်သည်။ အာရုံခံ Resistor အဖြစ်အသုံးပြုတက်သည်။ Variable Resistor များသည် သာမန် Dropper Resistor များထက် အနည်းငယ် ပိုကြီးတက်ပြီး တစ်ဖက် GND ချထားသောကြောင့် Filter Condenser များနှင့် မှားယွင်းတက်သည်။
Resistor များ၏ ပျက်စီးတက်ပုံ ၂မျိုးရှိသည်။
1- Open ပွင့်ပြတ်သွားခြင်း
2- High Ohm ရှိသင့်သော ခုခံမှုတန်ဖိုးထက် မြင့်သွားခြင်း
Resistor တန်ဖိုးများကို အနည်းငယ်ကြီးသော Resistor များတွင်ဖော်ပြသည်။ MP4 MP5 နှင့် Tablet များတွင်သုံးသော Resistor များမှာ ကြီးသောကြောင့် တန်ဖိုးစာတန်းရေးထားသည်။
Analog Resistor
Digital Resistor
Resistor တန်ဖိုးဖတ်သည့်ပုံစံမှာ ရှေ့စာလုံးသည် ပုံမှန်ဖြစ်ပြီး နောက်ဆုံး ဂဏန်းသည် သုညအရေအတွက်ဖြစ်သည်။ ဥပမာ ပုံထဲမှာ 103 ဆိုရင် 103 = 10000 Ohm ၊ 432 = 4300 Ohm Rပါလျင် R နေရာသည် ဒသမနေရာဖြစ်သည်။ ဥပမာ 4R7 = 4.7 Ohm
Phone Circuit အတွင်းရှိ Resistor များသည် ဖြုတ်ချီးလောက်သေးငယ်ပြီး တိုင်းတာရတာ လက်ပေါက်ကပ် သဖြင့် ရံဖန်ရံခါ စာရေးထားသော Resistor များကိုဖတ်ကာ အစားထိုး လဲလှယ်ပေးနိုင်သည်။ Ohm တန်ဖိုး မြင့်မားသော Resistor များ ကြိုးကျော်မရပါ။
တန်ဖိုးရိုက်နှိပ်မထားသော Resistor များကို တိုင်းတာလိုလျင် Circuit ပေါ်တွင်တိုင်းတာလင် အမှန်မရ။ Circuit ပေါ်မှ ဖြုတ်တိုင်းမှ အမှန်ရမည်။ Circuit ပေါ်မှ ဖြတ်ထားသော Resistor ကို မီတာ၏ Ohm စကေးတွင် အနိမ့်ဆုံး 200 Ohm တွင်ထားပြီး မီတာလက်တံ ၂ဖက်ဖြင့် ညှပ်တိုင်းရမည်။ Resistance 200 အောက်ရှိပါက မီတာမှ တန်ဖိုးပြပေးပြီး 200 Ohm အထက်ရှိပါက မပြပေးနိုင်ပါ။ မီတာမပြခြင်းကို 2K, 20K, 200K စသည်ဖြင့် တစ်ဆင့်ခြင်းတိုးမြင့်သွားလျင် တွေ့မြင်နိုင်ပါသည်။ ဘယ်လိုတိုင်းတိုင်း မီတာမပြလျင် ၄င်း Resistor Open ဖြစ်နေခြင်း ပွင့်ပျက်နေခြင်း ဖြစ်နိုင်ပါသည်။ Circuit ပေါ်မှ မဖြုတ်ဘဲ Resistor Open ပျက်မပျက် သိနိုင်သည်။ Circuit ပေါ်မှ Resistor ကို မီတာလက်တံ ၂ဖက်ဖြင့်ညှပ်ထားပြီး မီတာကို Diode စကေးမှ စတင်တိုင်းတာရမည်။ Connection ပြလျင် Open မဖြစ်သေးပါ။
Connection မပြသေးလျင် မီတာကို 200 Ohm စကေးသို့ထားတိုင်းပါ။ Ohm တန်ဖိုး တစ်ခုခုပြလျင်ကောင်းပြီး မပြသေးလျင် 2K,20K,200K,200M တက်ပြီးတိုင်းသွားပါ။ တစ်နေရာရာတွင် Ohm တန်ဖိုးပြပါက Resistor Open မပျက်သေးဟု သိနိုင်သည်။ High Ohm အနေအထားဖြင့် ပျက်စီးနေပုံကို စမ်းသပ်လိုလျင် ၄င်း Resistor ၏ တန်ဖိုးအမှန်ကိုသိမှသာရမည်။ အချို့ Circuit Diagram များတွင် မူလ Ohm တန်ဖိုးကို ဖော်ပြထားတက်သည်။ တန်ဖိုးနည်းလွန်းသော Resistor များကို မီတာတွင် အသံမြည်စကေးထားတိုင်းလျင် အသံမြည်ပါသည်။ ထိုသို့သော Resistor များကို ကြိုးဆက်ပေးလျင်ရပါသည်။
ဆက်ပါဦးမည်။