Fuse (သင်္ကေတ F)
Fuse ဆိုသည်မှာ ဒဏ်ခံကြိုး တစ်ချောင်းသာဖြစ်သည်။ ၄င်းအပေါ်သို့ ခံနိုင်ရည်ထက် Current ပိုမိုစီးဆင်းပါက အလိုအလျောက်ပြတ်တောက်မည်ဖြစ်သည်။ Resistor နှင့် အရွယ် အစားတူညီတက်ပြီး အမဲရောင်အတုံးသေးပေါ်တွင် အစက် (သို့) v ကဲ့သို့သော သင်္ကေတပါတက်သည်။ မီတာကို အသံမြည်သော စကေးတွင် ထားပြီး ညှပ်တိုင်းပါက အသံမြည်ရမည်ဖြစ်သည်။
Fusible Resistor များသည် ခုခံမှု အနည်းငယ်သာရှိသော Resistor ဖြစ်သောကြောင့် Fuse နှင့် သဘောတူညီပါသည်။ သာမန် Resistor အရောင်အသွေးရှိတက်ပြီး မီတာဖြင့် ညှပ်တိုင်းလျှင် အသံမြည်သည်။ Fuse & Fusible ပျက်စီးလျှင် အသံမမြည်ပါ။ ကြိုးဆက်ပေးလျှင်ရပါသည်။
Fuse သင်္ကေတ
Inductor (or) Coil
သင်္ကေတ L/LB
တိုင်းတာသော ယူနစ် - Henry (H)
Inductor (or) Coil သင်္ကေတ
Inductor ဆိုသည်မှာ လျှပ်ကူးပစ္စည်းအတွင်း စီးဆင်းနေသော လျှပ်စီးကြောင်း ပြောင်းလဲမှုကြောင့် သံလိုက်စက်ကွင်းထွက်ပေါ်လာသည်။ ယင်းထွက်ပေါ်လာသော သံလိုက်စက်ကွင်း၏ ညှို့နိုင်သော ညှို့အားအရည်အချင်းကို Inductance ဟုခေါ်သည်။ ရှည်သော ၀ါယာကြိုးသည် တိုသော ၀ါယာကြိုးထက် ညှို့အားပိုများသည်။ အရှည်တူသော ၀ါယာ နှစ်ချောင်းအနက် ရစ်ခွေထားသော ၀ါယာသည် အဖြောင့်ထားသော ၀ါယာထက် ညှို့အားပိုများသည်။ ထိုသို့တိကျသော Inductance တန်ဖိုးရအောင် ၀ါယာကြိုးအားရစ်ခွေ ထားသော အရာကို Inductor (Coil) ဟုခေါ်သည်။ Coil များကို Booster Coil, Buck Coil, AF , RF Coil စသည်ဖြင့် အမျိုးအစားများ ခွဲထားပါသည်။ Booster Coil ကို ဖုန်းအတွင်း Backlight အုပ်စု။ DC/DC များတွင် အသုံးပြုထားသည်။ Buck Coil ကို Power IC, CHG IC စသည်ဖြင့် အသုံးပြုပြီး Load ဆွဲသောအခါ ခံနိုင်ရည် ရှိစေသော သဘောမျိုးဖြင့် အသုံးပြုသည်။ AF, RF Coil ကို Audio Frequency နှင့် Radio Frequency များ ညှို့ယူချိန်ညှိသော အပိုင်းတွင် အသုံးပြုထားပြီး ပျက်ဆီးလျှင် ကြိုးကျော်ပေးနိုင်သော တစ်မျိုးတည်သော Coil ဖြစ်သည်။
Coil ပျက်ဆီးတက်ပုံ ၂မျိုးရှိသည်။
1- Open Circuit အခြေအနေဖြစ်ပေါ်ခြင်း
Coil ဆိုသည်မှာ ၀ါယာကြိုးအား ရစ်ခွေထားခြင်း ဖြစ်သောကြောင့် ရစ်ခွေထားသော နေရာတွင် ၀ါယာပြတ်သွားတက်ပါသည်။ မီတာကို အသံမြည်သော စကေးတွင်ထားပြီး Coil တစ်လုံးကို ထိပ်တစ်ဖက်တစ်ချက် ညှပ်တိုင်းပါက အသံမြည်ရမည်ဖြစ်ပြီး အသံမမြည်ပါက ၄င်း Coil ပွင့်ပြတ်နေပြီးဖြစ်သည်။
2- ရှိသင့်သော ညှို့အား Henry ကျဆင်းသွားခြင်း
လျှပ်စစ်ပတ်လမ်းအတွင်း ရုတ်တရတ် အပူချိန် မြင့်လာခြင်းကြောင့် Coil အပေါ်ရှိ လျှပ်ကာလောင်သွားပြီး Open မပွင့်ပြတ်သော်လည်း ၀ါယာများ ပူးသွားတက်ပါသည်။ ထိုအနေအထားတွင် ရှိသင့်သော ညှို့အားတန်ဖိုးကျဆင်းသွားခြင်းသည်လည်း Coil ပျက်ဆီးခြင်းပင်ဖြစ်သည်။
Coil အလုပ်လုပ်ဆောင်ပုံ
Phone Circuit တွင် တွေ့ရှိရတက်သော Coil
ဆက်ပါဦးမည်။