အလင်းမဲ့နေသော နေ့ရက်
အလင်းတွေ ပျောက်ဆုံးနေတယ်
အချိန်တွေက ကုန်ဆုံးနေတယ်
နာရီတွေက ရပ်တန့်လို့နေတယ်လေ
စုတ်နေတဲ့နာရီတစ်လုံးက
အချိန်ကို ရပ်တန့်လို့မရသလို ဘဝကိုလဲ
ရပ်တန့်ထားလို့မရဘူး အလင်းတန်းတွေ
အချိန်တွေက ကုန်ဆုံးနေသောလဲ
ကိုယ့်လျှောက်မဲ့ခရီးစဉ်ကို ရပ်ကြည့်နေလို့မရဘူး
အလင်းတန်းတွေပျောက်ဆုံးလို့
မှောင်မိုက်နေတဲ့ ညတစ်ညကိုဖြတ်ကျော်ဖို့က
ဘဝဆိုတဲ့ အနာဂတ်ခရီးစဉ်တစ်ခုပဲလေ
အရှေ့ဆိုတာ ဘဝရဲ့တိုးတတ်မှုအတွက်
ပန်းတိုင်တစ်ခုလိုပဲ အနောက်ဆိုတာ
ပျော့ညံ့နေသော အရှုံးသမားတွေရဲ့
ခြေလှမ်းတွေပဲ ဟိုမရောက်ဒီမရောက်နဲ့
တောင်နဲ့မြောက်ကို လျှောက်သွားနေမယ်ဆိုရင်
မျော်မှန်းထားတဲ့ အနာဂတ်ခရီးဆိုတာ
လမ်းစမရှိတဲ့ အရပ်ပဲဖြစ်သွားလိမ့်မယ်...
photo.google