(အညာမြေကိုလွမ်းတယ်)
အညာမြေ တမာတွေကြွေရင်
ရိုးသားလွန်းတဲ့ အငွေ့သက်တွေကုန်ဆုံးသလို
ခံစားရတယ် ။ ၊စေတီပုထိုးကျောင်းကန်များနဲ့
ရိုးရာပွဲလေးကျင်းပနေရင်
ကုန်ဆုံးခဲ့တဲ့ ရက်ကလေးတွေကိုသတိရမိတယ်။
အရွယ်လွန်း အတိတ်ကြောင်းကို
အခါခါတွေးလို့ ပြန်လိုချင်လဲ
ပြန်မရနိုင်တဲ့ အသိတရားကိုနှမျှောမိတယ်။
တချိန်တစ်ခါ အမှားများက ကြိမ်ဖန်များစွာ
လွမ်းဆွတ်စေတယ် ။
ကိုယ့်ရွာကိုယ်ခြေ မတည်မြဲမူ့က
ကိုယ့်ဘဝ ကိုယ့်အနေ ရိုမ်းယိင်စေတယ်။
မြင်မြင်သမျှ အရာရာတိုင်းမှာ
အမှားအမှန် သိဖို့ ကြိုးစားရမယ် ။
တနေ့တစ်ရက် သက်ရှည်မူ့က
၊နေ့စဉ်ရက်ဆက် မွန်းကျပ်စေမယ်။
သင့်ရာမသိ ကြုံရာတွေးရင်
ပြင်မရ စိတ်ကူး တည်မြဲစေမယ် ။
လုပ်သင့်တာလုပ် လုပ်တာများရင်
အလေ့ပေါက်မဲ့ ပန်းတွေပွင့်မယ် ။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုရွေးရင်
ပန်းပေါင်းစုံနဲ့ ၊လျှောက်လှမ်းရမယ် ။
Photo.google