{၊ကွေကွင်းရတဲ့နှလုံးသား }
ငါ့အနားမှာ မင်းမရှိတော့တဲ့နောက်
အနာဂတ်ကမ္ဘာလေး ကျိုးပျက်သွားသလို
၊မျှော်မှန်းထားတဲ့ ငါ့စိတ်ကူးတွေလဲ
၊ဝေးခဲ့ရပြီလေ
နှလုံးသားခြင်း မနှီးစပ်ခဲ့တဲ့အချစ်တွက်
အပြုံးများနဲ့နူတ်ဆက်ရသလို
၊ကျောခိုင်းသွားတဲ့ခြေလှမ်းတွေက
ငါ့အတွက်နာကျင်စေခဲ့တယ်
၊မေ့မရတဲ့အတိတ်တစ်ခုတွက်
အရိပ်မရှိတဲ့ အိမ်မက်တွေကို စွဲမက်ခဲ့တယ်
တကယ်ဆို အလိုက်မသိတဲ့မေတ္တာက
အကြင်နာကင်းမဲ့တဲ့လမ်းမပေါ်မှာ
အတူလက်တွက်ဖို့ ၊စောင့်မျှော်နေခဲ့ရသူပါ
လျှက်တဖျက်ကွယ်ပျောက်တဲ့
မျက်ဝန်းတစ်ဆုံးမှာ
မိုးစက်လိုကြွေကျခဲ့ရတဲ့
ငါ့မျက်ရည်တွေလဲမြေသို့ခနေပြီလေ
အလွမ်းဆိုတဲ့ ဒဏ်ရာတွေက
အမာရွတ်မကျန်ခဲ့ပေမဲ့
ကိန်းအောင်းနေတဲ့ ၊ဝေဒနာတွေကတော့
ရင်ဘက်ထဲမှာ ပြည့်လျှံလို့နေတယ်
ကံတရားက ခဏတာဆုံခွင့်ပေးပြီး
တစ်သက်တာဝေးရမဲ့အဖြစ်မျိုးကို
ငါတို့နှစ်ဦးတွက်ဖန်လာခဲ့တယ်
၊နေ့စဉ်ရက်ဆက်လွမ်းရက်ရှည်ပြီး
၊ကွေကွင်းရတဲ့ဆုံစည်းမူ့က
မင်းအတွက်ချိုမိန်ခဲ့ပေမဲ့
ငါ့အတွက်တော့
အရမ်းကိုခါးလွန်းခဲ့တယ် ချစ်သူရယ် ။
Photo. Google