( မင်းနဲ့ငါမမြင်ဖူးခဲ့ဘူး )
မင်းနဲ့ငါ တစ်ခါမှလဲမသိခဲ့ဘူး
တစ်ခါမှ မမြင်ဖူးတဲ့ မင်းကို
၊မေ့နိုင်အောင် ကြိုးစားနေရတယ်
တကယ်ဆိုရင် အသွင်ဆန်းတဲ့
အရိပ်တစ်ခုတွက်
ငါကမက်မောနေတာကို
ဘာမှမသိတဲ့အတွေးတစ်ခုတွက်
အရိပ်တစ်လိုတွဲကပ်နေတယ်
၊နေထွက်ရာအရပ်ကိုမျက်နှာမူသလို
၊နေဝင်ရာအရပ်ကို လည့်ကြည့်ဖူးခဲ့တယ်
အချိန်တွေကုန်ဆုံးသွားပေမဲ့
ကြုံဆုံနေရတဲ့ရက်ပေါင်းများစွာမှာ
ငါဟာ ဥပေက္ခာတွေနဲ့ပေါ့
အစမရှိတဲ့ ခရီးတွက်
အဆုံးမရှိတဲ့လမ်းတစ်လျှောက်မှာ
ငါ့ဘဝကိုထမ်းခဲ့ရတယ်
မနိုင်ဝန် သင်ခန်းစာတွေနဲ့
ဖတ်ခဲ့ရတဲ့လောကဓံအကြောင်းတွေက
ငါ့ကိုပညာပေးခဲ့တယ်လေ
၊လောကမှာ ၊သောကဆိုတာ
၊မောဟကိုယ်စီနဲ့ ကျွင်းတူနေတယ်
တိမ်သောကျွင်းက ဒုက္ခသေးသလို
နက်သောကျွင်းက ဒုက္ခကြီးတယ်
အဖြေမသိပဲ ၊မေးခွန်ဖတ်နေရင်
မျက်ကန်းတစ်ယောက်ထက် ပိုဆိုးစေမယ်
အရွယ်အို လူမမယ်ဘဝနဲ့
ရုန်းကန်ရမဲ့ အချိန်ကာလတွေက
တနေ့တော့ မင်းဘဝမင်း
နားလည်သွားစေမှာပါ...။
Photo.google