{ဌာနေလွမ်းတဲ့ တို့ အညာမြေ}
**********
၊လေရူးကြောင့်ရော်ဝါရွက်တွေ
တဝေ့ဝေ့ကြွေကျနေသည်.
၊မြေတလင်းဝယ် တလိမ့်လိမ့်မို့
၊မြေဖြူဖြူတို့ လွင့်ပါးနေသည်
၊ရွှေဝါရောင် နေရီဆည်းဆာ
အညာမြေဆီ ဖုံးလွှမ်းနေသည် ။
တမာပင်ညိုညို အညာမြေရိပ်ပျို
၊နွေ ဥသြသံများ ကြားနေရသည် ။
လွမ်းမောစရာ ဌာနေတစ်ခုမို့
၊နေဝင်တေးသံ ပျိုမေတစ်သိုက်ဆို
သံပြိုင်ဟစ်လို့ရေခပ်ဆင်းသည် ။
၊ရေအိုးကိုယ်စီခေါင်ပေါ်ရွက်လို့
ပါးက ပါးကွက်ကြား သနပ်ခါးကြမ်းက
ကန်ဘောင်ရိုးတွင်သင်းရနံ့ကြိုင်နေခဲ့ပြီ။
၊ငွေရောင်ဖျော့ဖျော့ လရောင်ရိပ်ဖြင့်
၊နွေဦးကောင်ကင် ညတွေမှာဖြင့်
၊ငွေကြယ်ပွင့်တွေ လင်းလက်နေသည် ။
ကြည်နူးဖွယ်ညချမ်းကလေးနဲ့
ရွာအဝင်ဆီးမီးခွက်တို့
အညာမြေတွက် အလှတရားတစ်ခု ။
၊ငွေလရောင်ဖြန်းတဲ့ တလင်းပြင်မှာ
ထုပ်စည်းထိုးပွဲ ဆော့ကစားနေသည် ။
ဆူဆူညံညံ ဟစ်အော်ခြင်းက
သာယာနာဖွယ် အညာမြေအလွမ်းပေါ့ ။
ထန်းပင်တော လှည်းလမ်းကလေးနဲ့
စည်ဗြေားသံသာ ဒိုးပက်ဝိုင်းက
အိုးစည်သံများ မြိုင်ဆိုင်စေတယ် ။
ဦးရွှေရိုးနှင့် ဒေါ်မိုးအက
သူမပါရင် မပြီးတဲ့ အလှူပွဲပေါ့ ။
ကွမ်းတောင်ကိုင်မမ ပျိုမေအလှနှင့်
ကာလသားများ ဝိုင်းဝန်းစေတယ်။
အညာမြေစွဲ လွမ်းမောဖွယ်
ပုလွေသံများ လွမ်းဆွတ်စေတယ်
ဌာနေတစ်ခေါက် အညာမြေရောက်ရင်
ကိုယ့်ဘဝအကြောင်း အောက်မေ့စေတယ် ။
Photo.Google