ဒီဇင်ဘာလရဲ့ ချမ်းအေးလွန်းတဲ့ည တစ်ခုမှာ
သူငယ်ချင်း သုံးယောက်ဆုံမိကြတယ်ဆို ရင်ဘဲ ဖူဆယ်ကွင်းသွား ဘောလုံးကန်ဖို့ တာစူနေကြပါတယ်။ အခုမှ လူကသုံးယောက်ထဲရှိသေးတော့ ပေါက်ကြိုင်း နဲ့ဖိုးဇော်ကို ဖုန်းဆက်ခေါ်ရတာပေါ့ ဒါမှလည်း ငါးယောက်ပြည့်မှာလေ။
မကြာပါဘူး ပေါက်ကြိုင်း နဲ့ဖိုးဇော်ရောက်လာတယ်။ အဆင်ပြေ ပြီလေ အားလုးံငါးယောက်ပြည့်ပြီ။ ကွင်းကြေးက တစ်သောင်းဆိုတော့တယောက် နှစ်ထောင်စီစပ်
ချိန်းထားတဲ့ တဖက်အသင်းသားတွေလည်းရောက်နေလောက်ပြီဆိုပြီး ပြာရာပြာရာထွက်လာခဲ့တော့တယ်။
ကျွန်တော်တို့က အားလုံးမှ ငါးယောက်ထဲ လူစားလည်းဖို့မပါဘူး
ကျွန်တော် ဇော်ထွန်း ပေါက်ကြိုင်း ဖိုးဇော်
ရဲမင်းဋ္ဌေး § § § ကွင်းထဲရောက်တော့ တဖက်အသင်းက လူတွေသွေးပူလေ့ကျင့်ရင်း
စောင့်နေတာတွေ့ရ တယ်
တွေ့ကြပီလေ ပွဲကြီးပွဲကောင်းပေါ့
ကျွန်တော်က တိုက်စစ် ဂိုးတော့ မသွင်းတတ်ဘူး ကျွန်တော်နောက် ညာတောင်ပံက ရဲမင်းဋ္ဌေး(ရှက်ကီဘဲ) ဘယ်တောင်ပံက ဖိုးဇော် (အရက်သမား) ဂိုး ရှေ့မှာကာကွယ်ပေးမည့်နောက်တန်းသမားက ပေါက်ကြိုင်း(ခွက်ပုန်း)
ဂိုးသမားနေရာမှာ ဇော်ထွန်း
အားလုံးစိတ်ဓာတ် တက်ကြွနေကြတယ်
ပွဲစတာနဲ့ တဖက်အသင်းက ဘောလုံးစပေးရတယ် သူတို့ ဘက်က တောင်ပံကစားတဲ့ကောင်လေးက တိုက်စစ်သမားဆီဘောလုးံပို့တယ် ကျနော်တို့ နောက်တန်းခံစစ်သမားကြီး ဇော်ထွန်းကို အသာယာဘဲကျော်ဖြတ်သွားတယ် ဂိုးရှေ့ရောက်တော့ အားနဲ့ကန်သွင်းတော့တယ် တော်သေးတယ် ကျွန်တော်တို့ ဂိုးသမား ဒိုက်ပစ်တာ ဘယ်ဘက်
တဖက်အသင်းက တိုက်စစ်သမား ကန်တာက ညာဘက် ဂိုးသမား ခြေတောက်မှန်ပြီးပြန်ထွက်လာတယ် ဘောလုံးက ရဲမင်းဋ္ဌေး ဆီရောက်တယ် သူကတဆင့် ကျွန်တော်ကိုပေးတယ် တွေ့ပီလေ ဂိုးသမားနဲ့ကျနော် တစ်ယောင်းချင်း အာ့မှာကျွန်တော်အစွမ်းမြင်ရတော့တာဘဲ ချိန်ကန်လိုက်တာက ဂိုးပေါက် ဘောလုံးသွားတဲ့လမ်းကြောင်းက ဂိုးနဲ့ ငါးပေလောက်အကွာမှာရပ်နေတဲ့ တဖက်အသင်းခံစစ်သမားခေါင်းကိုမှန်ပြီး ဂိုးထဲတန်းတန်းမှတ်မှတ် ဝင်သွားတော့တယ်
ဒါဘဲလေ ဂိုးဖို့ကအဓိက ဘယ်လမ်းကြောင်းက ဂိုးဝင်ဝင် ဂိုးဖို့ကရေးကြီးတယ်လေ
တစ်သင်းနဲ့တသင်း အပြန်အလှန်ကစားရင်း
ပွဲပြီးရလဒ်ကတော့ ကျွန်တော်တို့အသင်းက
တစ်ဂိုး တဖက်အသင်းက ရှစ်ဂိုး ဗျ
အာ့လောက်ဆို ကျွန်တော်တို့အသင်း အစွမ်းကိုသိလောက်ပြီထင်ပါတယ်
ကြေးစားငှါးချင်ရင်ဆက်သွယ်လိုက်ကြပါဗျာ
MSC no 179
Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ