ကျွန်တော်က လက်ဖက်ရည်ဆိုင် တခုရဲ့ စားပွဲထိုးလေး တယောက်ပါ
ဆိုင်လာတဲ့ ဧည့်သည်တွေကို အကို အမ ဦးလေး အဒော်ဘာသုံးဆောင်မလည်း မေးရတာက ကျနော်အလုပ်လေ
ကျွန်တော်လစာလေးက တလ(၈၀၀၀၀)ကျပ်ပေါ့ဗျာ § § § § §မနက်၎နာရီကထ ဆိုင်ခင်း သန့်ရှင်းရေးလုပ် အခုလို အရမ်းအေးတဲ့ရာသီဥတုမျိုးမာ ဖြစ်နိုင်ရင် စောင်လေးခြုံပြီး ကွေးနေချင်သေးတာပေါ့
ဒါပေမယ့်လည်း ဘဝပေးကံက လုပ်မှစားရတာဆိုတော့ ခဗျားတို့ သားသမီးတွေလို ဂွမ်းစောင်ထူထူကြီးတွေထဲ မိသားစုနဲ့အတူ ကွေးမနေနိုင်ဘူးလေ
ဆိုင်ရှင်ကပြောတယ် ဆိုင်ရဲ့ဖောက်သည်တွေကို ကိုယ့်ရဲ့ထမင်းရှင်လို သဘောထားပါတဲ့
ဟုတ်ကျွန်တော်လည်းကျွန်တော်ကလေး အသိလေးနဲ့ နားမလည်သေးဘူးလေ
တချို့ ဧည့်သည်တွေက သူတို့ခေါ်တာမကြားရင် ဆဲကကြသေးတယ်ဗျာ
ကျွန်တော်လည်းကလေးအရွယ်ဆိုတော့ ဗီဒီယိုလေးများဖွင့်ပြပေးထားရင် ငေးနေမိတာကိုး § § § အာ့လိုအချိန်မျိုး ဆိုင်ရှင်နဲ့မိလို့ကတော့ ခေါင်းကိုပူနေအောင် အခေါက်ခံရတော့တာပါဘဲ§ § § ဧည့်သည်အကိုကြီးအမကြီတွေကို တခုလောက်တော့ မေတ္တာ ရပ်ခံချင်တယ်ဗျာ ဘဝပေး ကုသိုလ်ကံ မကောင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ စားပွဲထိုးလုပ်နေရတဲ့ ကျွန်တော်လို စားပွဲထိုးလေးတေကို မဆဲကြပါနဲ့လားဗျာ မနှိမ်ကြပါနဲ့လားဗျာ
ကျွန်တော်တို့လိုစားပွဲထိုးလေးတွေမှာ အကိုကြီးတို့ အမကြီးတို့ ဦးဦး ဒေါ်ဒေါ် တို့ရဲ့ သားသမီးလေးတွေ ညီငယ်လေးတွေသာဆိုင် §§§ ဆိုတဲ့အတွေးမျိုးနဲ့ ဆက်ဆံပေးကြပါလို့ ကျွန်တော်ဒီနေရာကနေ ကျွန်တော်လိုစားပွဲထိုးလေးတွေ အားလုံးကိုယ်စား
အသနားခံတောင်းဆို လိုက်ရပါတယ်ဗျာ
§
§
§
§ § §
MSC no 179
Steemit myanmar အဖွဲ့သားအားလုံး ပျော်ရွင်စရာနေ့လေးဖြစ်ပါစေ