မနက်ခင်းပိုင်းလေး၌ လက်ဖက်ရည် ကျစိမ့်လေး အရသာခံသောက်နေရင်း mrtv ရုပ်သံလိုင်းမှတိုက်ရိုက်ထုတ်လွင့်နေသည့် မန္တလေး ဗဟိုလ်မဏ္ဍပ်ဖွင့်ပွဲအား ကြည့်ရှုနေမိလေသည်။
ဆိုင်ကယ်အိပ်ဇောသံများ ဆူညံစွာမောင်းနှင်လာကြသည့်လူငယ်လေးတစ်သိုက် "တစ်ဝူးဝူး တစ်ဗျူးဗျူး" နှင့် ဆိုင်ကယ်အိပ်ဇောများဖောက်ခါ မန္တလေးမြို့၏ ကျုံးဘေးသို့ သွားရောက်ခါ ရေပက်ခံသွားကြမည့်ပုံပင်။
ကျွန်တော်စဉ်းစားကြည့်မိပေ၏။
သင်္ကြန်ရေပက်ခံထွက်ရန်အဖို့ ဆိုင်ကယ်အိပ်ဇောများဖောက်ရန်လိုအပ်ပါသည်လော။
အိပ်ဇောဖောက်၍စီးနှင်းပါက မည်သို့ပိုမိုအကျိုးရှိမည်နည်း။ သူတို့လေးတွေ၏မိဘများကလည်းခွင့်ပြုလိမ့်မည်မထင်ပေ။
ဘေးပတ်ဝန်းကျင်မှ လူများလည်း စိတ်အနှောက်ယှက်ဖြစ်ကြပေလိမ့်မည်။ မိမိတို့အတွက်၌လည်း အကျိုးကျေးဇူးမရှိ မိမိပတ်ဝန်းကျင်အနီးနားရှိသူများလည်း စိတ်အနှောက်ယှက်ဖြစ်ရ ၊ဤကဲ့သို့အပြုမူမျိုးအား ရှောင်ကျဉ်ကြစေချင်ပါသည်။
မိမိလည်းပျော်ရွှင်၊တခြားလူများလည်းစိတ်ချမ်းသာအောင် ပျော်ရွှင်နိုင်ကြပါစေ။
.
မှတ်ချက်။" ဒီမှာမို့သါပြောရဲတာပါ အပြင်မှာသွားပြောလို့များဆို ကိုယ့်တောင်ရန်လုပ်ခံရမှာဗျ"😂
.
photo credit;Google Image.
Msc No 179
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ