အပိုင်း ၁ ဖတ်ရှုရန်
အပိုင်း ၂ ဖတ်ရှုရန်
နောက်ပိုင်းရက်များ၌ မကြာခန ဆိုသလိုပင် ကိုစိုတစ်ယောက် ဒေါ်မြ၏တူမ မတင်မေရှိရာပွဲရုံသို့ မကြာမကြာရောက်ရှိနေတတ်တော့၏။မိမိနယ်မှ ကုန်ရောင်းစရာရှိလျှင် ကိုစိုသည်ပင် ဒိုင်ခံသွား၍ရောင်းချပေးနေလေသည်။
" ဒေါ်မြကို၌မှပင် ဟဲ့ကိုစို အခုတစ်လော ပွဲရုံလာတာ အခေါက်ရေစိတ်လှချည်လား"
"ဟုတ်တယ် ဒေါ်မြရေ သူများကုန်တွေလူကြုံရောင်းခိုင်းလို့လာရောင်းပေးနေတာနဲ့ ခပ်စိတ်စိတ်ဖြစ်နေတာ"
ကိုစိုနှင့်ဒေါ်မြတို့စကားစပ်မိကြ၍ ပွဲရုံ၌ယာဉ်မောင်းတစ်ယောက်လောက်ရှာပေးရန် ကိုစိုအား ဒေါ်မြမှ လူရှာခိုင်းလေသည်။
မိမိတို့၌ ကုန်များပို့ဆောင်ရန် ကားရှိသော်လည်း ယာဉ်မောင်းမရှိ၍အခက်ခဲဖစ်နေကြောင်းဆိုလေသည်။
"ဟာ ဒါများဒေါ်မြရယ် ကျုပ်ကိုစောစောကပြောရောပေါ့ ကျုပ်လုပ်မယ်ဗျာ ကျုပ်လည်းကားမောင်းတတ်နေတာဘဲ"
ကိုစိုသည်လည်း မန္တလေးမြို့၌ လုပ်ငန်းလုပ်ချင်နေသူဖြစ်၍ ရေကန်အသင့်ကြာအသင့်ဖြစ်သွားလေသည်။
"အေးလုပ်မယ်ဆိုလည်း လိုအပ်တာတွေယူပြီး မနက်ဘဲ ပွဲရုံလာခဲ့တော့လေ"
အိမ်သို့ပြန်ရောက်သော် ကိုစိုတစ်ယောက်မိမိအသုံးလိုသည့် ပစ္စည်းများအား ခရီးဆောင်အိတ်အတွင်းထည့်လေတော့သည်။မိခင်၊ဖခင်တို့အားလည်း မိမိတို့ကုန်ရောင်းနေကြ ပွဲရုံ၌ ယာဉ်မောင်းသွားရောက်လုပ်ကိုင်မည့်အကြောင်း အသိပေးလေ၏။
ယခုတစ်ခါ၌ မိဘများလည်း သား၏စိတ်ဆန္ဒပြင်းထန်နေမှုကြောင့် မတားကြတော့ပေ။
ဖခင်ကြီးဖြစ်သူမှ "အေးကွာ တားလည်းမင်းကသွားချင်စိတ်ပြင်းပျနေတော့ မတားတော့ပါဘူး လိမ်လိမ်မာမာနဲ့ ကြိုးစားပြီးလုပ်ပါလို့ဘဲ အဖေမှာလိုက်တော့မယ်"
မိခင်ဖြစ်သူမှာတော့ ဝင်ရောက်မပြောရှာပေ။သားဖြစ်သူ မိမိတို့နှင့်ခွဲခွာ၍ တခြားနယ်၌ သွားရောက်လုပ်ကိုင်မည်ကိုသိရ၍ ဝမ်းနည်းနေဟန်တူလေသည်။
"အဖေနဲ့အမေတို့ သားရွာထဲသွားလိုက်ဦးမယ်"ဆိုကာ ကိုစိုတစ်ယောက်ရွာထဲရှိ သူ၏သူငယ်ချင်းထွန်းလှအိမ်သို့သွားလေတော့သည်။
ကိုထွန်းလှအိမ်သို့ရောက်သောအခါ ကိုထွန်းလှတစ်ယောက် စပါးများနေလှမ်း၍နေလေသည်။
"ဟာ ထွန်းလှကြီးကြိုးစားလှချည်လားဟ"
"အမယ် ငစိုရ ဒီအလုပ်တွေ တစ်သက်လုံးလုပ်လာတာ မင်းကအခုမှလာပြီး အထူးဆန်းလုပ်ပြေလို့ စားပွဲပေါ်မှာ အကြမ်းအိုးနဲ့ လဖ္ဘက်အုပ်ရှိတယ် သောက်ရင်းခနစောင့်ကွာ ငါအလုပ်ပြီးတာနဲ့လာခဲ့မယ်"ပြောပြီးသူ၏အလုပ်အား ဆက်၍လုပ်နေလေသည်။
ကိုထွန်းလှလည်းမိမိလုပ်စရာတို့ပြီးလျှင် ကိုစိုထိုင်နေရာသို့လာထိုင်လေသည်။
"ကဲဆိုစမ်းပါအုန်း အိမ်တိုင်ရာရောက်လာပုံထောက်တော့ ဘာများပြောစရာတွေရှိနေလို့လည်း ငစိုရ"
ကိုစိုလည်း ကိုထွန်းလှအား ပြုံးစိစိနှင့်ကြည့်ကာ" ငါမန္တလေးက ငါတို့ကုန်တွေရောင်းနေကြပွဲရုံမှာ ယာဉ်မောင်းသွားလုပ်တော့မလို့ကွ"
ကိုထွန်းလှ အံ့အားသင့်သောမျက်လုံးများနှင့် ကိုစိုအားစိုက်ကြည့်မိလိုက်လေသည်။
(အပိုင်း ၄ဆက်၍ဖတ်ပေးပါရန်)
.
Msc No 179
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။