အပိုင်း ၁ ဖတ်ရှုရန်
အပိုင်း ၂ ဖတ်ရှုရန်
အပိုင်း ၃ ဖတ်ရှုရန်
ငစိုတစ်ယောက်တစ်ကယ်ပင် သွားရောက်လုပ်ကိုင်တော့မည့်ပုံပင်။ယခုပြောနေသည့်ပုံကား စနောက်၍ပြောနေသည့်ပုံမျိုးလည်းမဟုတ်ပေ။
" အေးပါကွာ လုပ်တာလည်းလုပ်ပေါ့ ရွာလည်း မကြာခန ပြန်လာပေါ့ ငစိုရာ။မင်းလည်းသိတဲ့အတိုင်း ဒီရွာမှာ အပေါင်းသင်းဆိုလို့ မင်းကိုသာအခင်ဆုံးပါကွာ"
ဟုတ်တော့လည်းဟုတ်ပေသည်။ကိုထွန်းလှကား ကိုစိုအပေါ်၌ အတော်ပင် အနွံနာခံ၍ပင် ပေါင်းသင်းလာသည့်သူပင်။ကိုစိုထက် အသက်အနည်းငယ်ကြီး၍လည်း ညီငယ်တစ်ယောက်ကဲ့သို့ ကိုစိုအား ဂရုစိုက်တတ်သေးပေသည်။
ဒါတွေကိုလည်းကိုစိုတစ်ယောက်သိပေသည်။ကိုထွန်းလှနှင့်ကိုစိုတို့ကား သူငယ်ချင်းများထက်ပင်ပိုကာ ညီအကိုနှစ်ဦးနှင့်ပင် တူ၍နေလေသည်။
နှစ်ဦးလုံးလူလွှတ်များဖြစ်ကြ၍ ပျော်ပွဲရွှင်ပွဲများသွားလာလျှင်လည်း နှစ်ဦးသား သွားလာတတ်ကြသူများပင်။
ကိုစိုကားမောင်းအလုပ်စတင်လုပ်ကိုင်သည့်နေ့၌ပင် ဒေါ်မြမှ သုံးစရာရှိလျှင်သုံးရန်ဟုဆိုကာ ငွေသုံးသောင်း လာပေးလေသည်။
ကိုစိုလည်း လိုရမယ်ရ ယူ၍ပင်ထားလိုက်လေ၏။
တစ်နေကုန်တစ်နေခန်း ကားမောင်း၍ ဂိုထောင်အမျိုးမျိုး ကုန်အမျိုးမျိုးတို့ ပို့ဆောင်ပေးရလေသည်။
ညနေနားနေချိန်ရောက်မှာသာ မိမိနားနေဆောင်အဖြစ် ဂိုထောင်အပေါ်ထပ်ခိုးလေး၌ နေရာရလေသည်။
နားနေချိန်များ၌မှု တစ်ယောက်တည်းဖြစ်၍ အထီးကျန်သလိုမျိးခံစားရလေသည်။
ကိုစိုတစ်ယောက် ရသမျှငွေလေးများအား ခြစ်ခြုပ်စုကာ ထားလေ၏။
ငွေစု၍သူဋ္ဌေးမဖြစ်နိုင်သော်လည်း ထိုစုထားသည့်ငွေများဖြင့် အရင်းအနှီး လုပ်၍ရသည်မဟုတ်ပေလော။
.
Crd-org-source
ကိုစိုအနေနှင့်လည်း စုဆောင်း၍မခင်ပေ။စားစရိတ်အားလုံးမှာ အလုပ်ရှင်မှ ကျခံပေးသောအခါ သူ့အတွက် အသေးစားအသုံးစရိတ်လေးများသာရှိနေသည်။
ကိုစိုနှင့် မတင်မေတို့သည်လည်း မကြာခနဆိုသလိုပင် အတူတွဲ၍ လုပ်ကိုင်လာသောအခါ တစ်ဦးပေါ်တစ်ဦး မသိမသာ သံယောဇဉ် တွယ်မိနေကြတော့သည်။
တရားဝင် ချစ်သူများမဖြစ်ကြသေးသော်လည်း တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်းဆုံလေတိုင်း သံယောဇဉ် အရိပ်တို့ကား ဖုံဖိထား၍မရနိုင်အောင် ပေါ်လွင်နေတတ်လေသည်။
.
(အပိုင်း ၅ ဆက်၍ဖတ်ပေးပါရန်)
.
Msc No 179
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။