မနက်ခင်းလင်းသည်နှင့် မျက်နှာပင်မသစ်သေး၊ ဖုန်းလေးဖွင့်၍ကြည့်မိလေ၏။
ကျွန်တော်တို့ msc ရွာလေး ဆူညံပူညံ အသံများထွက်ပေါ်၍နေပေသည်။
အကြောင်းရင်းသိရန်အလို့ငှါ ဝင်၍ကြည့်မိလေသည်။
တွေ့ရပါပြီကော bandwidtd ပြသနာ တက်၍နေကြချင်းဖြစ်ပေ၏။
ပထမဆုံး ပြသနာတက်သူကား ပင်။
.
အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု msc ရွာလေးတွင်းမေးမြန်းနေသည်အား တွေ့ရပေ၏။
သူပြလေသော ssလေးမြင်ရသော အခါ bandwidtd ကုန်နေကြောင်းတော့ သိလေသည်။ သို့သော် sp 53 bandwidth ကုန်ခြင်းကား ဖြစ်ခဲလှပေသည်။ "စဉ်းစားစရာပင်"
သိပ်မကြာခင်လေး၌ပင် လူစည်ကား၍လာတော့သည်။ သူသူငါငါ မိမိတို့ bandwidth အဘယ်၍ကျန်သည်အား စစ်ကြလေတော့သည်။
"ကြည့်ရှုပါလော့"
ကိုအောင်ဇော်ထွေးလည်း bandwidth ပြသနာတွင်းပါဝင်လေ၏။
.
နာရီပေါင်း ၉၀၀ ကျော်တောင် စောင့်ဆိုင်း၍ပြန်လည်အသုံးပြုရမည့် အခြေနေမျိုးဖြစ်နေလေသည်။
ကိုထွေးနှင့် ရှေ့ဆင့်နောက်ဆင့်ပင် မကြည်ရောက်၍လာပေ၏။မကြည်၏ ss အားလည်းကြည့်ရှုလော့။
.
နာရီပေါင်း ၆၁၆ ကျော် စောင့်ဆိုင်း၍ အသုံးပြုရမည့်ပုံ ဖြစ်၍နေတော့၏။
ကိုမိုးဇော်၏ ss အားကြည့်မိသောအခါ၌လည်း နာရီပေါင်း၅၂၅ နာရီစောင့်ရပေဦးမည်။
့.
တော်တော်များများ ဖြစ်နေကြသောအခါ၊မဖြစ်ချေတော့ မိမိ အကောင့်လေးလည်းသွား၍စစ်မိလေသည်။ "ဒုက္ခ"ကိုယ့်ကြမှပို၍ပင်ဆိုး၍နေပါတော့သည်။
.
နာရီပေါင်း ၁၈၅၀ ကျော်ကြီးများ စောင့်ဆိုင်းပြီးလေမှ ပြန်လည်အသုံးပြု၍ရမည့်ပုံပင်။
ဤသို့ဖြင့် မိမိတို့၏bandwidth အားတစ်ခါစစ်လျှင် နည်းနည်းချင်းပြန်လည်ပြည့်နေသည်အားတွေ့ရပေတော့၏။ steemit ဆာဗာကြောင်နေ၍ဖြစ်ကြောင်း ထိုအခါမှသိရပေတော့သည်။
နံနက်၉နာရီထိုးခါနီး၌မှ ပုံမှန် bandwidth ရာခိုင်နှုန်း ပြန်လည်၍ရောက်ရှိလာပါတော့သည်။
.
မနက်ခင်းက bandwidth ပြသနာလေးအကြောင်း ရေးသားထားခြင်းဖြစ်ပါသည်။
.
Msc No 179
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။