ဦးမြသာနှင့် ဦးလှထွန်းတို့သည် ခြံချင်းကပ်နေထိုင်ကြသူများဖြစ်ကြလေ၏။
ဦးလှထွန်းတို့မိသားစုကား စီးပွားရေးပြေလည်ကြသူများဖြစ်၍ ဦးမြသာတို့မိသားစုမှာမူ အသင့်တင့်သာမျှဖြစ်လေသည်။
တစ်နေ့ ဦးလှထွန်းမှ ဦးမြသာအား "ကိုမြသာရေ အရိပ်လေးလည်းရအောင် လေဒါဏ်မိုးဒါဏ်လည်း ကာကွယ်ပြီးသားဖြစ်ရအောင် အရိပ်ရ အပင်လေးများစိုက်ကြရင် မကောင်းဘူးလားဗျာ"
" ကောင်းတာပေါ့ ကိုထွန်းလှရေ နွေရာသိကြလည်း ပူရင် အပင်ရိပ်လေးရှိတော့သက်သာသေးတာပေါ့ဗျာ"
မည်သည့်အပင်အားစိုက်ကြမည်တိုင်ပင်ရွေးချယ်ကြရင်း နောက်ဆုံး၌ အချိန်တိုတွင်းအရိပ်အမြန်ရရှိသည့် ဗံဒါပင်အားစိုက်ကြလေသည်။
ဦးလှထွန်းကား စီးပွားရေးပြေလည်သူပီပီ သူစိုက်ပျိုးထားသည့် အပင်များအား မြေသြဇာမှအစ လိုအပ်သည့် အထောက်ပံ့တို့ ဝယ်ယူကျွေးမွေး၏။
ဦးမြသာမှာ မိမိအပင်များအား သာမန်သာလျှင်စိုက်ပျိုးခြင်းပြုလေသည်။မနက်တစ်ခါရေလောင်းပေးခြင်း၊ညနေတစ်ခါရေလောင်းခြင်းဖြင့် မိမိအပင်တို့အား သာမန်ပင် ရှင်သန်ကြီးထွားစေလေသည်။
ဤသို့ဖြင့်သူတို့နှစ်ဦးစိုက်ပျိုးထားသည့် အပင်များမှာ အတော်လေးပင် အရွယ်ရောက်၍ အတန်သင့်အရိပ်အာဝါသတို့ရရှိနေတော့၏၊၊
စိုက်ပျိုးကြသူနှစ်ဦးမှာလည်း မိမိတို့အပင်လေးများအားကြည့်ကာ ပြုံးရွှင်နေကြလေသည်။
တစ်နေ့၌ လေပြင်းများဝင်ရောက်တိုက်ခိုက်ခြင်းနှင့်ကြုံတွေ့ရပေတော့သည်။
ဦးလှထွန်းစိုက်ပျိုးထားသည့်အပင်များမှာ လေပြင်းဒဏ်မခံနိုင်၍ အားလုံးလိုပင် အတုံးရုန်းလဲကြကုန်လေတော့သည်။ သခင်၏ဂရုစိုက်မှု၊ထောက်ပံပေးမှုများအား အလွန်အကျွံ ယူထားမိသည့်အပင်လေးများသည်
အမြစ်များခိုင်မာအောင် မည်သို့မည်ပုံ ကြိုးစားရမည်ကို မသိသောကြောင့်ပင်ဖြစ်လေတော့သည်။
ဦးမြသား၏အပင်များကား ရှင်သန်မြဲ၊စိမ်းစိုမြဲပင်။ပုံမှန်ပင် စိုက်ပျိုးပေးခြင်းကြောင့် မိမိအားကိုမိမိကိုး၍ပင် မြေအောက်အမြစ်များခိုင်မာစေရန် ကြိုးစားအားထုတ်ထားသောအကျိုးကျေးဇူးကြောင့် ယခုကဲ့သို့လေဒါဏ်မိုးဒါဏ်များအား လွယ်ကူစွာပင် ကျော်ဖြတ်နိုင်လေသည်။
.
Msc No 179
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။