အပိုင်း (၃)
´´ အမေကြီးကြည် ...အမေကြီးကြည်.. .``
ဝေး.. ဘယ်သူတုန်း
အောင်ထူးပိုင် ကျောင်းသွားပြီလား
အေး..သူငယ်ချင်း မသွားရသေးဘူး ရှိတယ် လာလေကွာ ထမင်းကြမ်းစားနေတာ မင်းရောပြီးပြီလား စားအုန်းလေကွာ
အေး..တော်ပြီသယ်ချင်း စားပြီးခဲ့ပြီ ငါကျောင်းသွားတော့မလို့ မင်းကို ဝင်ခေါ်တာ....
အေးအေး ပြီးတော့မှာ ခဏလေး
မနက်စာ ထမင်းပါစား အဖြူစိမ်းဝတ်ပြီး လွယ်အိတ် ပါလွယ်ပြီး နှစ်ယောက်သားကျောင်းသို့လာခဲ့သည်။
မင်း ဆရာမက အိမ်စာတွေလုပ်ပြီးပြီလား
နေလင်းအောင်ရဲ့ ရုတ်တရက်မေးခွန်းကြောင့်... သူ အတန်ကြာစဉ်းစားပြီး ...
ဪ...အေး.... ဟုတ်သားပဲ ငါမေ့နေတာ ပြောပြအုန်း ဘယ်လေ့ကျင့်ခန်းတွေကလဲ
. ဟောဒီမှာ အဲဒါတွေပဲ
အေး....အေး.... ငါတွတ်လိုက်အုန်းမယ်ကွာ မကစားတော့ဘူး
ငါလဲကစားလို့မရဝေးဘူး ဒီနေ့ ငါ့အသင်းနေ့ကွ သန့်ရှင်းရေးလုပ်ရအုန်းမယ်
ဪ...အေး ဟုတ်သားပဲ
ပြီးရော့ကွာ ငါဒီအိမ်စာတွေပြီးရင် မင်းကိုကူလုပ်ပေးမယ်ကွာ ဟုပ့လား
ရပါတယ်ကွာ...... မင်းသာအိမ်စာတွေပြီးအောင်လုပ် ကြားလား ငါသွားမယ်
အေး.အေး......
ကျောင်းပိတ်ရက်မို့ ဆရာမ ကအိမ်စာတွေပေးလိုက်တာကို မေ့နေလိုက်တာ ......
အိမ်စာတွေ လုပ်ရင်း မေ့မေတတ်သော စိတ်ကို ဆုံးမနေသည်..။ထိုစဉ်.....
ကလပ် ခွမ့် ဂျိမ်း.......
ဟာ... ဘာလဲဟ့ လန့်လိုက်တာ
ဟင်....
နှင်းနှင်းဖြူ ကျောင်းလာပြီး အခန်းဖွင့်နေစဉ် တံခါးပေါက်မှ အသံမြည်နေခြင်းဖြစ်သည်...။
အဟင့်..ဟင့်...ကြောက်တတ်လိုက်တာ ယောက်ျားလေးဖြစ်ပြီး...
ဟာကွာ...နင်ကလည်း လာမယ်ဆို အသံလေးဘာလေး ပေးလာပေါ့ ခုတော့ ဘာသံမှမကြားပဲနဲ့ဆိုတော့ လန့်သွားတာပေါ့.....။
နင်ဘာတွေရေးနေတာလဲဟင်
ကောင်မလေးဘက်က စမေးနေခြင်းဖြစ်၍ စိတ့်ထဲ အတော် ဘဝမြင့်သွားသည်။
အေး .ဒီလိုပါပဲ အိမ်စာတွေ မပြီးသေးလို့လုပ်နေတာ
ဟင်.. အိမ်စာ
အေးလေ...ဘာဖြစ်လို့လဲ
ဟင် ငါက မပြီးသေးဘူး သွားပြီ ကျောင်းကလဲ တတ်တော့မယ် ဒုက္ခပါပဲ
သူလဲမပြီးသေးဘူးကိုး....
ဆရာမ ကမပြီးသေးရင် ရိုက်တတ်လေ့ရှိသည်။ သူအရိုက်ခံရတော့မည်..။
နှောင်.....နှောင်......နှောင် နှောင်
ဟိုး ကွက်တိပဲ အချိန်က စာပြီးတာနဲ့
အိမ်စာပြီး၍ ကျေနပ်နေသော အပြုံးတို့ဖြင့် ကျောင်းတတ်စ မနက်ခင်းလေးကို မင်္ဂလာရှိရှိဖြင့် ............။