ဘဝမှာ အရင်တုန်းကဆို အပေါင်းအသင်းအများကြီးနဲ့နေရတာ ကြိုက်တယ်..တစ်နေရာရာ သွားတာဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ ဖြစ်ဖြစ် တစ်ယောက်ယောက်မပါရင် မသွားဖြစ် မလုပ်ဖြစ်တော့ဘူး...အပေါင်းအသင်းအသင်းအရမ်းမက်လေတော့ ဘဝမှာ လုပ်ချင်ခဲ့တာတွေကောင်းကောင်းကိုမလုပ်ခဲ့ရဘူး...သင်တန်းတက်ချင်လို့ သူတို့ ကိုခေါ်တယ် အဲ့မှာ စပီး နေရာ ဝေးတာနဲ့ သင်တန်းမကြိုက်တာနဲ့ စပီး ပြသနာစပါလေရော...သင်တန်းကြိုက်သွားပီ အပ်လည်းအပ်ပီ စတက်ပီဆိုတာနဲ့ စပီ ဇာတ်လမ်းက အချိန်မှန်ရောက်မလာတော့ စောင့်ရတာ နဲ့ ပီးရင် တစ်ရက် လောက်တက်ပီး နေမကောင်းဘူး အကြောင်းပြ ပျင်းတယ် အကြောင်းပနဲ့ နောက်ဆုံးတစ်ပတ်မခံ ပဲ သင်တနိးကဆက်မတက်ဖြစ်တော့ နောက်ဆုံးပိုက်ဆံကုန်တာပဲ အဖတ်တင်လို့....
ကိုယ် က ခရီးသွားရတာ ဝါသနာပါတော့ ခရီးသွားမယ်ပေါ့ ရှိတဲ့သူငယ်ချင်းတွေ စုစုစည်းစည်းနဲ့...စတိုင်ပင်ခကတည်းက ငါ့ပိတ်ရက်ကအဲ့ရက်မဟုတ်ဘူး ငါ့အလုပ်က ပျက်လို့မရဘူး ပိုက်ဆံမရှိ ဘူးဟ...ဆင်ခြေပေါင်းသောင်းခြောက်ထောင်နဲ့ နောက်ဆုံးခရီးသွားချင်တဲ့ plan လည်းပျက်ပါလေရော...ဒီလိုနဲ့ ပဲ နောက်ပိုင်း ဘဝမှာ တစ်ခုခု လုပ်တော့မယ်ဆို ဘယ်သူ့အပေါ်မှာမှ မမှီခိုချင်တော့ ဘူး...ငါခရီးသွားချင်တယ် Ok ငါ့မှာပိုက်ဆံ လည်းရှိတယ် ရုံးကလည်းခွင့်ရတယ်...Ok ကိုယ်သွားချင်တဲ့နေရာ စဉ်းစားတယ် budget တွက်တယ် ပီးရင် facebook က Review တွေရှာတယ် အားလုံးအဆင်ပြေတယ်ဆိုရင် လက်မှတ်ချကိချင်း သွားဝယ်တယ်...ပီးရင် တစ်ယောက်တည်းသွားတယ်...ဒီလိုပဲ သင်တန်းတက်တော့မယ်ဆိုလည်း ကိုယ်ဘာသင်တန်းတက်ချင်တာလဲ စဉ်းစားတယ် သင်တန်းကောင်းကောင်းကို စုံစမ်းတယ် အဆင်ပြေပီ ဆိုတာနဲ့ သွားအပ်တယ် တစ်ယောက်တည်းတက်တယ်...ဒီလိုနဲ့ ပဲ တစ်ယောက်တည်းနေရတာ အသားကျလာတယ်....ဘယ်သူ့အပေါ်မှလည်း မှီခိုရတာ မကြိုက်တော့ဘူး...လွတ်လပ်မှုကိုလည်းပိုမြတ်နိုးလာတယ်...ရုံးက သူဋေး ပြောတဲ့ စကား လိုပဲ ငါဘယ်သူ့အပေါ်မှာမှ မှီခိုပီ အလုပ်လုပ်နေမှာမဟုတ်ဘူး...သူရှိမှ ဒီအလုပ်ကို လုပ်ရမယ်ဆို ငါဘယ်လိုသွားလုပ်မလဲ...ငါ့အတွက် အမြဲတမ်း second plan ဆိုတာ အမြဲရှိတယ်..ငသူမရှိလည်း ဒီအလုပ်ကို လုပ်လို့ရနေရမယ်...
သူရှိနေမှ လုပ်လို့ရမယ်ဆိုတာမျိုးလုံးဝမဖြစ်စေရဘူးတဲ့...ကျွန်တော်လည်း နောက်ပိုင်းဘယ်သူ့အပေါ်မှာမှ မှီခိုခြင်းမရှိတဲ့ ရပ်တည်မှုမျိုးနဲ့ပဲ ရှင်သန်ဖို့ကြိုးစားမယ်...