(၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်း၌
လူတစ်ဦး ဓာတ်လိုက်သေဆုံး
ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု၊
(၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းမှ
လူတစ်ဦးဓာတ်လိုက်သေဆုံး၍
မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း
ဆေးရုံကြီးမှ ပြင်စာရဲစခန်းသို့ ဧပြီ ၄ ရက် ည ၉နာရီခွဲအချိန်က
အကြောင်းကြားချက်အရ ပြင်စာရဲစခန်း
စခန်းမှူး ရဲအုပ်ဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊
ပြင်စာကျေးရွာမှ ဦးချစ်ကိုကို၊ ဦးမောင်ချိုတို့နှင့်အတူ
မန္တလေးဆေးရုံကြီးသို့ သွားရောက်စစ်ဆေးရာ
(၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းမှ
ဝန်ထမ်းဖြစ်သူ ချစ်ပို(၁၈)နှစ် တအုံကျေးရွာ၊
ဝက်လက်မြို့နယ်နေသူသည် ဓာတ်လိုက်ပြီး
လဲကျရာမှ ဦးခေါင်းနောက်စေ့ ဖူးရောင်ပေါက်ပြဲဒဏ်ရာဖြင့်
သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။
ထို့နောက် စခန်းမှူး ရဲအုပ်ဝင်းဗိုလ်နှင့် အဖွဲ့သည်
အခင်းဖြစ်နေရာသို့ သွားရောက်၍
ချစ်ပိုနှင့်အတူ အလုပ်လုပ်ကိုင်နေသူ ရဲဝင်းအောင် (၂၄)နှစ် (ဘ)ဦးအောင်မြင့်၊ မပတ(မမှတ်မိ)၊
(၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းနေသူအား
စစ်ဆေးမေးမြန်းရာ . . .
၎င်းနှင့်ချစ်ပိုတို့သည်
အပန်းဖြေစခန်းအတွင်း
အရှေ့ဘက်ရှိ အမြင့် (၂၀)ပေခန့် ကွန်ကရစ် ဓာတ်မီးတိုင်၏
(၅)ပေခန့်အမြင့်ရှိသည့် မိန်းဘုတ်ခုံကို
ရေမောင်းရန်အတွက် မီးခလုတ်ဖွင့်စဉ်
မီးကြိုးပြတ်နေသည့်အတွက် မီးကြိုးဆက်ရာ
လက်ဖြင့် မီးကြိုးအား ကိုင်မိပြီး ဓာတ်လိုက်၍
လမ်းပေါ်သို့ နောက်ပြန်လန်ကျပြီး
(၁)လက်မခန့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့်
မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ
ဆေးကုသခံမှုနေစဉ် သေဆုံးကြောင်း စစ်ဆေးသိရှိရသည်.