ကျော်ကြားတဲ့ သမိုင်းအခြေပြုဇာတ်ကားများ
ရုပ်ရှင်ဇာတ်ကားတွေဆိုတာ ကြည့်ရှုသူပြည်သူလူထုကို အနုပညာကနေတစ်ဆင့် သတင်းမတ်ဆေ့တွေ ပေးတာဖြစ်ပါတယ်။
ဒါကြောင့် ရုပ်ရှင်ဇာတ်ကားတွေဟာ အလွန်အရေးပါတဲ့ မီဒီယာလုပ်ငန်းဆောင်တာတစ်ခုဖြစ်ပြီး ကြည့်ရှုသူတွေအတွက်လည်း အရေးပါလှပါတယ်။ ဇာတ်ကားတွေထဲမှာ ဟာသ၊ ဖျော်ဖြေရေး၊ အချစ်၊ သမိုင်းအခြေပြု အစရှိသဖြင့် ဇာတ်ကား၊ ဇာတ်လမ်းမျိုးစုံရှိပြီး သမိုင်းအခြေပြု ဇာတ်ကားတွေက အရင်ကဖြစ်တည်ခဲ့တဲ့ သမိုင်းကြောင်းအချက်အလက်တွေကို ထည့်သွင်းရိုက်ကူးရတာဖြစ်တဲ့အတွက် ပိုပြီး တာဝန်ကြီးလှပါတယ်။ ဒါပေမယ့် ကြည့်ရှုသူတွေအတွက်တော့ သမိုင်းအခြေပြု ရုပ်ရှင်ဇာတ်ကားတွေဟာ ဆွဲဆောင်မှုကောင်းပြီး အကျိုးရှိလှပါတယ်။ ဒါကြောင့် WowBox ပရိသတ်တွေ ပြန်လည်လေ့လာကြည့်ရှုနိုင်ဖို့ ကျော်ကြားတဲ့ သမိုင်းအခြေပြု ရုပ်ရှင်ဇာတ်ကားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Kundun
ဒီဇာတ်ကားကို အမေရိကန်ဒါရိုက်တာ Martin Scorsese က ရိုက်ကူးထားတာဖြစ်ပြီး တိဗက်ဒေသရဲ့ ၁၄ ယောက်မြောက် ဒလိုင်းလားမားဖြစ်တဲ့ Tenzin Gyatso ရဲ့ ဘဝအကြောင်းကို အခြေတည်ကာ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်ကားအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၈ သန်းရှိခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၅ သန်းကျော်ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
၂။ Hotel Rwanda
၂ဝဝ၄ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ ဗြိတိန်-အီတလီ-တောင်အာဖရိက သမိုင်းအခြေပြု ဇာတ်ကားဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါဒေသလူမျိုးတုံးသတ်ဖြတ်မှုအကြောင်းကို အခြေတည်ကာ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အိုင်ယာလန်ဒါရိုက်တာ Terry George က ရိုက်ကူးခဲ့တာဖြစ်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
၃။ Gandhi
အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဗြိတိန်ဒါရိုက်တာ Richard Attenborough က ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပြီး ၁၉၈၂ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၂ သန်းအသုံးပြုခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၂၇ သန်းကျော်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
၎။ The Last Emperor
အီတလီဒါရိုက်တာ Bernado Bertolucci က ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပြီး တရုတ်နောက်ဆုံးမင်းဆက်ဖြစ်တဲ့ Puyi ရဲ့ ဘဝကို အခြေတည်ကာ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄ သန်းရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
၅။ Der Untergang
နာဇီခေါင်းဆောင် Adolf Hitler ရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ၂ဝဝ၄ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။၁၉၄၅ ခုနှစ်အတွင်းက ဖြစ်စဉ်တွေကို ရိုက်ကူးထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၂ သန်းကျော် ဝင်ငွေရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။