မိုးတွေရွာတဲ့ မိုးရာသီလေး
ရောက်လို့လာပြန်တော့
ငယ်ငယ်ကအကြောင်းတွေ ပြန်ကာတွေးမိ
ဒီလိုချိန်ဆို ကျောင်းဝင်းတွင်းမှာ
စိန်ပန်းပင်ကြီးတွေလည်း ဖူးပွင့်လို့နေပြီလေ
အဖြူအစိမ်းလေးတွေ ကိုယ်စီဝတ်လို့
ကျောင်းတော်ကြီးထဲ ပညာလည်းသင်ရင်း
ခုန်ပေါက်ဆော့ကစားကြတာတွေ
ပြန်လည်တမ်းတနေမိတယ်
Photo credit