Myanmar Steemit Community အဖွဲ့ ဝင်များအားလုံး မင်္ဂလာပါ
ကျွန်တော်တို့  ကုမ္ပဏီဝင်းထဲမှာ လူအများချစ်ကြတဲ့ ခွေးမလေးတစ်ကောင်ရှိပါသည်။ဒီခွေးမလေး ရဲ့ နာမည်ကတော့ ပုလုံးမ လေးလို့  လူများကချစ်စနိုးနဲ့  ပေးကြတာပါ။နာမည်နဲ့ လိုက်အောင် အရပ်ပုပု၊ခန္ဓာကိုယ်ကလဲလုံးလုံးလေးပါ။ချစ်စရာကောင်း တဲ့အကျင့်လေးတွေရှိတယ် သူများကို ရန်မလို တတ်ဘူး။လူကိုလဲ ဟောင်ခြင်း ၊ ကိုက်ခြင်း မရှိဘူး။အခြား ခွေးလေးတွေနဲ့ စာရင် ပုပြီး သေးတော့ ချစ်စရာ ပိုကောင်း နေသလား ၊သူ့ ရဲ့အကျင့်ကလဲ ဘယ်သူပဲလာလာ အနားလာပြီးအမြီးတလှုပ်လှုပ်နဲ့  ခရနေတတ်တာ မုန့် ကျွေးရင် သူမစားရရှာပါ အခြားခွေးလေးတွေက စားသွားကြတယ်။သူက အကောင်သေးတော့ အကောင်ကြီးတဲ့ ခွေးအထီးတွေကို ကြောက်ရတယ်။ဒါကြောင့် သူ့ ကို အစာကျွေးရင် အခြားနေရာခေါ်ပြီးကျွေးရတယ်။
သူ့ ကဗိုက်တစ်လုံးနဲ့  ပါ ဗိုက်ကလေးက လုံးနေတာ ကိုယ်ဝန်နဲ့ ဆိုတော့ သူ့ ကိုချစ်တဲ့ လူတွေက အစာပိုကျွေးကြတယ်။အစာဝမှာ ခွေးသေးသေးလေးတွေ ကောင်းကောင်းမွန်မွန်မွေးနိုင်မှာလေ။ သူ့ ကိုချစ်တဲ့ လူတွေများတော့ သူ့ ဗိုက်ကတော့ အမြဲပြည့်ပါတယ်။ မနက်ခင်းပိုင်း သာ သူ့ အတွက် အစာ ကျွေးမယ့်သူမရှိတာ နေ့ ခင်းပိုင်းကတော့ ဘယ်အခန်းမှာ သွားစားမလဲ၊သူ့ အတွက် အစာကျွေးမယ့်သူက ရှိပြီးသား ၊နေ့ ခင်းဘက်ရုံးတက်တဲ့သူတွေများတော့ သူ့ အတွက်တော့ ကြိုက်ရာ စားပေါ့။သူ့ ကိုချစ်တဲ့ ဝန်ထမ်းတွေ ဟာ နေ့ ခင်းစာအတွက် ထမင်းထည့်တဲ့အခါ သူ့ အတွက်ပါ ပိုထည့်လာကြပါသည်။ပုလုံးမ လေးကို ချစ်ကြတာ လူတိုင်းလိုလို ပါပဲ။ ရုံးထဲမှာ သူ့ တစ်ကောင်ပဲရှိတာ လားမဟုတ်ပါ ခွေးတွေ အများကြီးရှိပါတယ်။သူ့ ကို ဘာကြောင့်လူတွေဝိုင်းချစ်ကြလဲ ဆိုတာကတော့ သူ့ ရဲ့ကံကြောင့် ဖြစ်ပါလိမ့်မည်။
သူ့ ဗိုက်က တစ်နေ့ တခြား ကြီးလာပြီး မွေးတော့မယ့် အနေအထား ရောက်နေပါပြီ ။ဘယ်နေ့ မွေးမယ်ဆိုတာသာ မသိကြရတာပါ။သိပ်မကြာပါဘူး ၉ ကောင်ကို ကောင်းမွန်မွေးနိုင်ခဲ့ပါသည်။ သူ့ က အထီး ၄ ကောင် နဲ့  အမ ၅ ကောင် စုစုပေါင်း ၉ ကောင်မွေးနိုင်ခဲ့ပါသည်။ ခွေးလေးတွေ မွေးပြီးသော်လည်း သူ့ ကလေးတွေလာကြည့်တဲ့ လူတွေကို ရန်လိုခြင်း၊ဟောင်ခြင်း၊ကိုက်ဆွဲခြင်း ဘာတစ်ခုမှ မလုပ်ပါ။ပုလုံးမ လေးကို ဒါကြောင့် လူအများချစ်ကြတာ၊ ခွေးကြောက်တဲ့ မိန်းမတွေကတောင် သူ့ ကိုချစ်ကြတဲ့ အထိပါပဲ။ခွေးပေါက်လေးတွေလဲ ယူချင်ကြတဲ့ သူတွေ ရှိပါတယ်။ ခွေးလေးတွေ က တစ်လသား မပြည့်သေးလို့ စောင့်နေကြတာ တစ်လပြည့်ရင်တော့ ခွေးပေါက်လေးတွေ ဘယ်သူယူသွားတယ်ဆိုတာတောင် သိလိုက်ရမည်မဟုတ်။
ပုလုံးမ မိသားစု ဘဝလေးသာသာယာယာ အစာအတွက် ရှာဖွေနေစရာမလို ၊စားချိန်ရောက်ရင် မွေးမယ့်သူ အဆင်သင့် ၊ခွေးသေးသေးလေးတွေကလဲ အမွှေးရှည်ရှည်လေးတွေနဲ့  ချစ်စရာလေးတွေပါ။ပုလုံးမ နေတာက နှစ်ထပ်ဆောင် လှေခါးအောက်မှာနေတာ သူ့ နေတဲ့နေရာနဲ့ ကပ်လျက်မှာ ကားဆရာ တစ်ယောက်နေပါတယ်။ကားဆရာနဲ့  သူက ပိုရင်းနှီးတယ်လို့ ပြောရမယ်။ကားဆရာ သွားတဲ့နေရာတိုင်းလိုက်တယ်။ကားဆရာ ဘယ်မှ မသွားတဲ့ နေ့ ဆိုရင် အခြားသူတွေရဲ့နောက်လိုက် တာပါပဲ ။အစာကျွေးစေချင်လို့ လိုက်တာမဟုတ်ပါ။ ဒါက သူ့ ရဲ့အကျင့်လေးပါ။ပုလုံးမ ကံမကောင်းတဲ့ နေ့  လို့ ထင်ပါတယ် ကားဆရာ က လမ်းကြောင်းရှိလို့  ကားမောင်းထွက်တဲ့အခါ လိုက်ပါသွားခဲ့ပါတယ်။ ကားက ရုံးအပြင်ကို မထွက်သေးပါ ရုံးအတွင်းမှာသာ ရှိနေပါသေးတယ်။ကားဆရာ မန်နေဂျာ ရုံးခန်း မှာ ပစ္စည်းဝင်ယူနေစဉ်အတွင်း မှာ ပဲ ပုလုံးမ ကားအောက်သို့ ဝင် ဝပ်နေခဲ့ပါတယ်။ပုလုံးမ ကားအောက်မှာရှိနေတာ ဘယ်သူမှ မသိပါ။ကားဆရာလဲ ပစ္စည်းယူပြီး ကားပေါ်တက် ကားမောင်းထွက်တဲ့အခါ ပုလုံးမ ကို ကြိတ်မိလိုက်ပါပြီ။ကားဆရာလဲ သူ့ အလုပ်နဲ့ သူဆိုတော့ သတိမထားမိလိုက်တာနဲ့ တူပါတယ်။ကားဆရာ ကားပေါ်ကဆင်းကြည့်တဲ့အခါ ပုလုံးမ သေနေပါပြီ။ရုံးအတွင်းမှာမို့  ပုလုံးမကို ချစ်တဲ့သူတွေ လာကြည့်ကြတာ အများအပြားပါပဲ။ ပုလုံးမ ကိုချစ်တဲ့ သူတွေ နှမြောတသ ဖြစ်နေကြတော့တာပေါ့။အစာကျွေးမယ့်သူ တွေပေါများသလို ချစ်ခင်ကြတဲ့သူတွေလဲပေါဆိုတော့ ပုလုံးမ ကံကောင်းလိုက်တာလို့  ပြောရမှာပါ။အခုတော့ကံဆိုးစွာနဲ့  ကားကြိတ်လို့ သေဆုံးသွားခဲ့ပါပြီ။ကျန်ခဲ့တဲ့ သူ့ ကလေးတွေကိုတော့ သူရှိစဉ်ကလိုပဲ အစာကျွေးနေကြတုန်းပါ။သူ့ အဖြစ်ကိုကြည့်ပြီး ကံကောင်းခြင်းတွေ လာပြီးရင် ကံဆိုးတွေ လဲ လာတတ်တယ်ဆိုတာ သိလိုက်ရပါတယ်။
ဒီအထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။
အားလုံး လိုအင်ဆန္ဒပြည့်ဝကြပါစေ။
Author>>
photos credit;google image
MSC-017